Submitted by Karen Information Center on Friday, ဇူလိုင်လ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ သဒါးဒဲကျေးရွာတွင် ဇူလိုင်လ ၂၃ရက်နေ့ မွန်းလွဲ ၂း၃၀နာရီအ ချိန်၌ နအဖ စစ်ကြောင်းတကြောင်း ၀င်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်သည်ဟု နယ်ခံတဦးက ပြောသည်။
သူက “ဒီနေ့ ညနေပိုင်း ၂နာရီခွဲလောက်မှာ နအဖတပ်တွေက သဒါးဒဲရွာထဲမှာ ရောက်လာပြီး ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးလိုက် တယ်။ သူတို့(နအဖ) ရွာထဲကို မလာခင်မှာ မနေ့က လက်နက်ကြီးတွေနဲ့ ရွာထဲမှာ လှမ်းပစ်တယ်။ ရွာသားတွေကတော့ ရွာထဲမှာ လက်နက်ကြီးတွေ ကျလာတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးကြတာပေါ့၊”ဟု ပြောသည်။
ယမန်နေ့က ထိုနယ်မြေအနီးတ၀ိုက်တွင် နအဖတပ်များနှင့် ကေအဲန်ယူ တပ်မဟာ(၅) လက်အောက်ခံတပ်များ ပြောက်ကျားတိုက် ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းတပ်များသည် သဒါးဒဲရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသူ ရွာသားများမှာ ယမန်နေ့ကတည်းက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)မှ ဗိုလ်မှူးစောကလယ်ဒိုက ယခုလို ပြောဆိုသည်။
“မနေ့ကတော့ အဲဒီနအဖတပ်ဟာ ကျနော်တို့တပ်တွေနဲ့ တိုက်ပွဲနည်းနည်း ပြောက်ကျားဖြစ်သေးတယ်။ နောက်တော့ သူတို့က သဒါးဒဲရွာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တော့ ရွာသားတွေ အဲဒီအချိန်ကတည်းက တောထဲ ထွက်ပြေးတာ ရွာမှာ ဘယ်သူမှ မကျန်ကြတော့ဘူး။ ဒါကြောင့် နအဖစစ်ကြောင်းက ၀င်လာပြီး ရွာလုံးကျွတ် မီးရှို့လိုက်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
ယင်းသို့ ၀င်ရောက်မီးရှို့သည့် နအဖ စစ်ကြောင်းမှာ မည်သည့်တပ်ရင်းကဆိုသည်ကို ယခုအချိန်တွင် အတိအကျ မသိရှိရသေး သော်လည်း ၎င်းတပ်ဖွဲ့ဝင်များသည် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၁၀)၏ လက်အောက်ခံတပ်ရင်းများမှ ဖြစ်နိုင်သည်ဟု ကေအဲန် ယူ တပ်မဟာ(၅)က ခန့်မှန်းပြောဆိုသည်။
ထိုဒေသရှိ နအဖတပ်များသည် ယခု လပိုင်းအတွင်း ပုံမှန်မဟုတ်သည့် အထူးစစ်ဆင်ရေးပုံစံမျိုး လှုပ်ရှားလျှက်ရှိရာ ယခုလို နအဖ တပ်များ ၀င်ရောက်မီးရှို့မှုမှာ ၎င်းစစ်ဆင်ရေးနှင့် ပတ်သက်နိုင်ကြောင်း ထိုဒေသမှ လုပ်သက်ရင့် ဆေးတာဝန်ခံတစ်ဦးက ပြော သည်။
လက်ရှိအချိန်တွင် သဒါးဒဲ ရွာသူရွာသားများမှာ တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးတွင်းကာလတွင် နေ ထိုင်၊ စားသောက်ရေး ခက်ခဲနေသည့် ၎င်းရွာသားများကို ဆေးဝါးများ သွားရောက်ကူညီရန် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားများအဖွဲ့(BPHWT)က စီစဉ်ပြင်ဆင်နေသည်ဟု သိရသည်။
သဒါးဒဲကျေးရွာသည် နအဖတပ်စခန်းနှင့် နီးသလို နအဖစစ်ကြောင်းများ လှုပ်ရှားသွားလာနေသည့် လမ်းကြောင်းတွင် တည်ရှိရာ သတင်းရရှိချိန် ယနေ့ညနေအထိ အဆိုပါ နအဖတပ်များမှာ ရွာထဲမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးကြောင်း သိရသည်။
ဖာပွန်မြို့မြောက်ဖက် မိုင် ၄၀ ၀န်းကျင် ကွာဝေးသည့် သဒါးဒဲကျေးရွာတွင် အိမ်ခြေ ၅၀၀န်းကျင်၊ ရွာသူရွာသားဦးရေ ၅၀၀နီးပါးရှိ ပြီး ၎င်းရွာရှိရာဒေသသည် ကေအဲန်ယူ ထိန်းချုပ်ထားသည့် နယ်မြေလည်းဖြစ်သလို နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၀) လက်အောက်ခံတပ်ရင်းများလည်း လာရောက်လှုပ်ရှားလျှက်ရှိသည်။
လွန်ခဲ့သည့် ၂၀၀၆ခုနှစ်ကလည်း ရွာအနီး စပါးခင်းတွင် သဒါးဒဲရွာသား ၃ဦးကို နအဖတပ်များက အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။Rest of your post
Saturday, July 24, 2010
ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment