ဒေါ်လှလှသန်း ကြာသပတေး, 10 ဇွန် 2010
မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr. Vijay Nambiar) ဟာ မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အာရှကို ခရီးထွက်ခဲ့ရာမှာ အိန္ဒိယနဲ့ စင်ကာပူ အ ပြီး ဒီနေ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ဌာနချုပ်က အတည်ပြု ပြောကြားပါတယ်။ ဒီခရီးစဉ်မှာတော့ မြန်မာနိုင်ငံ ကို သွားရောက်ဖို့ မရှိဘူးလို့လည်း သိရပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ နီးကပ်လာတဲ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာကြား နျူကလီးယား ဆက်ဆံရေး သတင်းတွေကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ တိုးလာချိန်မှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် တာဝန်ကို ပေးထားခြင်း ခံရသူ မစ္စတာ ဗီဂျေး နမ်ဘီယာဟာ အခုလို မြန်မာစစ်အစိုးရ အပေါ် လွှမ်းမိုးမှု ရှိနိုင်မယ့် အိမ်နီးချင်း ၃ နိုင်ငံတို့ကို သွားရောက်တာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီ အိုကဘဲ (Marie Okabe) က လက်ရှိ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ဗွီအိုအေ ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
“အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယာဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အတွက် အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာတော့ သူဟာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ဂေါင်ကျားအပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျူဂျန်မင်းနဲ့လည်း တွေ့ဖို့ရှိပါတယ်။”
မစ္စတာ ဗီဂျေး နမ်ဘီယာဟာ တရုတ်နိုင်ငံကို ဒီနေ့ ဆိုက်ရောက်ဖို့ ရှိပါတယ်။ သူ ပထမဦးဆုံး သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာတော့ နိုင်ငံခြားရေး အတွင်းဝန် နေရူး ပါမာရားအပြင် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှစ်ဖ် ရှန်ကာ မင်နွန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူကို ဇွန်လ ၉ ရက်နေ့က ဆိုက်ရောက်ခဲ့စဉ် နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျ ယိုး (George Yeo) နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့လည်း ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း နိုင်ဂျီးရီးယား နိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ဒီနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ကစလို့ ဆူဒန် ဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပိုင်း အတွင်းရေးမှူးချုပ်ရဲ့ အရာရှိချုပ် မစ္စတာ ဗီဂျေး နမ်ဘီယာကို မြန်မာနိုင်ငံအရေး အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ကြား ၀င် ဆောင်ရွက်ပေးဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။
မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ ဒီနှစ် မတ်လက အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံများနဲ့ ဆွေးနွေးခဲ့စဉ် မြန်မာ နိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲများဟာ အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိဖို့အပြင် မြန်မာလူထုတရပ်လုံး တည်ငြိမ်ရေး၊ ဒီမိုကရေစီ ရရှိရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလေးပေး ဆောင်ရွက်သင့်တယ်လို့ အဓိကထား တင်ပြသွားခဲ့ပါတယ်။
ဒါ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ တိုင်းရင်းသား လူနည်းစု အပါအ၀င် အရေးပါတဲ့ အုပ်စု အားလုံးတို့ ပါဝင်ခွင့် ပြုဖို့လည်း တိုက်တွန်းထားပါတယ်။
အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်ကတည်းက လက်ထောက် အတွင်းရေးမှူးအဆင့်မှာ ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံဖွား ဗီဂျေး နမ်ဘီယာကို မစ္စတာ ဘန်ကီမွန်းက သူ့ရဲ့ အရာရှိချုပ်အဖြစ် ၂၀၀၇ ခုနှစ်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အရင် သူဟာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး၊ ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ အာဖဂန်နစ္စတန်နဲ့ အယ်လ်ဂျီးရီးယား နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်လို့ ၀ါရင့် သံတမန်ရေး အတွေ့အကြုံရှိသူလို့ ဆိုနိုင်ပါတယ်။
လက်ရှိခရီးစဉ်မှာတော့ မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မရှိဘူးလို့လည်း ပြောခွင့်ရက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ http://www1.voanews.com/burmese/news/burma/un-myanmar-96108134.html
Friday, June 11, 2010
ကုလ အထူးအကြံပေး မြန်မာ့အရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံရောက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment