Today at 3:28pm
အမေကတစ်နေရာ၊ သားကတစ်ဒေသ
အမေ့ကိုတွေ့ချင်ဇောနဲ့ သတိရတော့
လွမ်းစိတ်နဲ့ ဒီကဗျာကို ရေးဖွဲ့ဖြစ်တယ်
အမေနဲ့အတူတကွ
ကမ္ဘာကြီးပေါ်က အမေအားလုံး
အနန္တစကြ၀ဋ္ဌာကြီးထဲက အမေအားလုံး
ကျွန်တော့်ရဲ့အားထုတ်မှုအပေါ်
သာဓု ခေါ်နိုင်ကြပါစေ။ မိုဃ်းဇော်
(1)
ဝေဒနာကြိုးတန်းကလေးပေါ်မှာ
အမေ့ရဲ့ချွေးသုတ်ပ၀ါကလေးလှမ်းပစ်တင်လိုက်တော့
ကမ်းမမြင် လမ်းမမြင်မုန်တိုင်းထဲ
သားကပျံသန်းဆဲပေါ့
(2)
သားကိုသတိရ
သားကိုမတွေ့ရတဲ့အခါ
စာနာတတ်တဲ့ ငွေကြယ်ကလေးတွေက
အမေ့ဆီ ၀မ်းနည်းကြောင်း သ၀ဏ်လွှာစေလိမ့်မယ်။
(3)
ကျွန်တော့်ရဲ့ အန္တိမ မျှော်လင့်ချက်
အမေတိုက်တဲ့ ရေတခွက်သောက်ချင်ပါရဲ့။
(4)
နောင်ဘဝ
လူဖြစ်ခွင့်ရမည်ဆိုလျှင်
ပျူငှာရင်ကျေးသောပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်တွင်
အမေ့ရဲ့သားကျွန်တော်ပြန်ဖြစ်ချင်ပါသည်။
(5)
လိမ္မာတဲ့သားဆိုးကို အမေရိကန်ဆေးရုံမှာ ဗိုက်ခွဲမွေးခဲ့ရတဲ့အမေ
အမေ့သား မိုးယ်ဇော်
မှားခဲ့တယ်
မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်
မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်
မရိုင်းခဲ့ဘူး
အားလုံးကိုချစ်ခဲ့တယ်
မကောက်ကျစ်ခဲ့ဘူး
သားဗုံးကြဲခဲ့တဲ့မြို့ဟာ သားကိုယ်သားပါ အမေရယ်။
(၆)
တခါတလေ တရားထိုင်ပြီး တခါတလေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ်
အကုသိုလ်တရား
လူပိသစွာ ပွားစီးမိခဲ့ပါပြီ။
(7)
အမေရယ်............
သားရဲ့ ယနေ့နေထိုင်မှုကိုသာ
အမေသိခဲ့မယ်ဆိုရင်
ရင်ချိမှာမဟုတ်ပါဘူး
အနုပညာနဲ့ ကိုယ့်တွင်းကိုယ်တူးပြိး
ကိုယ့်ဘ၀ကိုယ်လှီး မြေမြှုပ်ခဲ့သူ
ကျေးဇူးသိတတ်ခဲ့ပါတယ်။
(8)
.............. ကမ္ဘာကြီး
သင့်အား
ငါ့ရဲ့ ဆဲ(လ်)၊ ငါ့ရဲ့နာကျင်မှု
ငါ့ရဲ့ အမိုင်နိုင်အက်ဆစ်
ငါ့ရဲ့ ဟေမိုဂလိုဗင်ထဲက
လှိုက်လှဲ စွာကျေးဇူးတင်ရှိပါရဲ့။
(9)
အို........
နတ်ကောင်းနတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ်တပ်ဆင်
ဟောသည် ပစ္စန္တရာဇာ် နေ၀င်ချိန်မှာ
ငါ့အမေရှိရာ........
