Friday, June 11, 2010

ရိုမေးနီးယားရောက် ကချင်ဒုက္ခသည်များ ဒုက္ခနှင့် ရင်ဆိုင်နေရ

မလေးရှား ဒုက္ခသည်စခန်းမှ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံတွင် ရောက်ရှိနေသော ကချင်ဒုက္ခသည်များ အခက်အခဲ နှင့် ကြုံတွေ့နေ ရကြောင်းသိရှိရသည်။


ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယား တွင် ရောက်ရှိနေတဲ့ ကချင်ဒုက္ခသည်တစ်ဦး သန့်ရှင်းရေးလုပ်နေပုံ။
ရိုမေးနီးယားမှာရောက်ရှိနေသော မြန်မာပြည်မြောက်ပိုင်းမှ ကချင်ဒုက္ခသည် ၃၈ဦးသည် မလေးရှားနိုင်ငံမှ ပြီးခဲ့သည့်မေလ ၃၀ရက်နေ့က ထွက်ခွာသူများဖြစ်သည်ဟု မလေးရှားကချင်ဒုက္ခသည်ကော်မီတီ (KRC) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းဒုက္ခသည်များကို ရိုမေးနီးယား အစိုးရမှ ငွေကြေးဖြင့် တစ်နှစ်ထောက်ပံ့ပေးမည်ဖြစ်ပြီး ရိုမေးနီးယား နိုင်ငံသားအဖြစ် ယင်းနိုင်ငံတွင် သုံးနှစ်ကြာနေထိုင်ပြီးနောက် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

သို့သော် “အခုသူတို့ နိုင်ငံရောက်မှ ထောက်ပံ့ကြေးကို နှစ်လဘဲထောက်ပံ့ပြီး နိုင်ငံသားကဒ်ကိုလည်း ၅ နှစ် နေထိုင်ပြီးမှ အသိမှတ်ပြုသွားမယ်လို့ပြောတယ်” ဟု ကချင်ဒုက္ခသည်စခန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းဒုက္ခသည်များက နေရာပတ်ဝန်းကျင်အသစ် နှင့် ယဉ်ကျေးမှုအသစ်ကိုရောက်ပြီး တစ်လလျှင် အိမ်လခ၊ အသက်အာမခံကြေးများပေးရတာကြောင့် အစားအသောက်အတွက် မိသားစုများက စိုးရိမ်နေကြပါတယ်လို့  သိရပါသည်။

ကချင်ဒုက္ခသည်တစ်ဦး က “ကျွန်တ်ာတို့ အတွက် အလုပ်ရှိရင်လည်း သူတို့နိုင်ငံသားတွေတောင် အရမ်းခက် နေကြတယ်” လို့ စိုးရိမ်စိတ်ဖြင့်ပြောသည်။ ယခု ရိုမေးနီးယားနိုင်ငံသို့သွားသော ကချင်ဒုက္ခသည်များသည် ပထမအဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘ၀ရှေ့ရေးအတွက် စိုးရိမ်နေကြသည်။

http://kachinnews.com/burmese/2010-01-18-05-43-21/147-2010-06-11-05-16-08.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်