မြန်မာနိုင်ငံစာနယ်ဇင်း ( ၀ါ ) သတင်းအမှောင်ချရေးကော်မတီဝင်များခင်ဗျာ
စာနယ်ဇင်းသမားဆိုသည်မှာ တိုင်းသူပြည်သားများ အလင်းပြသူများဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားတို့သည် အဆိပ်နှင့်တူသော
မဟုတ်မမှန် သတင်းများကို ဖြန့်ချီ ၍ ပြည်သူများ၏ မျက်လုံးကန်းအောင် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။
စာပေသမားဟူသည် မိမိရေးသော စာပေါ်တွင် သစ္စာတရားရှိရသည်ဟု စာပေပညာရှင်များပြောကြားလေ့ ရှိသသည်ကို
ပညာရှင်များထံ ကြားနာခဲ့ဘူးပါသည်။
ယနေ့တွင် တိုင်းသူပြည်သူများအတွက် အရေးပါ၍စစ်မှန်သော သတင်းများကို သာ ဖော်ပြရမည့်အစား ပြည်သူများအား
မဟုတ်မမှန်လုပ်ကြံသတင်းများသာ သင်တို့၏စာနယ်ဇင်း ဂျာနယ်များပေါ်တွင် ဖော်ပြထားသည်မှာလည်း သင်တို့ အသိဆုံးပင်ဖြစ်ပါသည်။
သင်တို့၏ သတင်းစာ ၊ ဂျာနယ်များပေါ်တွင် တိုင်းပြည်တိုးတက်နေပါသော်လည်း လက်ရှိပြင်ပတွင် ၉၀% သော ပြည်သူများသည်
စားဝတ်နေရေး အတွက် လွန်စွာ ရုန်းကန်နေရသည်ကို သင်တို့လည်းသိပါပေသည်။
သတင်းစာကိုင်လျှင်ဓါတ်လိုက်နိုင်သည်ဟု အများပြောဆိုသည်မှာ လည်း လွန်သည်ဟု မဆိုသာ။
တိုင်းပြည်အတွက် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်းကို ဖော်ပြထားကြသည်မှာ အားတက်စရာကောင်းလှသော်လည်း
အကယ်အဖြစ်အပျက်တွင်ကား ထိုစီမံကိန်းများမှ ၁၀%ခန့်ပင် လျှပ်စစ်ဓါတ်အား မထုတ်လုပ်နိုင်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။
လက်ရှိအစိုးရ၏ အဓိက စီမံကိန်းမှာ နူးကလီးယား ထုတ်လုပ်ရေးမှန်း စာပေပညာရှင်များ ကိုအသာထား လမ်းဘေးက
ဆိုက်ကားသမား ပင်သိသာပါသည်။
ထိုစီမံကိန်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေများမှာ ပြည်သူများအတွက် အသုံးမချနိုင်ဘဲ အကျိုးမရှိကုန်ဆုံးခဲ့ကြသည်။
ထိုသို့သော သတင်းများကို ဖုံးကွယ်၍ အစိုးရ အလိုကျ မဟုတ်မမှန်လုပ်ကြံ သတင်းများကို သာ ဖော်ပြနေသည်မှာလည်း
ပြည်သူအားလုံးအသိပင်ဖြစ်သည်။
မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သော အရင်းအမြစ်များစွာရှိပါသည်။ လက်ရှိအစိုးသည် နူးကလီးယား စီမံကိန်းမှ ၃၀%သော
ကုန်ကျစရိတ်များကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်ဆိုပါက တနိုင်ငံလုံး မှ ပြည်သူများ စိတ်ချမ်းသာရမည် ဖြစ်သည်။
ကျွန်ူပ်တို့တိုင်းပြည်၏အခြေခံလိုအပ်ချက်များ ကို အုပ်ချုပ်သူ အစိုးရများအား ကလောင်စွမ်းအားဖြင့်ဖော်ထုတ်ရန် ကြိုစားသင့်ပေသည်။
ယခုလက်တလော ဖြစ်ပွားနေသာ အခြေနေကိုကြည့်လျှင် လွန်စွာသိသာလှပါသည်။
ကိုကျော်သူသည် အများပြည်သူများ၏ ဒုက္ခကို သူတတ်နိုင်သည့်ဘက်မှ ကူညီဖြေရှင်းနေသောသူဖြစ်ပါသည်။
မထက်ထက်မိုးဦးသည်လည်း နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါ၏။
သို့သော မည်သူ၏ သတင်းကို ဖော်ပြလျှင် ပြည်သူများ အကျိုးရှိမည် ထင်ပါသနည်း။
စာပေပညာရှင်ဟု အမည်တတ်ကာ ကလောင်ကိုင်၍ အသက်မွေးနေသူများ အတွက် အထူးအထွေ စဉ်းစားစရာပင် မလိုပါ။
ကျွန်ူပ်သည် မည်သူ၏ဘက်မှ လိုက်ခြင်းမဟုတ် ။ မှန်ရာကိုဆိုရလျှင် မထက်ထက်မိုးဦး သတင်းသည် အထူးအထွေ ဖော်ပြရန်ပင် မလို။
လူတိုင်း၌ အမှားရှိကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ မထက်ထက်မိုးဦးကို သတင်းထောက်များ မေးသောမွေးခွန်းများ သည်
လွန်စွာရိုင်းလွန်းအားကြီးကြသည်။ ရင်သွေးလိုချင်၍ အသက်နှင့်ရင်းကာ ကိုယ်ဝန်ဆောင်ထား သော မိန်းမတယောက်၏ မိခင်မတ္တာကို
စော်ကားခြင်းပင်ဖြစ်သည်။ မိမိတို့၏ မိဘမတ္တာကို စော်ကား ခံရလျှင်လည်း လူတိုင်းဒေါသထွက်ကြမည်ဟု ကျွန်ူပ်ယုံကြည်မိပါသည်။
ထင်ပေါ်ကျော်ကြားသော အနုပညာရှင်ဖြစ်သော်လည်း လူသားမိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် စာနာစိတ်များဖြင့်
မေးမြန်းကာ ရေးသားဖော်ပြသင့်သည်။
ကိုကျော်သူသည် နာရေးကူညီမှု အသင်းကိုဖွဲ့ကာ ဒုက္ခရောက်နေသော သူများကို ကူညီနေသော လူကောင်းတစ်ဦးပင်ဖြစ်သည်။
သူ၏စိတ်ဓါတ်နှင့်လုပ်ရပ်များသည် လူတိုင်းအားကျ အတုယူစရာကောင်းလှသည်။
ပြည်သူများ၏ အားကျကာ စံနမူနာ ယူသင့်သည့် လူတော် လူကောင်းတစ်ယောက်အကြောင်းကို ဝေေ၀ဆာဆာ ဖော်ပြသင့်သည်။
သို့မှသာ တကယ်ဒုက္ခေ၇ာက်နေသူများကို ကူညီရာတွင် လုပ်အား ငွေကြေးအစရှိသည်တို့ကို အများပြည်သူနှင့်
လက်တွဲကာ ပိုမိုထိရောက်သော နည်းလမ်းများနှင့် ကူညီဖြေရှင်းနိုင်မည်ဖြစ်သည်။
ပြည်သူများ၏ဒါနကို တကယ်လိုအပ်သော နေရာများတွင် ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်နေသည်မှာ လည်း အားလုံးအသိပင်ဖြစ်သည်။
သို့သော မည်သည့်သတင်းစာ ၊ဂျာနယ် ၊မဂ္ဂဇင်းများပေါ်တွင်မှ မဖော်ပြကြသည်ကို ကြည့်ခြင်းဖြင့် စာပေပညာရှင်များ အဖွဲ့၏
လုပ်ဆောင်ချက်ကား သိသာထင်ရှားလှသည်။
ဘာသာရေးဘက်က ကြည့်ပြန်လျှင်လည်း မြန်မာလူမျိုးတို့ တကယ်တန်ဖိုးထား ဗုဒ္ဓဘာသာကွယ်ပျောက်မည့်အရေးကို
စိုးရိမ်သောကြောင့် တနိုင်ငံလုံးလှည့်လည်ကာ စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ပေါ်ထွန်းရေးအတွက် အားသွန်ခွန်စိုက်
ကြိုးစားနေရှာသော သာသနာ့အာဇာနည် ဆရာတော် ဦးသုမင်္ဂလ အကြောင်းကို မည်သူတစ်ဦးတစ်ယောက် ရေးသား
ဖော်ပြခြင်းမရှိကြပေ။ ဆရာတော် သည် မြန်မာလူမျိုးတို့ အရိုးစွဲနေပြီဖြစ်သော မှားယွင်းသော အထုံဓလေ့များ ကို
အမှန်ပြင်နိုင်ရန် တနိုင်ငံလုံးလှည့်လည်၍ တရားပြနေရရှာသည်။ဆရာတော်၏ ဟောပြောချက်များသည် အလွန်ရိုးရှင်းကာ
ပွင့်လင်းစွာ မှန်ရာကို ပြောဆိုခြင်းကြောင့် လူအများက လေးစားမြတ်နိုးကာ စစ်မှန်သော သာသနာတရပ် ပေါ်ထွန်းလာ
အောင် စွမ်းဆောင်မည့် သာသနာ့အာဇာနည် တပါးအနေနှင့် ရေးသားဖော်ပြသင့်ပေသည်။
သို့သော် လက်ရှိအစိုးရသည် ပြည်သူများ အမြင်မှန်ရမည်ကို လွန်စွာစိုးရိမ်လျှက် ဆရာတော်၏ တရားပွဲများကို လိုက်လံပိတ်ပင်
နှောက်ယှက်လျှက်ရှိသည်။
မဟုတ်တာ၊မမှန်တာ များနှင့်ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံတော် ဘဏ္ဍာငွေများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချကာ
အာဏာယစ်မူးနေသော လက်ရှိစစ်အစိုးအတွက်တော့ အမှန်တရားကိုပြောကြားခြင်းသည် နိုင်ငံရေးဟုပင် ထင်မှတ်နေပေလိမ့်မည်။
ယခုလည်း စစ်ဝတ်နှင့်နှိပ်စက်ရတာ အားမရသောကြောင့် အရပ်ဝတ်နှင့်ထပ်မံနှိပ်စက်ရန် အသွင်ကူးပြောင်းနိုင်ရေးကို
ကြိုးစားလျှက်ရှိသည်။ ဌင်းတို့သည်တိုင်းပြည်ဘဏ္ဍာငွေများကို အကျိုးမရှိသော ရင်းနှီးမြုပ်နှံမှုများတွင် အသုံးပြုနေသည်ကို
ပြည်သူများသိအောင် ထုတ်ဖော်ရေးသားသင့်ပေသည်။
ပြည်သူများ၏ဒုက္ခကို သုခ နှင့်လိုအပ်ချက်ကို သိပါလျှက် မဖော်ပြခြင်းသည် စာပေတာဝန် မကျွေပြွန်ပေ။ ထို့ကြောင့် စာပေသမားဟု မယူဆနိုင်။
တိုင်းသူပြည်သားများအား ကလောင်စွမ်းဖြင့် ဒုက္ခပေးရက်ကြသော သင်တို့အား စာပေပညာရှင်များဟု ကိုယ်ကိုကိုယ်သမုတ်ထားကြသည်မှာလည်း ရှက်ဖွယ်ကောင်းလှသည်။ မိန်းမတစ်ယောက်၏ အိမ်တွင်းရေး စော်ကားဝေဖန်ကာ ၀ိုင်းဝန်းပုတ်ခတ်ကြသော စာပေပညာရှင်များ ကကော
အဘယ်မျှလောက် ကိုယ်ကျင့်သိက္ခာ တည်ကြည်ကြပါသနည်း။
ထိုသို့အရှက်မရှိ ကိုယ်ကျင့်သိက္ခာမကောင်းသော အဖွဲ့အစည်းမှ မိမိကိုယ်မိမိစာပေ ပညာရှင်များဟု ထင်မှတ်ကာ
လက်ရှိအစိုးရ၏ ပါးစပ်တွင်း ဥပဒေများကို အဖိုးတန်သော စာရွက်များပေါ်တွင် ရေးသားရိုက်နှိပ်ထုတ်ဝေခြင်းမှာ လွန်စွာ နှမြောစရာကောင်းလှပေသည်။
ပြည်သူများအတွက် အဆိပ်အတောက် အကျိုးမရှိအတင်းအဖြင်း စာပေများ ရေးသားထုတ်ဝေမည့်အစား ထိုစာရွက်များ၏အရင်းမူလ ၀ါးပင်လေးကို သဘာဝအတိုင်းထားသည်ကမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အမှားကို သိ၍အမှန်ကိုပြင်ကာ တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်နိုင်သော စာပေပညာရှင်များ အဖြစ်
ပြည်လည်မြင်တွေ့နိုင်ပါစေလို့မျှော်လင့်လျှက်
ညဏ်လင်းထက်
Rest of your post
Sunday, June 13, 2010
န အ ဖ လက်အောက်က စာနယ်စင်း သမားနှင့် သတင်းစာ တည်းဖြတ်သူများ ခင်များ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment