Wednesday, May 5, 2010

သူဘဲ အပြောကောင်း..ခွက် လက်သာဆွဲ တောင်းစားတော့

ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် တက် ရောက်ခဲ့ပြီး စီးပွားရေးပတ်ဝန်းကျင်၌ လုပ်ငန်းရှင် တစ်ဦးချင်းအနေဖြင့် မိမိအကျိုးစီးပွား တစ်ခုကိုသာ ကြည့်ပါက စီးပွားရေး ပတ်ဝန်း ကျင် တစ်ခုလုံး ပျက်ပြားသွားနိုင်ကြောင်း သူဘဲ လူတတ်ကြီးလုပ်၍ နိုင်ငံတော်ဝန်ကြီးချုပ် မှ သတိပေး ပြောကြားခဲ့ပါသည်တဲ့ ခင်ဗျ။

ဒီမိုကရေစီကိုကျင့်သုံးတော့ပါမယ် ကမ္ဘာကို ကတိပေးနေတဲ့ မြန်မာ့ နိုင်ငံရေးနယ်ပယ်ပတ်ဝန်းကျင်မှာရော စစ်ဗိုလ်တွေ ဘောင်းဘီချွတ်ပြီး..အနိုင်ကျင့် နိုင်ငံဘဏ္ဍာတွေ နဲ့ မဲဆွယ်ပြီး အာဏာမက်..အရှက်မဲ့ မိမိအာဏာ သာအဓွန့် ရှည်ရေး. မိမိ အမျိုးသာကောင်းစားရေး။ မိမိအကျိုးစီးပွား တစ်ခုကိုသာ ကြည့်ပါက မြန်မာနိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ။ တန်ဖိုး လွတ်လပ်ခွင့် လူ့ အခွင့်အရေး.။ ပညာရေး ကျန်းမာရေးက အစ ချွတ်ခြုံကျ အောက်တန်းကျနေရတဲ့အပြင်. မြန်မာ ရှိသမျှ တိုင်းတပါးကျွန် လိင်ကျွန် စစ်ကျွန် ဖြစ်နေကြတဲ့အပြင်...ရသမျှ အောက်ဈေးနဲ့  ထိုးရောင်းချနေရလို့  တောပြုန်းမြေပြုန်း မြေဆီဆုံး မိုးခေါင်ရေကြီးနေတဲ့ မြန်မာ့ သဘာဝပတ်ဝန်းကျင် တစ်ခုလုံး ပျက်ပြားသွားနိုင်ကြောင်း ပြည်သူတွေ ဘက်က လည်း ၀န်ချီးချုပ်ကို ပြန်လည်သတိပေး ပြောကြားပါ ရစေ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်