29 April 2010
မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတကာရဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်းအပေါ် တင်းကျပ်မှုတွေ လုပ်လာနိုင်တယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှု အဖွဲ့ကြီးက ပြောပါတယ်။ ဒါ့အပြင် အဖမ်းဆီးခံထားရတဲ့ ဒေသခံ လူမှုကူညီရေး လုပ်သားတွေ ပြန်လွတ်လာဖို့ အတွက်လည်း အလှူရှင် နိုင်ငံတွေက ကြိုးစားသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့က FCCT နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ လုပ်တဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
လက်ရှိအားဖြင့် နိုင်ငံတကာက လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ အရင်ကထက် ပိုပြီး အကန့်အသတ် ရှိလာသလို နိုင်ငံခြား က ကူညီရေး လုပ်သားတွေ မြန်မာနိုင်ငံ ဗီဇာရဖို့ အခက်အခဲတွေပါ ကြုံနေရတယ်လို့ HRW အဖွဲ့က ထောက်ပြပါတယ်။ ဒီကနေ့ သတင်း စာ ရှင်းလင်းပွဲမှာပဲ နာဂစ်အလွန် အစိုးရရဲ့ ချုပ်ကိုင်မှုနဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ အခြေအနေဆိုတဲ့ HRW ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပါ တယ်။ ဒီအတွက် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေရော ပြည်တွင်းက ဒေသခံ ကူညီရေး အဖွဲ့တွေကိုပါ မေးမြန်းပြီး ရေးသားပြုစုခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ မေ နာဂစ်မုန်တိုင်း တိုက်ပြီးပြီးချင်းမှာ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ရှိတာကြောင့် နိုင်ငံခြားက အကူအညီပေးရေး လုပ်ငန်း တွေကို အာဏာပိုင်တွေက အထူး တင်းကျပ်ခဲ့သလိုမျိုးပဲ အခု လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကူညီရေး လုပ်ငန်း တွေဟာ နှောင့်နှေးမှုတွေ ကြုံလာရတယ်လို့ HRW အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က ဗွီအို အေ မြန်မာပိုင်းကို ရှင်းပြခဲ့ပါတယ်။
“အခုဆိုရင် သူတို့အနေနဲ့ အစိုးရ ဗျူရိုကရေစီ စနစ်ကြောင့် အရင် သဘောတူညီထားတဲ့ လုပ်ငန်းတွေမှာ ပိုလို့ နှေးကွေးမှုတွေ ကြုံနေရ ပါတယ်။ နိုင်ငံကူးဗီဇာ အခက်အခဲ၊ နိုင်ငံခြားက ကူညီရေး လုပ်သားတွေ လာဖို့ အခက်အခဲတွေ ကြုံရပါတယ်။ အရင် ဖွဲ့စည်းပုံ အ တည်ပြုရေး လူထုဆန္ဒခံယူပွဲ မတိုင်ခင်တုန်းက အလားတူ အခြေအနေ အကျပ်အတည်းတွေ ကြုံရတာမို့ အခု ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ဒီလို နိုင်ငံခြားသား ကူညီရေး လုပ်သားတွေကို တင်းကျပ်တာမျိုး အခက်အခဲတွေ ကြုံလာရမှာကို စိုးရိမ်မိပါတယ်။”
ဒီအတွက်လည်း သူတို့ထုတ်တဲ့ အခု အစီရင်ခံစာမှာတော့ နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ ဒီလို အကျပ်အတည်း၊ အဟန့်အတားတွေ ဖြစ်နေတာကို စစ်အစိုးရကို ဖိအားပေး ပြောဆို ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ မစ်စ် ပီယာစန်က ပြောပြပါတယ်။
“မြန်မာနိုင်ငံ အခြားနေရာတွေက လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်နေတာကို ဖိအားပေး၊ တွန်းအားပေး ဖြေရှင်းကြဖို့ အလှူရှင် နိုင်ငံတွေကို အကြံပြု တိုက်တွန်းလိုပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသမှာတော့ တစုံတရာ လုပ်ငန်းအောင်မြင်မှုတွေ တွေ့ရပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံ အခြားနေရာတွေမှာတော့ ဒီအတိုင်း ဖြစ်မနေပါဘူး။
“ဒါ့အပြင် လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေးကို အကာအကွယ် ပေးနိုင်တဲ့ စနစ်တရပ် ထားရေး စဉ်းစားဖို့ လည်း အလှူရှင် နိုင်ငံတွေကို တောင်းဆိုပါတယ်။ အစိုးရ အေဂျင်စီ အဖွဲ့တွေနဲ့တင် မဟုတ်ဘဲ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး အဖွဲ့တွေကိုလည်း ဆက်ပြီး ကူညီ ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်တွင်း ပြည်ပ အင် တိုက်အားတိုက် လုပ်ခဲ့ကြပေမဲ့လည်း နေရာ အတော်များများမှာတော့ ပြန်လည်အခြေချ နေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေး အပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးလို အခြေခံ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ HRW က ပြောပါတယ်။ ဒါကြောင့် အခုလို နောက်ပိုင်းမှာ နိုင်ငံတကာ လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ နှောင့်နှေးသွားအောင် လုပ်တာကြောင့် ဒါဟာ ဒုက္ခရောက်နေတဲ့ မြန်မာလူထုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
နာဂစ်ကယ်ဆယ်ရေး ပြည်တွင်း ပြည်ပ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အတိုင်းအတာ တစုံတရာ အောင်မြင်တာတွေ ရှိပေမဲ့ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး လုပ်သူတွေ အခြိမ်းခြောက်ခံ၊ အဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့လည်း မစ်စ် ပီယာစန်က ပြောပါတယ်။
“အောင်မြင်မှုတွေ ရှိခဲ့တယ် ဆိုသလိုပဲ အခြားတဘက်မှာ ထိခိုက်နစ်နာမှုမျိုးတွေလည်း ရှိပါတယ်။ အစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေ အပေါ် ဝေဖန်တဲ့ လူသားချင်း စာနာကူညီရေး ဒေသခံ လုပ်သားအချို့ ဖမ်းဆီး ထောင်ချခံရတာမျိုးတွေ ရှိပါတယ်။”
ဆိုင်ကလုံးမုန်တိုင်း အပြီး လူမှုကူညီရေး လုပ်ငန်းတွေ ပါဝင်လုပ်ကိုင်ခဲ့ကြတဲ့ အနုပညာရှင် ဇာဂနာ အပါအ၀င် ကူညီရေး လုပ်သားတွေ၊ သတင်းသမားတွေ အနည်းဆုံး ၂၈ ဦး ဖမ်းဆီး ထောင်ချခံခဲ့ရတယ်လို့ မစ်စ် ပီယာစန်က ပြောပါတယ်။ ဒါကြောင့်လည်း ဒီလို အကူအညီ ပေးခဲ့တဲ့ လူမှုလုပ်သားတွေ ပြန်လည်လွတ်မြောက်လာဖို့ နိုင်ငံတကာ အနေနဲ့ စစ်အစိုးရကို တွန်းအားပေးသွားဖို့ လိုမယ်လို့လည်း HRW က ပြောပါတယ်။
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးတွေနဲ့ ပတ်သက်လို့ TCG လို့ ခေါ်တဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ လုပ်ငန်းတွေ ဟာ အောင်မြင်မှု ရခဲ့တယ်၊ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ အထူးသဖြင့် အာဆီယံ အသင်းကြီးဘက်က မကြာမကြာ ပြောလေ့ရှိပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက အခုလို အောင်မြင်မှု တစိတ် တပိုင်းကို အသိအမှတ် ပြုကြပေမဲ့ ငွေကြေးသုံးစွဲမှုပိုင်း၊ အကူအညီ ဖြန့်ဝေမှုပိုင်းတွေမှာတော့ သံသယ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် အခု HRW က ပြောနေသလို တဘက်မှာ အလှူရှင်တွေ၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်း ပိုင်းတွေမှာ လူ့အခွင့်အရေး ကာကွယ်မှုစနစ် ထားရှိရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စောင့်ကြည့် စစ်ဆေးမှုပိုင်းတွေမှာတော့ တစုံတရာ အားနည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-04-29-voa3.cfm
Thursday, April 29, 2010
နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
No comments:
Post a Comment