Monday, June 14, 2010

ပညာရှင်များရဲ့ နောက်ဆက်တွဲ ပြသနာ

သတိထားတာ မမှားပါဘူး နျူကိစ္စပေါ်ပေါက်လာပြီးတော့ စိတ်မသက်မသာဖြစ်မိတာ တခုတော့ရှိတယ် ။
ပြောပြရင်ယုံချင်မှယုံကြမယ် ။မြန်မာပြည်က စစ်အစိုးရ လုပ်နေကျ အကျင့်လို့ပဲပြောရမှာလား ၊
လုပ်ထုံးလုပ်နည်းလို့ပဲ ဆိုရမှာလား ။ဥပဒေပြင်ပက မမှန်တဲ့ မတရားမှု တခုခုကို ကျူးလွန်ပြီးတိုင်း ၊
လက်သည်မပေါ်အောင် လက်စဖျောက်တဲ့မူ ဆိုတာ အဲဒီအဓမ္မ၀ါဒီတွေမှာ ရှိစမြဲပါ ။ company business ဆိုတဲ့လှို့ဝှက်အထူးထောက်လှမ်းရေး အလုပ် တွေမှာ အရေးကြီးတဲ့ သက်သေခံတွေကို ဖျောက်ဖျက်တဲ့လုပ်ငန်းဟာ မပါမဖြစ် ပါဝင်နေပါတယ် ။လုပ်ငန်းပြီးမြောက်တဲ့အခါတိုင်း
အဲဒီလှို့ဝှက်အလုပ်တွေမှာပါဝင်ပါတ်သက်သူတွေကို ၊ အရှင်ပဲဖြစ်ဖြစ် ၊အသေပဲဖြစ်ဖြစ် ဖျောက်ဖျက်ပစ်တတ်ကြစမြဲ ပါ ။ ဒါဟာအများမသိအောင်ခိုးချောင်ခိုးဝှက်မတရားမှုတွေ ကျူးလွန်တဲ့ အဖွဲ့အစည်းအစိုးရ များရဲ့ မူပဲဖြစ်ပါတယ် ။ ၈၈ အရေးအခင်းမှာ ပစ်တဲ့ခတ်တဲ့ တပ်မ (၂၂) ကသက်သေခံတွေကို ဒီနည်းနဲ့ ရှင်းခဲ့တာပါပဲ ။တာဝန်ရှိတဲ့ လူကြီးကို တပ်ကအနားပေး ၊ လုပ်ငန်းစည်းစိမ်အပြည့်နဲ့ထားပြီး သစ္စာမဖေါက်အောင်လုပ် ။အောက်ခြေ တပ်ဖွဲ့တွေကို အသေအများဆုံး ရှေ့တန်းတွေကိုပို့ပြီး လက်စဖျောက်ခဲ့ကြတယ် ။အခုလတ်တလော ပေါ်ပေါက်လာတဲ့ နျူ ကိစ္စမှာလည်း ကမ္ဘာနဲ့ IAEA ကိုအပျောက်ရိုက်ဖို့ အတွက်စစ်အစိုးရမှာ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။ နျူကိစ္စ
မှာပါဝင်ပတ်သက်ဖူးတဲ့ အသိပညာရှင်အတတ်ပညာရှင်တွေဟာ ( ဖေါ်ကောင် ) အဖြစ် ၊ ပေါ်မလာစေဖို့ က စစ်အစိုးရအတွက် သေရေးရှင်ရေးအရေးကြီးနေပါပြီ ။ အသက်ရှင်ရက်ပဲဖြစ်ဖြစ် ၊ အသေပဲဖြစ်ဖြစ်
ဖျောက်ဖျက်လိမ့်ဦးမယ်လို့ ၊ အတွေ့အကြုံများသူတွေက သုံးသတ်နေကြပါတယ် ။

ကမ္ဘာအသိမခံနိုင်တဲ့ ဥပဒေပြင်ပက စစ်အစိုးရရဲ့ စီမံကိန်းတွေထဲမှာပါဝင်ခဲ့ကြတဲ့ စစ်ဖက် အရပ်ဖက်
ပညာရှင်များကို သတိတော့ပေးချင်တယ် ။ ယုံချင်ယုံ မယုံချင်နေ ။ အသက်ကို
ဉာဏ်စောင့်ဆိုတာရှိတယ်။ကိုယ့်အသက်ကို ချစ်ရင် ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြဖို့ပါပဲ ။


မေတ္တာဖြင့် ( အ.ဘ.ယ )
ကျူပင်ခုတ် ကျူငုတ်တောင်တူးထုတ်ဖဲ့ နအဖ..သက်ဆိုင်သူတွေ ဝေးကြပြေးကြလော့
ဝေးရာ ပြေးကြလော့Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်