မြင့်မောင် | သောကြာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာကျော် ကျောက်စိမ်းတွင်း တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ္မားယန်းနှင့် ဥရုချောင်း ရေလျှံသဖြင့် ရပ်ကွက် ၄ ခု နှင့် ကျေးရွာတရွာ ရေနစ်မြုပ်သွားကြောင်း သိရသည်။
ယခုလ ၂ဝ ရက်နေ့ ညနေပိုင်းမှ စတင်၍ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကတောင် ရပ်ကွက်များ ရေမြုပ်ကာ အမြင့်ပိုင်းရှိ မိုဟန်းရပ်ကွက်တခုသာ ရေမရောက်ရှိနိုင်ကြောင်းနှင့် နန့်မဖြစ်ကျေးရွာတွင် လူနေအိမ် ၅ လုံးခန့် ရေထဲမျောပါခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။
“ဥရုချောင်းနဲ့ မြို့လယ်လမ်းက ပေ ၁၅ဝ လောက် ကွာတယ်။ ဒီနေရာကို ရောက်တယ်ဆိုတော့ ရေပြင်အကျယ်ကို မျက်စိထဲ မြင်ကြည့်လိုက်တော့။ အခု ကျနော်ပြောနေတာက ဥရုချောင်းနဲ့ ပေ ၈ဝ-၉ဝ လောက် ကွာမယ်။ ကျနော့် ဆိုင်ပေါ်က ပြောနေတာ။ မြေပြင်နဲ့ ၉ ပေ - ၁ဝ ပေလောက် မြင့်တဲ့ အဆောင်က ပြောနေတာ။ အဆောင်ပေါ်မှာတောင် ဒူးလယ်လောက် ရှိတယ်” ဟု ဖားကန့် ဥရုချောင်းဘေးတွင် ဖွင့်လှစ်ထားသည့် စက်ချုပ်သမားတဦးက မဇ္ဈိမကို ပြောသည်။
အေးမြသာယာတွင် နေထိုင်သူတဦးကလည်း “တချို့အိမ်တွေဆို တော်တော်လေး မြုပ်နေတယ်။ ဖားကန့် ငှက်ပျောတောရပ်ကွက် ကမ္ဘောဇဘဏ်တဝိုက်မှာ ရေပြင်ကြီး ဖြစ်နေတယ်။ မနေ့ ညနေပိုင်းမှာ ၆ လက်မလောက် တက်လာတယ်။ ချောင်းထက် ပေ ၂ဝ လောက် မြင့်တယ်။ ကျနော်တို့ အိမ်အောက်ထပ်မှာ ခါးလောက် ရေရောက်တယ်’’ ဟု ပြောသည်။
ဥရုချောင်းအနီး နန့်မဖြစ်ကျေးရွာတွင် ဆောက်လုပ်ထားသည့် အလုပ်သမား နေအိမ် ၅ လုံး ချောင်းရေထဲ မျောပါသွားခဲ့ပြီး၊ လူအသေအပျောက် မရှိကြောင်း ဖားကန့် ဒေသခံများက ဆိုသည်။
စစ်အစိုးရ၏ ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဇူလိုင်လ ၁၉-၂ဝ ရက်နေ့တွင် မိုးသည်းထန်စွာ ရွားသွန်းမှုကြောင့် နမ္မားယန်းနှင့် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု ကုဋေးကျေးရွာအနီး အကျယ် ၁ဝ ပေ၊ အမြင့် ၁ဝ ပေရှိ ကိုယ့်အားကိုယ်ကိုး ရေတားတမံ ကျိုးပေါက်ခဲ့သဖြင့် ဖားကန့်မြို့ မြို့မ၊ မရှီကတောင်၊ ငှက်ပျောတောနှင့် အေးမြသာယာ ရပ်ကွက်တို့အပြင် နန့်မဖြစ်ရွာရှိ လူနေအိမ်တချို့ မျောပါပျက်စီးခြင်း၊ ရေဝင်နစ်မြုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရေဘေးသင့် ပြည်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့၍ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။
အေးမြသာယာရပ်ကွက်တွင် နေထိုင်သူက ’’ကျနော်တို့ဆီတော့ အစိုးရဘက်က ကူညီတာ မတွေ့ရပါဘူး။ အရင်တုန်းက တရပ်ကွက်ကို ၅ ယောက်လောက် ကူညီဖို့ လှေတစီးပေးတာပဲ ရှိတယ်။ အဲဒါတွေကလည်း မထိရောက်ပါဘူး။ ကလေးတွေ ကျောင်းသွားဖို့အတွက်တောင်မှ အရမ်းခက်တယ်” ဟု ပြောသည်။
ငှက်ပျောတောရပ်ကွက်မှ ဒေသခံတဦးကလည်း “ဒီလောက် ရေကြီးတာ သူတို့က ထမင်းထုပ်တထုပ် လာပေးတယ်ဆိုတာ မရှိဘူး။ ပေးတယ်လို့လည်း မကြားရဘူး။ ငါတို့ကတော့ ကိစ္စမရှိဘူး၊ စားနိုင်သောက်နိုင်တယ်။ ဒါပေမဲ့ အောက်ခြေ လူတန်းစားတွေက အများကြီး ရှိနေတယ်။ ဒီမှာက ဖားကန့်မြို့နယ် အနီးတဝိုက်၊ ဥရုချောင်း အနီးတဝိုက်နေတဲ့ လက်လုပ်လက်စား လုပ်နေတဲ့ သူတွေအနေနဲ့တော့ အခြေအနေအားလုံး ဆိုးနေတယ်” ဟု ဆိုသည်။
ယမန်နေ့က နံနက် ၉ နာရီ မိုးရေချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့တွင် ၂ ဒဿမ ဝ၅ လက်မနှင့် ဟုမ္မလင်းမြို့တွင် ၁ ဒဿမ ၅၇ လက်မ ရွာသွန်းခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ချောင်းရေလျှံခြင်းသည် နမ္မားယန်းနှင့် ဥရုချောင်းများ၏ အထက်ပိုင်းတွင် မက်စ်မြန်မာ၊ Ever အပါအဝင် ကုမ္ပဏီ ၅ ခုက ရွှေကျင်ခြင်းနှင့် ကျောက်တူးခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီး မြေစာများကို ချောင်းထဲသို့ စွန့်ပစ်ရာမှာ ချောင်းများ တိမ်ကောမှု ဖြစ်ပေါ်လာပြီး မကြာခဏ ရေလျှံမှုများ ဖြစ်ပေါ်ရကြောင်း ဖားကန့်ဒေသခံများက ပြောသည်။
ကုမ္ပဏီများမှ စွန့်ပစ်လိုက်သည့် မြုံး၊ မျှောနှင့် မြေစာများကို မဆင်မခြင် ချောင်းထဲသို့ စွန့်ပစ်မှုကြောင့် ရေချောင်းများ ပိတ်ဆို့ကာ ရေကြီးမှုများ ဖြစ်ပေါ်လာရသည်ဟု ဆိုကြသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာပုံများ ပြိုကျသောကြောင့် အနည်းဆုံး လူ ၃ဝ ခန့် သေဆုံးခဲ့ရသလို၊ ၂ဝဝ၈ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် မိုးများ ဆက်တိုက်ရွာသွန်းသဖြင့် မြေစာများ ပြိုကျကာ လူ ၂ဝ ခန့် သေဆုံးခဲ့ရသေးသည်။ Rest of your post
Friday, July 23, 2010
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
- ပျော့ဖက်စက်ရုံ ဓါတုစွန့်ပစ်ပစ္စည်းများ၏ဆိုးကျိုး ဒေ...
- အာဇာနည်ဗိမာန်သို့ နိုင်ငံရေးပါတီများ ခွဲခြား၍ တက်ေ...
- ကဲ... လာ... အာဇာနည်တွေကို အလေးပြုကြပါစို့...
- စိတ်ပျက်တယ်
- စိုးရိမ်ဖွယ်ရာ ဒေါ်စုလုံခြုံရေး
- ကျဆုံးသွားလေပြီးတဲ့ အာဇာနည်များကို ၆၃ နှစ်တိုင် အေ...
- “တယ်လည်း လေးစားလောက်တဲ့ ငါပါလား”
- ပန်းတောင်လွတ်လပ်စွာ ချခွင့်မရတာ စာပေဆိုဝေလာ ဝေးတဲ ...
- (၆၃) ကြိမ်မြောက်အာဇာနည်နေ့ သတင်းယူခွင့် ကန့်သတ်ခံရ
- ပြည်တွင်း NLD အဖွဲ့ချုပ် အဖွဲ့ဝင်များပြုလုပ်တဲ့ 19...
- ရန်ကုန်မြို့ အစိုးရရုံးတချို့ ၏ အာဇာနည်နေ့ပမာမခန့်...
- ဒေါ်အောင်ဆန်းစုကြည်သို့  ထပ်တူ ၀မ်းနည်းကြေကွဲကြောင်...
- အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း၊ အာဏာရှင်သန်းရွှေ န...
- အထင်ကရ မြန်မာပြည်မြို့ တော် ရန်ကုန်၏ အရိုင်းကောင် ...
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- ဖတ်ထိုက်သော ... ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း
- ပြည်သူ့ ရင်ထဲမှာ အမြဲ လေးစားခံနေရတဲ့ သခင်အောင်ဆန်း
- ရိုးသားပြီး ပြည်သူ့ ဆန္ဒ နှင့်လိုအပ်ချက်ပေါ်တွင်သာရပ...
- မြန်မာ့ တပ်မတော်ကို တည်ထောင်သူ၏ သမီးကို ၎င်းတပ်မတော်က...
- ကမ္ဘာတည်သ၍ ရင်ထဲထင်ကျန်နေမည့် ခေါင်းဆောင်များ
- အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်
- အာဏာအတွက် ဘာမဆို နတ်ရူးပြောလဲနားထောင်မှာ
- အာဏာရူး
- တပ်မတော်ဆိုသည်မှာ ပြည်သူတွေကို စောင့်ရှောက်ဖို့ ၊ ...
- Myanmar troops seize vulnerable boys for tough arm...
- ပြည်သူများ အကယ်၍ သဘာဝဘေး အန္တရယ်ကျခဲ့ လျင်
- ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တ...
- ဦးဝင်းထိန် နိုင်ငံရေးအကျဉ်းသားများကို ကူညီမည်
-
▼
July
(264)
No comments:
Post a Comment