လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ အဆိုးဆုံးအဆင့် ၃ စာရင်းဝင်
By ဒေါ်လှလှသန်း
တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ဒီနှစ် မှာလည်း အဆိုးဆုံး အဆင့် ၃ မှာ ၁၀ နှစ်ဆက်တိုက် စာရင်းသွင်းတာကို ခံခဲ့ရပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုမှာ သက်ဆိုင်ရာ အစိုးရအနေနဲ့ အားနည်းတဲ့အတွက် အခုလို အဆိုးဆုံး နိုင်ငံတွေရဲ့ စာရင်းထဲမှာ ထည့်သွင်းခံရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူး မှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၇၇ နိုင်ငံက အခြေအနေကို လေ့လာပြီး ထုတ်ပြန်ခဲ့ရာမှာ အဆင့် ၃ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာအဆင့် စံနှုန်း အနိမ့်ဆုံးကို မမီတဲ့ နိုင်ငံတွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် မြန်မာ၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား အစရှိတဲ့ ၁၃ နိုင်ငံတို့ ပါဝင်ရာမှာ မြန်မာကတော့ ၁၀ နှစ်ဆက်တိုက် အဆင့် ၃ မှာ စာရင်းတင် ခံရတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာကို ထုတ်ပြန်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။
“ဒီအစီရင်ခံစာမှာ မှတ်တမ်းတင် ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ကမ္ဘာက ဆက်ပြီး လက်မခံသင့်တော့ပါဘူး။ ဒီအစီ ရင်ခံစာဟာ ချီးကျူးစရာ၊ အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ အကြောင်းကတော့ မျှော်လင့်ချက်ပေးသလို အရေးယူ ဆောင်ရွက်ရမယ် ဆိုတာကိုလည်း ဆော်သြရာ ရောက်ပါတယ်။ မျှော်လင့်ချက်ထားပြီး အရေးယူ ဆောင်ရွက်မှု မရှိရင် အကျိုးမရှိပါဘူး။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ပြောင်းလဲစေဖို့ အရေးယူ ဆောင်ရွက်နိုင်ဖို့က အရေးကြီးပါတယ်။”
မြန်မာနိုင်ငံအနေနဲ့ အဆင့် ၃ မှာ နှစ်နဲ့ချီ ဆက်တိုက် ပါဝင်နေရခြင်း အကြောင်းရင်းနဲ့ ပတ်သက်လို့ နယူးယောက်ခ် အခြေစိုက် လူ့အ ခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အကြီးတန်း သုတေသီ နီရှာ ဗာရီယာ (Nisha Varia) ကတော့ အခုလို ဗွီအိုအေကို ပြောခဲ့ပါတယ်။
“ဒီလို အခြေအနေမျိုးမှာ အဓိက အကဲစမ်းမှုကြီးကတော့ မြန်မာစစ်အစိုးရ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဦးစားပေး လုပ် ဆောင် ရမယ့် ပြဿနာ ဆိုတာကို နားလည် လက်ခံရမှာ ဖြစ်ပါတယ်။ အခုချိန်ထိ မြန်မာစစ်အစိုးရက တခြားအစိုးရတွေ တုံ့ပြန်ခဲ့သလို မျိုး အရေးယူ ဆောင်ရွက်မှုမျိုး မတွေ့ရပါဘူး။ ၁၀ နှစ်တာကာလကို ကြည့်ရင် စာရင်းသွင်းခံရတဲ့ တခြားနိုင်ငံ အတော်များများဟာ ဘယ်လို ပြုပြင်ရမလဲဆိုတာကို နည်းလမ်းရှာခဲ့ကြပါတယ်။ မြန်မာအစိုးရကတော့ အရေးယူ ဆောင်ရွက်ရာမှာ ဦးစား မပေးခဲ့ပါဘူး။ အလေးထား ဖြေရှင်းရမယ် ဆိုတာကို မြန်မာစစ်အစိုးရ သဘောပေါက်ဖို့ လိုပါတယ်။”
လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံး အဆင့် ၃ မှာ နှစ်တွေ ဆက်တိုက်ချီ ပါဝင်ခဲ့ပြီး သိသာတဲ့ အရေးယူ ဆောင်ရွက်မှု မျိုး သက်ဆိုင်ရာ နိုင်ငံအနေနဲ့ မယူရင် အထောက်အကူပေးမှု ဖြတ်တောက်မှု အပါအ၀င် ဒဏ်ခတ် အရေးယူမှုတွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုက ကနဦးက တည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီ့ထက်တိုးပြီး ချမှတ်နိုင်ရေးကတော့ စဉ်းစားရ ခက်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အနေနဲ့ လူကုန်ကူး ခံရသူတွေထွက်တဲ့ ပင်ရင်းနိုင်ငံအဖြစ် တွေ့ရှိရတယ်လို့ သတ်မှတ်ထားပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ခံရဖို့အတွက် လူကုန်ကူး ခံကြရပြီး မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကို စနစ်တကျ ဖြေရှင်းပေးနိုင်စွမ်း မရှိတဲ့ အတွက်လည်း မြန်မာလူမျိုး အများစုဟာ အိမ်နီးချင်း နိုင်ငံတွေမှာ လူကုန်ကူးခံရတာ ဖြစ်တယ်လို့ အစီရင်ခံစာ မှာ ထောက်ပြထားပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြီးတန်း သုတေသီ မစ်စ် ဗာရီယာကတော့…
“လူကုန်ကူးမှု တိုက်ဖျက်ရာမှာ မြန်မာစစ်အစိုးရဘက်က အရေးယူ ဆောင်ရွက်ဖို့ မအောင်မြင်ခဲ့တဲ့ နိုင်ငံမှာ သာဓက ဖြစ်ပါတယ်။ လူကုန်ကူးမှု ဟန့်တားရာမှာ၊ ကျူးလွန်သူတွေကို အရေးယူရာမှာ၊ လူကုန်ကူး ခံရသူတွေအတွက် ကယ်ဆယ်ရေး အထောက်အကူ ပေးရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းဖို့၊ ကလေးစစ်သားတွေအဖြစ် အသုံးပြုဖို့ လူကုန်ကူးတာတွေ ရှိတဲ့အပြင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ရာမှာလည်း အိမ်ဖော်လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ ကြွေးတင် ကျွန်ဖြစ်ရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။”
လူကုန်ကူးမှုနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပြင် ပြည်တွင်းမှာလည်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားများ အသုံးပြုမှုဟာ အဓိက ပြဿနာတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ အရပ်ဘက်နဲ့ တပ်တွင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုကို ရပ်တန့်ပြီး ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးအပြင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ချမှတ်ပြီး ဥပဒေကို ကျူးလွန် ချိုးဖောက်သူတွေ၊ လူကုန်ကူးမှုအတွက် အဂတိ လိုက်စားသူတွေ၊ လာဘ်စားသူတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့နဲ့ လူကုန်ကူး ခံရသူတွေကိုလည်း လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။
http://www1.voanews.com/burmese/news/burma/human-trafficking-report-2010-us-burma-96344714.html
Tuesday, June 15, 2010
လူကုန် ကျွန်ကုန် လိင်ကုန် အကူးကောင်းတဲ့ ရွှေနိုင်ငံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment