Saturday, May 15, 2010
ဒလ ရေပြတ်မှု ဆိုးရွား
မျိုးသိဏ်း | စနေနေ့၊ မေလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၀၀ နာရီ ၂၀ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့ရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် နေထိုင်သူလူထုအားလုံး သောက်သုံးရေရှားပါးမှုပြဿနာနှင့် ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။
dalah-dried-up-water2sရပ်ကွက်အားလုံးလိုလိုရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်သွားသဖြင့် ရန်ကုန်မြို့မှ စေတနာရှင်များ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှုးနှင့် အနီးဝန်းကျင် ကျေးရွာများတို့မှ လာရောက်လှူဒါန်းသည့် သောက်ရေ သုံးရေများကိုသာ စောင့်ဆိုင်းနေရသည်။
“အရင်နှစ်တွေက နွေဆိုကန်တွေမှာ ရေနည်းသွားပေမယ့် မိုးရွာတဲ့အထိတော့ခံတယ်။ ဒီနှစ်တော့ ရေကန်တကန်မှ မကျန်သလောက် ဖြစ်သွားပြီ။” ဟု ဒလမြို့ မှော်စက်ရပ်ကွက်နေ အမျိုးသမီးတဦးကဆိုသည်။
ဒလမြို့နှင့်အနီးဝန်းကျင်ဒေသတွင် မူလကတည်းက ရေချိုထွက်ရှိခြင်းမရှိသည့်ဒေသဖြစ်သည်။ အဝီစိတွင်းတူးလျှင် ရေငံများနှင့် သောက်သုံး၍မရသော ရေများသာထွက်ရှိသဖြင့် မိုးရေကို စုပေါင်းရေကန်များတွင် သိုလှောင်ပြီး နွေရာသီတခုလုံး သုံးစွဲရခြင်းဖြစ်သည်။
လက်ရှိတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစေတနာရှင်များ အစုအဖွဲ့လိုက် လာရောက်လှူဒါန်းနေသော်လည်း မြင့်မားသည့် သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိသေးပေ။
ဒလမြို့တွင် ရေပြတ်လပ်မှုစတင်ခဲ့သည်မှာ ဧပြီလလယ် သင်္ကြန်အပြီးကာလကတည်းက ဖြစ်သော်လည်း အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် ယခုအခါ တမြို့လုံးအနေအထားထိ ရေပြတ်လပ်မှု ကြုံနေရပြီဖြစ်သည်။
“ရေအလှူရှင်တွေ လာပြီဆိုရင် တအိမ်လုံးပြေးရတယ်။ တခါတလေ မသိလိုက်လို့ လွတ်သွားရင် ဘေးအိမ်က ရေနှစ်ဘူးလောက် တောင်းသောက်ရတယ်။ တခါတလေ ရေကားသုံးစီးလောက် လာလှူပေမယ့် တချို့နေ့တွေလည်း လာလှူတဲ့သူမရှိဘူး။” ဟု ရာဇသင်္ကြန်ရပ်ကွက်နေ သူတဦးက ဆိုသည်။
dalah-dried-up-water3sသုံးရေအတွက် ဒလမြို့နယ် စည်ပင်ပိုင် ရေတင်ကား (ရေဘောက်ဆာ) နှစ်စီးနှင့် မီးသတ်ဌာနမှ ရေသယ်ယာဉ်တစီးကို သက်ဆိုင်ရာဌာနများက စက်သုံးဆီ စိုက်ထုတ်၍ ကြံဖွံ့မှ လိုက်လံဝေငှခြင်းရှိသော်လည်း လုံလောက်စွာမရဟုဆိုသည်။
“ရေမရှိလို့ ဒုက္ခရောက်နေတယ်ကြားလို့ ကားသုံးစီးနဲ့ လာလှူတာ။ ဒါပထမဆုံးအခေါက်ပဲ။ အခြေအနေဒီလောက်ဆိုးမှန်းမသိဘူး။ နောက်ရက်တွေလည်း ထပ်ပြီးလာလှူဖို့ စဉ်းစားနေပါတယ်။” ဟု ရေလာရောက်လှူဒါန်းသည့် လှိုင်သာယာ ၁၂၆-၁၂၇ ယာဉ်လိုင်းအဖွဲ့က ဆိုသည်။
ဆင်ခြေဖုံးရပ်ကွက်အချို့တွင် ရေပြတ်လပ်မှုဒဏ်ကြောင့် ရရာရေအချို့ကို သောက်သုံးနေကြသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မကြာမီ ဖြစ်ပွားလာနိုင်သည့် အနေအထားတွင်ရှိကြောင်း ဒေသခံ ဆရာဝန်တစ်ဦးက ပြောသည်။
“ ရေလှူတဲ့သူတွေက ပုဂ္ဂလိကအလှူရှင်တွေဆိုတော့ အဆင်ပြေတဲ့ နေရာတွေ လှူသွားရတာလေ။ တချို့အရမ်းအစွန်အဖျားကျတဲ့ နေရာတွေဆို လှူတဲ့အဖွဲ့တွေ မရောက်တာလည်းရှိတယ်။ ရေမရတော့ ရတဲ့ရေကို ကြုံသလိုသောက်ကြတယ်။ တချို့လည်း ကြုံတဲ့ရေကို တညသိပ်ပြီး သောက်နေကြတယ်။ နောက်တပတ် ဆယ်ရက် ဒီအတိုင်းဆက်သွားရင် ဝမ်းရောဂါတွေ ဖြစ်လာနိုင်တယ်။”ဟု အဆိုပါဆရာဝန်က ဆိုသည်။
ရေလာရောက် လှူဒါန်းသူများအား အာဏာပိုင်များက ပိတ်ပင်တားဆီးခြင်းမရှိသော်လည်း လာရောက်လှူဒါန်းသည့် နေရာများသို့ ရယက၊ ကြံဖွံ့နှင့် မီးသတ်တပ်ဖွဲ့များ လာရောက်စောင့်ကြည့်ခြင်းပြုလုပ်ကြောင်း သိရသည်။
အနောက်အံ့ကြီး ရပ်ကွက်နေ အမျိုးသမီးတဦးက “ကျမတို့ရပ်ကွက်မှာ တော်တော်များများ ဆင်းရဲကြတယ်။ ကလေးတွေကို ရေစောင့်ခိုင်းတာ အဆင်မပြေလို့ အလုပ်လုပ်တဲ့သူထဲက တယောက်ကနားပြီး ရေစောင့်တန်းစီရတယ်။ အလုပ်ပျက်ပေမယ့် သောက်ရေပြတ်လို့ မရဘူး။ တခြားအလှူရှင်တွေကိုလည်း နောက်ရက်တွေ လာလှူပေးဖို့ ပြောပေးကြပါ။” ဟု ဆိုသည်။Rest of your post
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment