Sunday, June 13, 2010

သမိုင်းရိုင်းကို ပိုင်းပိုင်းချိုးဖျက် နိုင်သူများ

စိုးနေလင်းSaturday, June 12, 2010
မြန်မာနိုင်ငံရေး သမိုင်းစဉ်တလျှောက်လုံးမှာ ဘယ်တုံးကမှ သ မိုင်းမညှိုးခဲ့ဘဲ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တာကတော့ ကျောင်း သားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အမှန်တရားနဲ့ ပြည်သူလူထုဘက်ကရပ်တည်ခဲ့တဲ့ အမျိုးသားလွတ်မြောက် ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဆိုလိုတာ ပါပဲ။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကို ပထမဆုံးစတင်အာခံ ဆန့် ကျင်တွန်းလှန်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကစလို့ ဒုတိယ ကျောင်းသားသပိတ် တတိယကျောင်းသားသပိတ်နဲ့ နောက် ဆုံး ဖက်ဆစ်တော်လှန်ရေးကာလအထိ၊ တိုင်းပြည်လွတ်လပ် ရေးရပြီး ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု တွေအထိ ကျောင်းသားကျောင်းသူတွေဟာ သူတို့တွေရဲ့ အ သက်သွေးချွေး ဘဝတွေကို စွန့်လွှတ်အနစ်နာခံပြီး တာဝန် ကျေပွန်ခဲ့ကြတယ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။

ရရှိထားတဲ့ လွတ်လပ်ရေးနဲ့ ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ် တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီးလည်း ကျောင်သားတွေကပဲ စတင်အာခံဆန့်ကျင်ခဲ့ကြတာပါ ပဲ။ ၆၂၊ ၆၉၊ ၇၄၊ ၇၆ လှုပ်ရှားမှုတွေနဲ့ ၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအား လုံးလိုလိုမှာ ကျောင်းသားတွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့ကြပြီး ၈၈ နောက်ပိုင်းကနေ ခုချိန်ထိလည်း မပြီးဆုံး သေးတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်တော်လှန်ရေး အပါအဝင် တော်လှန်ရေးပုံ သဏ္ဍန်အမျိုးမျိုးမှာ ရှေ့ဆုံးတန်းက တက်တက်ကြွကြွ ပါဝင်နေကြဆဲပဲဖြစ်ပါတယ်။ အကျအဆုံးအထိအခိုက်အများဆုံး တော်လှန် ဆန့်ကျင်သူတွေဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြဆဲဖြစ်တယ်ဆိုတာလည်း မြင်သာထင်ရှား ဖြစ်ပါတယ်။

ဘယ်လိုအစိုးရပဲဖြစ်ဖြစ် မမှန်ဘူး ပြည်သူလူထုအကျိုးစီးပွားကိုမကြည့်ဘဲ မတရားဖိနှိပ်အုပ်စိုးလာရင် ဆန့်ကျင်တော်လှန်ဖို့ တာဝန်ရှိ တယ်လို့ ခံယူထားတဲ့ ကျောင်းသားစိတ်ဓာတ်ကို အစဉ်အဆက်စွဲစွဲမြဲမြဲထိမ်းသိမ်းထားနိုင်ခဲ့ ထားနေဆဲဖြစ်တဲ့အတွက် ပြည်သူလူထု ရဲ့ ချစ်ခင်လေးစားယုံကြည်မှုကို ရှိခဲ့သလို အားကိုယ်းအားထားပြုခံရတဲ့သူတွေဟာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသား တွေ ထူထောင်ခဲ့တဲ့အဖွဲ့အစည်း တပ်ဖွဲ့ နိုင်ငံရေးပါတီ အင်အားစု တွေအားလုံးကိုလည်း ပြည်သူလူထုက ထောက်ခံခဲ့ကြပါတယ်။ ဘယ်သူကဘာပြောပြော ဘယ်လိုပဲ ဝါဒဖြန့်သွေးခွဲပါစေ လူထုရဲ့ယုံကြည်အားပေး ထောက်ခံမှုဟာ ကျဆင်းလျှော့ပါးသွားတယ်ဆို တာ မရှိခဲ့ပါဘူး။ ဘယ်လိုပဲ ရှုံးနိမ့်ကျဆုံးခဲ့ပါစေ ကျောင်းသားလှုပ်ရှားမှုတွေဟာ လုံးဝချုပ်ငြိမ်းကွယ်ပျောက်မသွားခဲ့ပါဘူး။ ဒီအချက် ကို စစ်အာဏာရှင်အစိုးရက မသိလို့မဟုတ်ပါဘူး။ သိသိကြီးနဲ့ကို ငါတို့မှာ လက်နက်ရှိတာပဲ အာဏာရှိတာပဲ ငွေရှိတာပဲဆိုပြီး မိုက်ရူးရဲ အတွေးအခေါ်နဲ့ တွင်းတူးမိုက်ပြီး နှိမ်နှင်းချေမှုန်းဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရဲရင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်အရ တကယ်တန်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လူထုကိုအောင်ပွဲရအောင် ဦးဆောင်လမ်းပြရမယ့်တာဝန်ကို တကယ်တန်း ထမ်း ဆောင်ရမယ့်သူတွေဟာ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေပဲ ဖြစ်ပါတယ်။ နောင်တော့် နောင်တော် ကျောင်းသားတွေရဲ့ စိတ် ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကိုယ့်မိဘပြည်သူလူထု တကယ်တန်းလိုလားနေတဲ့ လွပ်လပ်ငြိမ်းချမ်းတရားမျှတတဲ့ ဒီမိုက ရေစီ ပြည်ထောင်စုနိုင်ငံတခု တည်ဆောက်နိုင်အောင် ကြိုးစားအားထုက်ကြရပါလိမ့်မယ်။ အဲဒီတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ လို အပ်တဲ့ အတွေးအခေါ်တွေကို စာတွေ့လက်တွေ့လေ့လာဆည်းပူးဖို့၊ မှန်ကန်တဲ့အတွေးအခေါ်ရဲ့ ထိမ်းကြောင်းမှုနဲ့ ပြည်သူလူထုကို စ နစ်တကျ စည်းရုံးပညာပေးဖို့ လိုအပ်သလို ပြည်သူလူထုဆီက သင်ယူတတ်ဖို့လည်းလိုအပ်ပါတယ်။ လူထုနဲ့တသားတည်းကျတဲ့ စည်း ရုံးရေးသမားတွေ အရေးရှိလာတဲ့အခါ ပြည်သူလူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနိုင် အကာအကွယ်ပေးနိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြရပါလိမ့်မယ်။

ကိုယ့်တိုင်းပြည်ကို မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ နည်းပရိယယ်တွေ လိမ်လည်လှည့်စားမှု တွေကို နားလည်အောင် အသေအချာလေ့လာပြီး ပြည်သူထူထုကြားမှာ ဖော်ထုတ်ဖွင့်လှစ်ပြသကြရပါမယ်။ မတရားမှုတွေကို မတရား မှုမှန်းသိလာအောင် အမှန်တရားနဲ့တရားမျှတမှုကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိမှုကိုသိမြင်သဘောပေါက် တာဝန်ယူရဲ လာအောင် စည်းရုံးပြောဆိုကြရပါလိမ့်မယ်။ ဒါတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ တာဝန်ပေးစေခိုင်းမှုကိုမှ စောင့်စရာမလိုပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တာဝန်ယူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရင်းနဲ့ စစ်အာဏာရှုင်စနစ် အမြစ်ပြတ်ချေ မှန်းရေးဆိုတဲ့ အနိမ့်ဆုံးဘုံသဘောတူညီချက် အောက်မှာ တိုင်းပြည်ရဲ့ အင်အားစုကြီးတရပ်ဖြစ်တဲ့ သံဃာတော်တွေ အပါအဝင် အ လုပ်သမား လယ်သမား အခြေခံပြည်သူလူထုတွေရဲ့ ပေါင်းစည်းလို့ရနိုင်သမျှ အင်အားစုတွေနဲ့ ပေါင်းစည်းညီညွတ်မှုရအောင် လုပ်ရ ပါလိမ့်မယ်။

ခုချိန်မှာ ကျနော်တို့တိုင်းပြည်မှာ အဓိကအရေးအကြီးဆုံးလိုအပ်ချက်ကတော့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင်အဖွဲ့အစည်းအားလုံးရဲ့ ညီညွတ်စည်းလုံးရေးဖြစ်ပါတယ်။

နောက် အရေးကြီးတဲ့လိုအပ်ချက် တခုကတော့ ဦးဆောင်မှုအခန်းကဏ္ဍ ဖြစ်ပါတယ်။ မှန်ကန်တိုးတက်တဲ့ သဘောတရား တရပ်ကို ကိုင်စွဲထားတဲ့ ပါတီတခုရဲ့ ဦးဆောင်မှု ဖြစ်ပါတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မတင်ထားသည်ဖြစ်စေ နိုင်ငံရေးပါတီဟာ နိုင်ငံရေး ပါတီသာဖြစ်ပါတယ်။ ပြည်သူလူထုယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပါတီတရပ်ဟာ ပိုလို့တာဝန်ရှိပါတယ်။ ပြည်သူလူ ထုလိုလားတဲ့ဆန္ဒကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးနိုင်ဖို့ ပါတီရဲ့အကျိုးစီးပွားထက် ပြည်သူလူထုရဲ့အကျိုးစီးပွားကို အဓိက အ လေးထားပြီး ဆောင်ရွက်ပေးရမယ့် တာဝန်လည်းရှိပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံကြရပါ လိမ့်မယ်။ စစ်အာဏာရှင်တွေ ရွေးချယ် ပေးတဲ့လမ်း လျှောက်စေချင်တဲ့လမ်းထက် ပြည်သူလူထုက လျှောက်စေချင်တဲ့လမ်းကို လျှောက်ရဲရပါလိမ့်မယ်။ ဦးဆောင်မှု အခန်း ကဏ္ဍကို ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ထက်မြက်တဲ့လူငယ်တွေရဲ့လက်ထဲကို လွှဲအပ်ပေးဖို့လိုအပ်လာရင်လည်း ယုံယုံကြည်ကြည် လွှဲအပ်ရဲရပါလိမ့်မယ်။

မမှားသေးတဲ့ တော်လှန်ရေးသဘောတရားတရပ်ဖြစ်တဲ့ တော်လှန်တိုးတက်တဲ့ ပညာတတ်တွေရဲ့ ဦးဆောင်မှုမရှိပဲ တော်လှန်ရေးတ ရပ်ဟာ အောင်မြင်မှုမရနိုင်ဘူးဆိုတဲ့ အဆိုကို ကျနော်တို့သတိပြုဖို့လည်း အရေးကြီးပါတယ်။ ဒီကနေ့ စစ်အာဏာရှင်တွေ ကိုဆန့်ကျင် အာခံတွန်းလှန်ရာမှာ တိုက်ပွဲတိုင်းရဲ့တပ်ဦးမှာ ပါဝင်ခဲ့ကြတဲ့ ပညာတတ်ကျောင်းသားတွေဟာ တော်လှန်တိုးတက်ပါတယ်။ တော်လှန် တိုးတက်မှုမရှိဘဲ အလွန်ရက်စက်ကြမ်းတမ်းတဲ့ စစ်အစိုးရကို အညံ့မခံအစဉ်တစိုက် ဆန့်ကျင်တွန်းလှန်တိုက်ခိုက်နေနိုင်ကြဖို့ မဖြစ် နိုင်ပါဘူး။

ဆိုလိုရင်းကတော့ ကျောင်းသားတွေအနေနဲ့ သမိုင်းခေတ်ကြီးက ပုခုန်းပေါ်တင်ပေးလာတဲ့ သမိုင်းပေးတာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ဖို့ ကြိုးစားကြရမှာဖြစ်သလို ပါတီအဖွဲ့အစည်း အင်အားစုအသီးသီးကလည်း တော်လှန်တိုးတက်တဲ့ ကျောင်းသားတွေရဲ့ ဦး ဆောင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုကြရပါလိမ့်မယ်။ နေရာပေးကြရပါလိမ့်မယ်။ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တို့ကို အစား ထိုးကြရမယ် မဟုတ်ပါလား။ စစ်အာဏာရှင်အစိုးရရဲ့ နောက်ဆုံးနေ့ရက်တွေဟာ မကြာမတင်ပဲ ရောက်ရှိလာတော့မယ်ဆိုတာ အ သေအချာပဲ ဖြစ်ပါတယ်။ ။

စိုးနေလင်း Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်