ငါပျံသန်းချင်တယ်။
(10)
လာမယ့်အနှစ် (40)မှာ
လာမယ့်အနှစ် (20)မှာ
မနက်ဖြန်မှာ
သေချာတဲ့ ........ခြင်းနဲ့
အမေ့ကို အိမ်ပြန်ခဲ့မယ်။
(11)
“အချစ်”
“ငြိမ်းချမ်းရေး”
“ကဗျာ”
ကျွန်တော့်ရဲ့ လက်နက်မဲ့ခန္ဒာကိုယ်အား
ကောင်းကင်ဘုံထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့။
(12)
မီးတောက်မီးလျှံကြားက
တံပိုးခရာသံကြားရတယ်
လောကသစ်တော့မယ်လေ
လူဆင်းရဲတို့
လူမွဲတို့
ထကြ ထကြ
နိုးထကြ
သင်တို့အတွက်
ပန်းရထားတစ်စင်းဆိုက်တော့မယ်။
(13)
ခနော်နီခနော်နဲက
ပိုးတုံးလုံးလေးတကောင်
ကမ္ဘာမြေပေါ်ခြေချစ
လမ်းလျှောက်ရဲ့တဲ့သတ္တိတွေရအောင်
အမေပဲ မြေတောင်မြှောက်ခဲ့တယ်။
(14)
လူဆိုတာ
“လောကဓံကို ခံနိုင်ရည်ရှိရမတဲ့”
”ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့”
နှစ်ခွန်းတည်းသောစကားဟာ
ငါ့ဝိဥာဉ်မှာ ထွန်းလင်းလိမ့်မယ်..........။
(15)
မီးခြစ်ဆံလေးတစ်ချောင်းအတွက်
သစ်သားစလေး တစ်စပဲလိုတယ်
သစ်တောကြိးတစ်ခုလုံးကိုမီးရှို့ ဖို့အတွက်
မီးခြစ်ဆံလေးတစ်ချောင်းပဲလိုတယ်
သားနားထောင်ခဲ့ဖူးတဲ့သီချင်းစာသား
မမှားသေးဖူး မေမေ......။
(၁၆)
အ မေ >>>>
အ ေ မ >>>>>>
အ ေ မ >>>>>>>>>
အ ေ မ >>>>>>>>>>>
(၁၇)
ငှက်ကလေးတွေရဲ့ မနက်ခင်းပါပဲ
မနက်ရှစ်နာရီကျော်ပြီ အမေ
တမာပင်အောက်မှာ
ရဟန်းတော်များ ဆွမ်းခံကြွပေါ့
ဆေးရုံခုတင်ပေါ်ပက်လက်
အမေ့ဇော အမေ့အိမ်မက်ထဲကနေ
အမေဆွမ်းထွက်လောင်းနေလား။
(18)
အမေ
သားသူငယ်ချင်း “ပီတာ”လေ
သားနဲ့ တစ်ခေတ်တည်းမွေးခဲ့တဲ့ကောင်ပေါ့
ဥာဏ်ကောင်းပြီး စိတ်ကောင်းရှိတဲ့ လူကောင်းသူကောင်းတစ်ယောက်ပါ...
ဘ၀တစ်ဆစ်ချိုးမှာ
ဆေးထိုးအပ်နဲ့ ထွက်ပေါက်ရှာခဲ့တယ်
အခုတော့
သူ
လွတ်မြောက်သွားပေါ့....။
ပီတာ......... သူငယ်ချင်း
သံသရာအဖန်ဖန်ကျင်လည်ခြင်းမှာ
ကောင်းရာသုဂတိလားပါစေကွာ
(19)
ဟိတ်..... သူယုတ်
သင့်ရေဘ၀ဲလိုလက်တံနဲ့
သန့်စင်တဲ့လိပ်ပြာကို မဖျက်ဆီးလေနဲ့
ငါ့ပန်းတောကို မြေမလှန်နဲ့
အရှင်ဘုရား
ဒီကမ္ဘာမြေကြီး
အပြီးတိုင် ပြိုကွဲပျက်ဆီးသွားပါအံ့
နောင်ဖြစ်လတ္ဆံ ကမ္ဘာတွင်
စိတ်နှလုံးကောင်းမွန်မြတ်သူများသာ
လူဖြစ်ခွင့်ရပေါစေသတည်း။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(20)
မလွဲမချွတ်
ဝဋ်ဆိုတာ ကြောက်စရာကောင်းပါတယ်။
(21)
မြက်ခင်းတစ်ခင်းနွမ်းလည်း
မြက်ခင်းတစ်ခင်း ပြည်လည်စိမ်းလန်းလာမှာပဲ
နွေဦးဆိုတာ
အမြဲတမ်းပုန်းနေနိုင်မတဲ့လား
နှင်းဆီနဲ့
လေညှင်းနဲ့
အစွန်းအထင်းမရှိတဲ့ နေ၀န်းနီနဲ့အတူ
လှပတဲ့မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ်။
(22)
အမေရှိရာ လောကတစ်ခုဆီမှာ
မိုးတွေရွာချပြီဆိုရင်
အဲဒီမိုးစက်တွေဟာ
ကောင်းကင်ပေါ်က ထိုးဆင်းကျလာတဲ့
သားရဲ့ အလွမ်းသီးချင်းတွေပဲပေါ့
မိုးတိမ်တွေကတဆင့်
အမေ့ကို ရင်ဖွင့်မယ်
နားသောတဆင်ပါမေ..........။
(23)
သင်္ခါရတရားတို့ရဲ့
ပျက်စီးပြိုကွဲခြင်းသဘောကို ဆင်ခြင်ဖို့
အမေ့အတွက် မငိုဖို့
အမေ့ကို မလွမ်းဖို့
အမေ့ကို သတိမရဖို့
ငါ့မှာ တရားမရှိနိုင်ခဲ့ပါ။
(24)
ဒီကနေ့
အမေ့အခြေအနေ
ဘယ်လိုများနေရှာမလဲ
အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ
အိမ်ပြန်နောက်ကျတတ်တဲ့သားကို
အိမ်ပေါက်ဝက ဆီးကြိုဆဲပါပဲ
သားရဲ့နှလုံးသားထဲ
ထာဝရ အမေရှင်သန်ဆဲပါပဲ။
(25)
အမေ့ရဲ့
မေတ္တာ လှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေ သေးငယ်ကုန်ကြတယ်။
(26)
ကဗျာဖတ်ပြီး
ကဗျာမြတ်နိုးတတ်တဲ့ အမေ
.........ပါနဲ့ဦး အမေရယ်
နံစော်စော် ပုပ်အဲ့အဲ့ လောကကြီးထဲမှာ
သားကိုပစ်မထားခဲ့ပါနဲ့။
(27)
ငယ်ငယ်တုန်းကတော့
သားဟာ အမေ့ရဲ့ခွေးလေးတစ်ကောင်ပေါ့။
သားဟောင်တာကိုကြည့်ပြီး
အမေပီတိဖြာခဲ့တယ်။
အခုတော့သားဟာ
အမေ့ရဲ့မျက်ကွယ်က
အမှန်တရားကိုကိုက်ချီထားထဲ့ ”လင်းယုန်”
(28)
အနက်ရောင် မုန်တိုင်းထဲ
ရင်ဖွင့်ပျံသန်းဆဲပါ “အမေ“။
မိုဃ်းဇော်
သုမောင်လဲသေပြီအမေ
မင်္ဂလာဈေးကြိးလဲ မီးလောင်သွားပြီအမေ
အင်းလေးကန်ရေတွေ ခန်းနေပြီအမေ
မြစ်ဆုံမှာ ဗုံးတွေကွဲတယ်အမေ
သင်္ကြန်လဲ သွေးစွန်းခဲ့ပြီအမေ........
တောင်အာဖရိကမှာ ဘောလုံးတွေကန်နေပြီအမေ
စပိန်လဲ ရှုံးသွားပြိအမေ
မီးတွေလဲပျက်တုန်းပဲအမေ
ကျွန်တော်တို့ နိုင်ငံလဲ နူးကလီးယား တွေ ရှိတော့မယ်အမေ
အမြင့်ရောက်လိုကအမြင်ကျယ်တာထက်
အမြင်ကျယ်လို့အမြင့်ရောက်တာ ပိုကောင်းတယ်အမေ.........
တချို့တွေများ အမြင့်ရောက်လို့ ကြာနေတာတောင် အမြင်မကျယ်ကြဘူးအမေ.......
ဝမ်းသားစရာတွေလဲကြုံခဲ့ဖူးပါတယ်အမေ.............
ဝမ်းနည်းစရာတွေလဲ ကြုံခဲ့ဖူးပြီအမေ...........
ဘာမှမယ်မယ်ရရမရှိခဲ့ပါဖူးအမေ..........
လူဖြစ်ကျိုးနပ်တယ် ဆိုတာပဲအဖတ်တင်ခဲ့တယ်အမေ...........
ဒီပန်းတိုင် သို့ 65 မိုင် ရောက်ခဲ့ပြီအမေ............................။
စစ်မုန်းပုန်ကန်Rest of your post
Thursday, June 17, 2010
အမေ့လင်းယုန်(စစ်မုန်း ပုန်ကန်)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment