Thursday, July 22, 2010

မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေးမှု နည်းပါး

ဂျပန်နိုင်ငံရှိ အဆောက်အအုံတစ်ခုအတွင်း ဆေးလိပ်သောက်ရန် သီးသန့်ခန်းထားရှိပုံ

ဘူတာရုံများ၊ ဌာနဆိုင်ရာများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများနှင့် အချို့ဆေးလိပ် မသောက်ခွင့် မရှိသောနေရာများအဖြစ် သတ်မှတ်ထားသောနေရာများတွင် သီးသန့် ဆေးလိပ်သောက်သုံးရန် နေရာ သတ်မှတ်ထားရှိမှု နည်းပါးနေသေးကြောင်း သိရသည်။


'ဆေးလိပ်မသောက်ရတဲ့ နေရာကို ၂၀၀၄ခုနှစ် မေလ ၄ရက်နေ့မှာ (၅/၂၀၀၆) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဥပေဒကို ထုတ်ပြန်ပြီး သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်ရမယ့် နေရာတွေ မသတ်မှတ်ပေးသေးတော့ ကြုံရာနေရာတွေမှာ ဆေးလိပ်သောက်ကြတယ်။ ဒီတော့ မသောက်တဲ့သူတွေလည်း ဆေးလိပ်အငွေ့ကိုရှူမိပြီး နောက်ဆက်တွဲ ရောဂါဝေဒနာတွေ ခံစားနေရတာ တွေ့နေရပါသေးတယ်။ တခြားနေရာတွေမှာလည်း ဒီလို ဆေးလိပ်သောက်လို့ရတဲ့နေရာတွေ သတ်မှတ်ပေးသင့်ပါတယ်။ ဒါမှလည်း ဆေးလိပ်မသောက်ရနေရာတွေ မှာ ဆေးလိပ် မသောက်ကြတော့မှာ ပါ။ ဆေးလိပ်မသောက်တဲ့သူတွေ လည်းေ ဆးလိပ်အငွေ့ကို ရှူရတဲ့ဒုက္ခက ကင်းဝေးသွားမှာပါ' ဟု ဆရာဝန်ကြီးတစ်ဦးက ဆိုပါသည်။
မြန်မာနိုင်ငံ ဆရာဝန်များအသင်းတွင် သီးသန့်ဆေးလိပ်သောက်ရန် နေရာ သတ်မှတ်ထားရှိရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


ဆေးရုံ၊ ဆေးခန်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ၊ စာသင်ကျောင်းများ၊ အားကစားကွင်းများ၊ ကလေးကစားကွင်းများ၊ ကုန်တိုက်၊ ကုန်ပဒေသာ၊ စတိုးဆိုင်နှင့် အမိုးအကာရှိသည့် ဈေးများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများ ပြည်သူသုံးစာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့် ရွေ့လျား စက်လှေကားများ၊ ခရီးသည်တင်ပို့ဆောင်သော မော်တော်ယာဉ်နှင့်လေယာဉ်များ၊ လေအေးစက်တပ်ထားသော အများသုံးအခန်းများ၊ အများပြည်သူသုံး ခန်းမကြီးများ၊ ဘာသာရပ်၊ ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံနှင့် စာသင်ခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာ စာထုတ်ပြန်၍ သတ်မှတ်သည့် အများ ပြည်သူဆိုင်ရာ အခြားပရ၀ဏ်၊ အဆောက်အအုံနှင့်နေရာများကို ဆေးလိပ်သောက်ခွင့်မရှိသော နေရာများအဖြစ် သတ်မှတ်ခဲ့သည်။


ရုံး၊ဌာနတို့၏ အဆောက် အအုံများ၊ စက်ရုံ၊ အလုပ်ရုံတို့၏ အဆောက်အအုံများ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခို ရိပ်သာတို့၏ အဆောက်အအုံများ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ် နှင့်အဝေးပြေးဂိတ်တို့၏ အဆောက် အအုံများ၊ ပျော်ပွဲစားရုံ၊ ခရီးသည် သယ်ယူပို့ဆောင်သော ရထားနှင့်ရေ ယာဉ်များ၊ ကျန်းမာရေးဝန်ကြီး ဌာနကအမိန့်ကြော်ငြာစာထုတ်ပြန် ၍ သတ်မှတ်သည့်အများ ပြည်သူ ဆိုင်ရာ အခြားအဆောက်အအုံ၊ အခန်းနှင့်နေရာများတွင် ဆေးလိပ် သောက်ခွင့်ရှိသော သီးသန့်နေရာ များစီမံထားရှိရမည်ဟု ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဥပဒေတွင် ပါရှိကြောင်း သိရသည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်