ကျော်မြ | ကြာသပတေးနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသည် အမေရိကန် ပြည်ထောင်စုမှ သတ်မှတ်ထားသော လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုနှင့် ပတ်သက်သည့် အနိမ့်ဆုံး
စံသတ်မှတ်ချက်များအား လုပ်ဆောင်ရန် ပျက်ကွက်သည့် ၁၃ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။
လူကုန်ကူးမှု ဆိုသည်မှာ
ကုလသမဂ္ဂ၏ ၂ဝဝဝ ခုနှစ် ပါလာမို စည်းမျဉ်းအရဆိုပါက -
ခြိမ်းခြောက်အမြတ်ထုတ်ရန်၊ အတင်းအကျပ် ခိုင်းစေရန်၊ ပုံစံအမျိုးမျိုးနှင့် လိမ်လည်လှည့်ဖြားကာ ဖြားယောင်းသွေးဆောင် ခေါ်ဆောင်ရန် ရည်ရွယ်ချက်များဖြင့် လူစုဆောင်းခြင်း၊ ထိုလူများအား ရွှေ့ပြောင်းသယ်ဆောင်ပေးခြင်း၊ ထိုလူများအား လွှဲပြောင်းရောင်းချခြင်း၊ ထိုလူများအား လက်ခံထားခြင်း၊ အာဏာနှင့် ရာထူးများ အသုံးပြု၍ အားနည်းသူများအား အနိုင်ကျင့် ဖြားယောင်းခြင်း၊ ငွေကြေးအပေးအယူဖြင့် လူအရောင်းအဝယ် ပြုလုပ်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် ရည်ရွယ်၍ အခြားပုဂ္ဂိုလ်တဦးတယောက်၏ အကူအညီဖြင့် လူတဦးကို အဓမ္မ ခိုင်းစေခြင်း စသည့် ပုံစံမျိုးစုံ ပါဝင်သည်။
Source: ကုလသမ္မဂ္ဂ၏ နိုင်ငံတကာ ရာဇဝတ်မှုမျာအား အရေးယူမှုနှင့် ပတ်သက်၍ သဘောတူညီမှုများနှင့် စည်းမျဉ်းများ (ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးဌာန) (UNODC)
ထို အစီရင်ခံစာကို အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ၁ဝ နှစ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို သုံးသပ်ထားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အနိမ့်ဆုံး စံသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိသည့် ၁၃ နိုင်ငံအား စာရင်းပြုစုထားသည်။ ထိုအထဲတွင် အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနှင့် ကျူဘား နိုင်ငံများ ပါဝင်နေပြီး အမေရိကန် ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံသားများသည် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားဝင် နည်းလမ်းများ၊ တရားမဝင်သော နည်းလမ်းများဖြင့် အလုပ်ရှာဖွေကာ နေထိုင်လုပ်ကိုင်လျက်ရှိကြပြီး ထိုအထဲမှ အချို့သည် လူကုန်ကူးသူများ၏ သားကောင်များ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာစစ်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်” ဟု အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံတွင် အတင်းအကျပ် ခိုင်းစေခြင်းခံရမှုများ၊ လူကုန်ကူး ရောင်းစားခံရကာ ပြည့်တန်ဆာဖြစ်သွားသည့် အမှုများနှင့် ကျေးကျွန်သဖွယ် ဖြစ်သွားသည့် အမှုများ များပြားလာနေသဖြင့် မြန်မာနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး လျော့ရဲနေသည့်နိုင်ငံ စာရင်းထဲမှ ဖယ်ရှား၍ မရခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် အများအပြားသည် လူကုန်ကူးမှု ခံရခြင်း၏ သားကောင်များ ဖြစ်လာနေကြပြီး အတင်းအကျပ် ခိုင်းစေခံနေရကာ အမျိုးသမီးများနှင့် ကလေးငယ်များအား အခြားနိုင်ငံများတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ် ရောင်းစားခံရမှုများ ရှိနေသည်” ဟု အစီရင်ခံစာက ဆိုသည်။
အမေရိကန် ပြည်ထောင်စု၏ လူကုန်ကူးမှု သားကောင်များ အကာအကွယ်ပေးရေး ဥပဒေ (TVPA) အရလူကုန်ကူးမှု ပုံစံ အမျိုးမျိုး
အသက် ၁၈ နှစ်အောက် ကလေးငယ်များအား ဖြားယောင်းသွေးဆောင်၍ဖြစ်စေ၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား အတင်းအဓမ္မဖြစ်စေ၊ လိမ်လည်လှည့်ဖြား၍ဖြစ်စေ လိင်မှုကိစ္စများတွင် ဖျော်ဖြေရန် ခိုင်းစေခြင်း
အင်အားသုံး အနိုင်ကျင့်၍ဖြစ်စေ၊ လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ သွေးဆောင်ဖြားယောင်း၍ဖြစ်စေ ကျွန်သဖွယ် အတင်းအကျပ် ခိုင်းစေရန် ရည်ရွယ်ချက်ဖြင့် လူစုဆောင်းခြင်း၊ ထိုလူများအား ရွှေ့ပြောင်းသယ်ဆောင်ပေးခြင်း၊ ထိုလူများအား လွှဲပြောင်းရောင်းချခြင်း၊ ထိုလူများအား လက်ခံထားခြင်း၊ ခိုင်းစေရန် ရယူထားခြင်း၊ အကြွေးဖြင့် သိမ်းယူ၍ ခိုင်းစေခြင်း စသည့် ပုံစံမျိုးစုံ ပါဝင်သည်။
လူကုန်ကူးခံရသူ သားကောင်သည် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ရွှေ့ပြောင်းသယ်ဆောင်ခြင်းများ မခံရစေကာမူ အထက်ပါ ရည်ရွယ်ချက်များနှင့် ဘောင်ဝင်လျှင် လူကုန်ကူးမှု အထမြောက်သည်။
Source: အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန
“မြန်မာကလေးငယ်များသည် ထိုင်းနိုင်ငံတွင် အရပ်တကာ လှည့်လည်ရောင်းချရသည့် ဈေးရောင်းမှု လုပ်ငန်းများနှင့် တောင်းစားသည့် လုပ်ငန်းများအား လုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေခံရမှုများ ရှိနေသည်။ မြန်မာနိုင်ငံမှ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသည် ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနှင့် တောင်ကိုရီးယား နိုင်ငံများတွင် ကျေးကျွန်သဖွယ် အတင်းအကျပ် ခိုင်းစေခံနေရမှုများ ကြုံတွေ့နေရကာ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေး လုပ်ငန်းများတွင်လည်း အဓမ္မခိုင်းစေထား၍ လုပ်ကိုင်နေရခြင်းမျိုး ရှိနေသည်။
ထိုအစီရင်ခံစာသည် သဘာဝ အရင်းအမြစ်နှင့် လူ့စွမ်းအား အရင်းအမြစ် ကြွယ်ဝလှသော မြန်မာနိုင်ငံအား စစ်အစိုးရမှ ညံ့ဖျင်းစွာ စီမံခန့်ခွဲ နေမှုကိုလည်း ထောက်ပြထားသည်။
“မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကြောင့် နိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့သာမက အလှမ်းကွာဝေးသော အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ပင် တရားဝင် နည်းလမ်းများ၊ တရားမဝင်သော နည်းလမ်းများဖြင့် သွားရောက်လုပ်ကိုင်နေကြရသည်။ မြန်မာအမျိုးသားများအနေဖြင့် နိုင်ငံရပ်ခြားရှိ ငါးဖမ်းလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေလုပ်ကိုင်ရမှုမျိုး ရှိနေသည်” ဟု အစီရင်ခံစာက ဆိုသည်။
အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီလာရီ ရော့ဒမ် ကလင်တန်က တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် ထိုအစီရင်ခံစာနှင့် ပတ်သက်၍ ပြောဆိုရာတွင် “အစီရင်ခံစာဟာ လူကုန်ကူးမှု ပြဿနာတွေကို ဖြေရှင်းဖို့ အန်ဂျီအို အဖွဲ့တွေကို အလုပ်ပေးရုံသက်သက် မဟုတ်ပါဘူး။ အပြစ်တင် ထောက်ပြရုံသက်သက်လည်း မဟုတ်ပါဘူး။ ဒီကိစ္စတွေကို တိုက်ဖျက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံးဟာ ထိထိရောက်ရောက် အားစိုက်လုပ်ဆောင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
၂ဝ၁ဝ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ
နိုင်ငံများအား လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုအပေါ် မူတည်၍ အဆင့်အတန်း သတ်မှတ်ပုံ
အဆင့် (၁)
TVPA ၏ စံသတ်မှတ်ချက်များအား အပြည့်အဝ လိုက်နာ အကောင်အထည်ဖော်သည့်နိုင်ငံများ
အဆင့် (၂)
TVPA ၏ စံသတ်မှတ်ချက်များအား လိုက်နာရန် ထိထိရောက်ရောက် အားထုတ်သော နိုင်ငံများ
အဆင့် (၂) (စောင့်ကြည့်အဆင့်)
TVPA ၏ စံသတ်မှတ်ချက်များအား အပြည့်အဝ လိုက်နာမှု မရှိသေးသလို၊ ထို စံနှုန်းသတ်မှတ်ချက်များအား လိုက်နာရန် သိသာစွာ အားထုတ်နေသော်လည်း ထိုနိုင်ငံများတွင်
(က) ပုံစံအမျိုးမျိုးသော လူကုန်ကူးခြင်းခံနေရသူ သားကောင်အရေအတွက်သည် သိသာစွာ များပြားလာခြင်း (သို့မဟုတ်) ပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးမှုများ သိသာထင်ရှားလာခြင်း
(ခ) ယခင်နှစ်များက ပုံစံအမျိုးမျိုးသော လူကုန်ကူးမှုများအား တိုက်ဖျက်ရန် ထိရောက်စွာ အားထုတ်ကြောင်း သက်သေမပြနိုင်ခြင်း (လူကုန်ကူးမှု တိုက်ဖျက်မှုများတွင် ထောက်လှမ်း စစ်ဆေးမှုများအား တိုးမြှင့်ပြုလုပ်ခြင်း၊ လူကုန်ကူးသူ ရာဇဝတ်ကောင်များအား အရေးယူခြင်း၊ လူကုန်ကူးခံရသူ သားကောင်များအား အကူအညီများ တိုးမြှင့်ပေးအပ်ခြင်း၊ လူကုန်ကူးမှုတွင် အစိုးရအရာရှိများ ပုံစံအမျိုးမျိုးဖြင့် ပါဝင်ပတ်သက်နေမှုများ လျှော့ချနိုင်ခြင်းတို့ ပါဝင်သည်။)
(ဂ) နိုင်ငံတနိုင်ငံအနေဖြင့် စံသတ်မှတ်ချက်များအား လိုက်နာသော နိုင်ငံ ဖြစ်လာရေးအတွက် အားထုတ်နေခြင်းများ ရှိမရှိ သတ်မှတ်မှုမှာ ထိုနိုင်ငံများ၏ နောင်လာမည့်နှစ်များတွင် တိုးမြှင့်ကာ ဆောင်ရွက်လာနိုင်ဖွယ် ရှိမရှိ ဆိုသည့် အခြေအနေပေါ်တွင်လည်း မူတည်၍ ဆုံးဖြတ်သည်။
အဆင့် (၃)
TVPA ၏ အနိမ့်ဆုံး စံသတ်မှတ်ချက်များကို ပြည့်မီရန် အားထုတ်မှု လုံးဝ မရှိသော နိုင်ငံများ
Source: အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာန
ထိုအစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှ အစိုးရများ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ချက်များကို ခွဲခြမ်းစိပ်ဖြာ သုံးသပ်ထားပြီး နိုင်ငံများကို အဆင့် (၁)၊ အဆင့် (၂)၊ အဆင့် (၂) (စောင့်ကြည့်အဆင့်) နှင့် အဆင့် ၃ (အချက်အလက်ဇယားတွင် ကြည့်နိုင်ပါသည်) ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး အဆင့် (၃) တွင် ပါဝင်သည့် နိုင်ငံများသည် အမေရိကန် ပြည်ထောင်စုမှ ချမှတ်ထားသော လူကုန်ကူးမှု သားကောင်များ အကာအကွယ်ပေးရေး ဥပဒေ (TVPA) ၏ အပိုင်း ၁ဝ၈ တွင် သတ်မှတ်ထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်သည့် အနိမ့်ဆုံး စံသတ်မှတ်ချက်များအား လိုက်နာအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမရှိသော နိုင်ငံများ ဖြစ်ကြသည်။
ထို အဆိုးဆုံး အဆင့် (၃) တွင် ၁၃ နိုင်ငံ ပါဝင်ပြီး ပြီးခဲ့သည့်နှစ်က စာရင်းထက် ၄ နိုင်ငံ လျော့သွားသည်။ ပြီးခဲ့သည့်နှစ် အဆင့် (၃) တွင် ပါဝင်ခဲ့သည့် ၁၁ နိုင်ငံသည် ယခုနှစ်တွင်လည်း အဆင့် (၃) အဖြစ် ထပ်မံသတ်မှတ်ခံခဲ့ရသည်။ ထို ၁၁ နိုင်ငံမှာ မြန်မာ၊ ကျူဘား၊ အယ်ရီထရီးယား၊ အီရန်၊ ကူဝိတ်၊ မော်ရီတေးနီးယား၊ မြောက်ကိုရီးယား၊ ပါပူဝါ နယူးဂီနီ၊ ဆော်ဒီအာရေးဘီးယား၊ ဆူဒန်နှင့် ဇင်ဘာဘွေ နိုင်ငံများ ဖြစ်ကြသည်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနသည် မြန်မာနိုင်ငံသားများ ပြည်ပသို့ လူကုန်ကူးခံရသည့် ကိစ္စသာမက၊ မြန်မာနိုင်ငံထဲ၌ ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်း လူကုန်ကူးမှု ပုံသဏ္ဍာန်များအတွက်လည်း စိုးရိမ်မှု ရှိနေပြီး ထိုအချက်သည် မြန်မာနိုင်ငံအား အဆိုးဆုံးအဆင့် ဖြစ်သည့် အဆင့် (၃) တွင် ထည့်ထားရသည့် အဓိက အချက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာ
“မြန်မာစစ်တပ်အတွင်းတွင် ကလေးစစ်သားများ ခန့်ထားမှု ရှိနေဆဲဖြစ်ပြီး မြန်မာစစ်တပ်သည် နိုင်ငံအတွင်း အတင်းအကျပ် ခိုင်းစေမှုများ၏ အဓိက လက်သည်တရားခံ ဖြစ်လျက်ပင် ရှိနေသေးသည်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။ မြန်မာစစ်တပ်က လူနည်းစု တိုင်းရင်းသားများအပေါ် အဓိက ပစ်မှတ်ထားကာ အတင်းအကျပ် ခိုင်းစေမှုများသည်လည်း ကျယ်ပြန့်စွာ ရှိနေသေးကြောင်း အစီရင်ခံစာက ဆိုထားသည်။
“စစ်ဘက်မှ အရာရှိများနှင့် အရပ်ဘက်မှ အစိုးရ အရာရှိများသည် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအား အခြေခံအဆောက်အအုံ တည်ထောင်ရေး လုပ်ငန်းများ၊ နိုင်ငံပိုင် စိုက်ပျိုးရေး လုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စစ်မြေပြင်အတွက် ပေါ်တာဆွဲခြင်း လုပ်ငန်းများတွင် အတင်းအကျပ် လုပ်ကိုင်ရန် ခိုင်းစေမှုများ ရှိနေသည်” ဟု အစီရင်ခံစာက ဆိုသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ယူနစ် (Trafcord) မှ စီမံကိန်း မန်နေဂျာ Duean Wonsa က မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ တိုးတက်လာခြင်း မရှိသည့်အတွက် စစ်အစိုးရကို အပြစ်တင်ခဲ့သည်။
“မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှုနှုန်းတွေ မြင့်မားလာတာနဲ့ ပတ်သက်ပြီးတော့ အကြောင်းပြချက်တွေကတော့ ထပ်နေပါပြီ။ အဓိကကတော့ မြန်မာစစ်အစိုးရဟာ သူ့နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်လို့ပါ။ ပြီးတော့ လူနည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်မှုကလည်း လူကုန်ကူးမှု ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်းတခုပါ” ဟု သူမက ဆိုသည်။
အခြားအကြောင်းအရင်းများဖြစ်သည့် ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှု၊ ဘဝတွင် လိုအပ်သော အခြေခံ ကျွမ်းကျင်မှုများ ချို့တဲ့မှု၊ အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပတ်သက်၍ သတင်းအချက်အလက် ပြတ်လတ်မှု၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တိုးပွားလာမှုတို့ကြောင့်လည်း မြန်မာနိုင်ငံသည် နိုင်ငံတကာ လူကုန်ကူးသူ ရာဇဝတ်ကောင်များ၏ အဓိက ပစ်မှတ် ဖြစ်လာစေခဲ့သည်ဟု သူမက ဆိုသည်။
အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခြင်း ခံရသူများထဲမှ အချိုးအစား အများအပြားသည် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု သွေးဆောင်စည်းရုံးခြင်းကို ယုံကြည်မိ၍ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
အန်ဂျီအို စီမံကိန်း မန်နေဂျာ Duean ကလည်း “လူကုန်ကူးသူတွေက သားကောင်ဖြစ်သွားရှာသူတွေရဲ့ မိဘတွေကို သူတို့သားသမီးတွေ ထိုင်းနိုင်ငံလို နိုင်ငံရပ်ခြားတွေမှာ အလုပ်ကောင်းကောင်း ရလိမ့်မယ်လို့ပြောပြီး လိမ်လည်လှည့်ဖျားခဲ့ကြတာပါ။ လူကုန်ကူးသူတချို့က သူတို့ကို ယုံကြည်အောင်လို့လည်း ပိုက်ဆံတွေ ပေးကြသေးတယ်။ ယုံကြည်သွားတဲ့ အခါကျတော့ ကလေးတွေကို နိုင်ငံခြားကို ခေါ်သွားပြီး လိင်မှုဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ရောင်းစားလိုက်ကြတာတွေ ရှိတယ်” ဟု ပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်သွားရတဲ့သူ အများစုဟာ မြန်မာနိုင်ငံကပါ။ လူကုန်ကူးခံရသူ စုစုပေါင်းရဲ့ တဝက်ကျော်အထိကို ရှိတယ်။ ကျန်တဲ့ ဓားစာခံတွေကတော့ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကပါ” ဟု Duean က ဆက်လက်ပြောဆိုခဲ့သည်။
မြန်မာစစ်အစိုးရက လေ့လာသူများထံသို့ တင်ပြသည့် အစီရင်ခံစာများသည်လည်း လက်တွေ့နှင့် ကင်းကွာနေကာ တရားမျှတမှု ကင်းမဲ့နေပြီး မကြာခဏ ဆိုသလိုပင် အတင်းအကျပ် ခိုင်းစေမှုကိစ္စများအား တိုင်ကြားသူများကိုယ်တိုင် အပြစ်ပေး အရေးယူခံရမှုများ ရှိနေသဖြင့် အမေရိကန် ပြည်ထောင်စုက စစ်အစိုးရအား လူကုန်ကူးမှုနှင့် အတင်းအကျပ် ခိုင်းစေမှုများနှင့် ပတ်သက်၍ အဆင့်လျှော့ချ သတ်မှတ်ခဲ့သည်။
တကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုနှင့် ပတ်သတ်သော အချက်အလက်များ
ကမ္ဘာတဝှန်းလုံးရှိ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း ခံရသူနှင့် ပြည့်တန်ဆာလုပ်ငန်း အတင်းအကျပ် လုပ်ကိုင်ရန် ခိုင်းစေခြင်း ခံနေရသူ ကလေးငယ်နှင့် အရွယ်ရောက်ပြီးသူ စုစုပေါင်း : ၁၂.၃သန်း
ယမန်နှစ်က အောင်မြင်စွာ အရေးယူနိုင်ခဲ့သော လူကုန်ကူးမှု စုစုပေါင်း : ၄၁၆၆ ယမန်နှစ်က အောင်မြင်စွာ အရေးယူနိုင်ခဲ့သော အတင်းအကျပ် ခိုင်းစေမှု စုစုပေါင်း : ၃၃၅ ဖော်ထုတ်နိုင်ခဲ့သော လူကုန်ကူးခံရသူ သားကောင် စုစုပေါင်း : ၄၉၁ဝ၅ ဖော်ထုတ်နိုင်ခဲ့သော ပြစ်မှုကျူးလွန်သူ အရေအတွက်နှင့် လူကုန်ကူးခံရသူ အရေအတွက်တို့၏ အချိုးအစား (ရာခိုင်နှုန်း အားဖြင့်): ၈.၅ ဖော်ထုတ်နိုင်ခဲ့သော လူကုန်ကူးခံရသူနှင့် ခန့်မှန်းထားသော လူကုန်ကူးခံရသူ စုစုပေါင်းတို့၏ အချိုးအစား (ရာခိုင်နှုန်းအားဖြင့်): ဝ.၄ လူကုန်ကူးသူများအား ပါလာမို စည်းမျဉ်း ဥပဒေများအရ အရေးယူသည့် နိုင်ငံပေါင်း : ၆၂ လူကုန်ကူးမှုခံရသူ သားကောင်များအား နှင်မထုတ်ဘဲ အကာအကွယ်ပေးမည့် ဥပဒေနှင့် မူဝါဒများ မရှိသော နိုင်ငံပေါင်း : ၁ဝ၄ကမ္ဘာတွင် လူကုန်ကူးခံရသူ သားကောင်များ ပျံ့နှံ့မှုနှုန်းထား : ဒေသခံ ၁ဝဝဝ တွင် ၁.၈ ဦးအာရှပစိဖိတ် ဒေသတွင် လူကုန်ကူး ခံရသူ သားကောင်များ ပျံနှံ့မှု နှုန်းထား : ဒေသခံ ၁ဝဝဝ တွင် ၃ ဦး
Source: အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာန
“ကလေးစစ်သားတွေကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က တာဝန်ရှိသူတဦးကို အရေးယူတဲ့ ကိစ္စလည်း တခုပဲ ရှိပါသေးတယ်။ တချိန်ထဲမှာ အတင်းအကျပ် ခိုင်းစေမှုတွေမှာ စစ်အစိုးရ ပါဝင်ပတ်သက်နေတဲ့အကြောင်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို တိုင်ကြားခဲ့ကြသူတွေနဲ့ အတင်းအကျပ် ခိုင်းစေမှု ပပျောက်ရေးအတွက် ILO နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သူ စုစုပေါင်း ၆ ဦးကိုလည်း စစ်အစိုးရက ဆက်ပြီးတော့ အကျဉ်းချထားပါတယ်” ဟု အစီရင်ခံစာက ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို ရည်ညွှန်းကိုးကား၍ ဖော်ပြထားသည်။
အစီရင်ခံစာက ဆက်လက် ဖော်ပြထားရာတွင် ရဲအရာရှိများ အနေဖြင့်လည်း အတင်းအကျပ် ခိုင်းစေမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် အဟန့်အတားရှိနေကြောင်း ဖော်ပြထားသည်။ လူကုန်ကူးမှုများအား လျှော့ပေါ့၍ အစီရင်ခံခြင်း၊ လူကုန်ကူးမှု မှတ်တမ်းများနှင့် လူကုန်ကူးသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မှု ရှိမရှိကို လေ့လာသူများမှ ကြည့်ရှုစစ်ဆေးခွင့် မရခြင်း စသည့် မပွင့်လင်းမှုများကလည်း အခြေအနေကို ပိုမိုဆိုးရွာစေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
“အတင်းအကျပ် ခိုင်းစေမှုများတွင် အာဏာရှိသူများနှင့် နီးစပ်သူများ ပါဝင်ပတ်သက်နေသဖြင့် ရဲများအနေဖြင့် စုံစမ်းစစ်ဆေးရန် အခက်အခဲများ ရှိနေပေလိမ့်မည်။ စစ်အစိုးရက ၂ဝဝ၉ ခုနှစ် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အရာရှိ ၄ ဦးအား အရေးယူခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုကိစ္စ၏ စီရင်ချက် အသေးစိတ်ကို သတင်းထုတ်ပြန်မှု မရှိခဲ့ပေ” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
အတင်းအကျပ် ခိုင်းစေမှုများ မြန်မာနိုင်ငံတွင် ပိုမိုများပြားလာကြောင်း ILO က တွေ့ရှိခဲ့ပြီး စစ်အစိုးရမှ ထိုကိစ္စများအား အရေးယူကိုင်တွယ်မှု အလွန်လျော့ရဲနေသည်ဟု ILO ကို ရည်ညွှန်းကိုးကား၍ အမေရိကန် ပြည်ထောင်စု၏ အစီရင်ခံစာက ဆိုသည်။
“မြန်မာအစိုးရအား အတင်းအကျပ် ခိုင်းစေမှု ၉၃ ခုအား အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ပြီး ထိုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်က ၆၄ မှုနှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားနေသည်။ အမှု ၉၃ ခုအနက်မှ ၅၄ ခုမှာ အစိုးရ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေရဆဲဖြစ်သည်” ဟု အစီရင်ခံစာက ဆိုသည်။ “ကလေးငယ် ၁ဝဝ ခန့် ရန်ကုန်နားတွင် ရှိသော လယ်ကွင်းတခု၌ အတင်းအကျပ် ခိုင်းစေခံရမှုနှင့် ပတ်သက်၍လည်း စစ်အစိုးရကို အရေးယူကိုင်တွယ်ပေးရန် တိုင်ကြားထားခဲ့သော်လည်း စစ်အစိုးရက စုံစမ်းစစ်ဆေး အရေးယူရန် ပျက်ကွက်နေဆဲဖြစ်သည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်မှာ အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားခဲ့သော သူများမှာ ဖမ်းဆီး အရေးယူခြင်းပါ ခံရတတ်သည်ဟု ILO ၏ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။
“မကွေးတိုင်းတွင် ဆက်တိုက်ဖြစ်ပွားခဲ့သော လယ်သမား စုစုပေါင်း ၃၂၈ ဦး အတင်းအကျပ် ခိုင်းစေခံခဲ့ရသည့် အမှုတွင် ဒေသတွင်းမှ အစိုးရအရာရှိများ ခိုင်းစေမှုတွင် ပါဝင်ပတ်သက်နေကြောင်းကို တိုင်ကြားခဲ့သူ ၁၇ ဦးနှင့် ၎င်းတို့နှင့် နီးစပ်သူများသည် တိုင်ကြားခဲ့သဖြင့် အာဏာပိုင်များ၏ အရေးယူ ဖမ်းဆီးမှုကို ခံခဲ့ကြရပြီး နောက်ပိုင်းတွင် တိုင်ကြားသူများအနက်မှ ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၄ ဦးကို အကျဉ်းချထားဆဲဖြစ်သည်” ဟု အစီရင်ခံစာက ဆိုသည်။
ထိုကဲ့သို့ အတင်းအကျပ် ခိုင်းစေမှုများအား စစ်အစိုးရမှ အရေးယူခြင်း မရှိပုံကိုလည်း ထောက်ပြထားသည်။
“မြန်မာအစိုးရသည် ဒေသဆိုင်ရာ အာဏာပိုင်များက ဒေသခံများအား အတင်းအကျပ် မတရားခိုင်းစေမှုကို ဝင်ရောက်ဟန့်တားမှု ပြုလုပ်ရန် ပျက်ကွက်ရုံမျှမက ထိုကဲ့သို့ အတင်းအကျပ် ခိုင်းစေမှုကို တိုင်ကြားသူများအားလည်း စစ်ကြောမှုများ ကြာရှည်စွာ ပြုလုပ်လေ့ရှိကာ နောက်ထပ် တိုင်ကြားမှုများ မပေါ်ပေါက်လာစေရန် တားဆီးလေ့ရှိသည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
အခြားတဖက်တွင်မူ အိုဗားမားအစိုးရအဖွဲ့သည် မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံတို့အား ကလေးငယ်များနှင့် အမျိုးသမီးများအပေါ် အတင်းအကျပ် ခိုင်းစေမှုများ ပပျောက်အောင် ဆောင်ရွက်မှုနှင့် လိင်မှုကိစ္စ ဖျော်ဖြေရေးတွင် အသုံးချခံနေရမှုများ လျော့နည်းပပျောက်အောင် အားထုတ်နေခြင်းအတွက် ချီးကျူးလိုက်သည်။ ထို ၂ နိုင်ငံသည် အစီရင်ခံစာတွင် အဆင့် (၂) မှ အမြင့်ဆုံး အဆင့်ဖြစ်သည့် အဆင့် (၁) သို့ တိုးမြှင့်သတ်မှတ်ပေးခြင်း ခံခဲ့ရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် သံတမန် Luis CdeBaca က ထိုင်ဝမ်၏ ဆောင်ရွက်ချက် တခုဖြစ်သော လူကုန်ကူးခံရသည့် သားကောင်များအား ၎င်းတို့၏ ကိစ္စ စုံစမ်းစစ်ဆေးဆဲကာလတွင် အလုပ်လုပ်ကိုင်ခွင့် ပေးထားခြင်းသည် အခြားနိုင်ငံများ အတုယူ လုပ်ဆောင်သင့်သည် စံနမူနာ တခုဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အစီရင်ခံစာအရ မလေးရှားနိုင်ငံသည် ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ မြန်မာနိုင်ငံမှ အသက်မပြည့်သေးသော ကလေးငယ်များ အပါအဝင် လူကုန်ကူးခံရသူ သားကောင် အနည်းဆုံး ၅၆ ဦးအား မလေးရှား အာဏာပိုင်များက ကျွန်ဘဝမှ ကယ်တင်နိုင်ခဲ့သည်ဟု မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ချီးကျူးထားခဲ့သည်။ မလေးရှားအစိုးရသည် လူကုန်ကူးမှုခံရသော သားကောင်များကို အကာအကွယ်ပေးရန် ရည်ရွယ်၍ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီမှ ၂ဝ၁ဝ ခုနှစ် မတ်လအတွင်း အကာအကွယ်ပေးရေး အမိန့် စုစုပေါင်း ၂၉၂ ခုကို ချမှတ်ခဲ့သည်။
Rest of your post
Friday, June 18, 2010
လူကုန်ကူးမှု အဆိုးဆုံး ၁၃ နိုင်ငံထဲတွင် မြန်မာ ပါဝင်..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment