Friday, July 23, 2010

ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသိပညာ နိမ့် ပါးတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့

မြန်မာနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၁၀၀၀၀ ကျော်မှာ အိတ်ခ်ျ အိုင်ဗွီပိုး(အသစ်) ကူးစက်ခံရသူများဖြစ်ကြောင်း သိရှိရပါသည်။

၂၀၀၉ ခုနှစ်တွင် အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်စပ်နာမကျန်းမှုကြောင့် သေဆုံးသူ ၁၇၀၀၀ ခန့်ရှိခဲ့ကြောင်းနှင့် ကလေး၊ လူကြီးအပါအ၀င် အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ နှင့်အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၃၈၀၀၀ ဦးခန့်ရှိကြောင်း သိရသည်။

အလွန်သေးငယ်ပြီး သာမန်မျက်စိဖြင့်မမြင်နိုင်သည့် အိတ်ခ်ျအိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်ထဲကိုအဓိက နည်းလမ်းသုံးမျိုးဖြင့် ၀င်ရောက်ပြီး ၎င်းတို့မှာအကာအကွယ်မဲ့လိင်ဆက် ဆံခြင်းမှတစ်ဆင့်၊ အိတ်ခ်ျအိုင်ဗွီပါသည့် မသန့်ရှင်းသောသွေးမှတစ်ဆင့် (သို့)အိတ်ခ်ျအိုင်ဗွီပါသည့် ဆေးထိုး ပြွန်၊ ဆေးထိုးအပ်၊ ခွဲစိတ်ကိရိယာ များမှတစ်ဆင့်၊ ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် သန္ဓေသား၊ ကလေး သို့ ကူးစက်ခြင်းတို့ ဖြစ်ကြသည်။

"အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်ခံရတယ်ဆိုတာ တခြားသူတွေပြောနေကြသလို မကြာခင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပြီး သေဆုံးတော့မယ်ဆိုတာ မဟုတ်ပါဘူး။ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရတဲ့လူတွေဟာလည်း တခြားသူတွေလိုပဲ ပျော်ရွှင်တဲ့ဘ၀ကိုရနိုင်ပါ တယ်။ အများအားဖြင့် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရတဲ့သူတွေဟာ ပိုးဝင်ရောက်ပြီး ငါးနှစ်က ၁၀ နှစ်အတွင်းသာလျှင် အေအိုင်ဒီအက်စ်ရောဂါ အဆင့်ကိုရောက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်မဆင်မခြင်နေမယ် ဆိုရင်တော့ ဒီထက်စောပြီး အေအိုင်ဒီအက်စ် အဆင့်ကိုကူးပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆင်ခြင်ခြင်နဲ့ ရှင်သန်လိုစိတ်ရှိခြင်းဟာ အသက်ရှည်ရှည်နဲ့ စိတ်ချမ်းချမ်းသာသာနေသွားနိုင်ဖို့အတွက် အရေးကြီးပါတယ်" ဟုအိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကာကွယ်တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်