ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မိုးခေါင်သဖြင့် နှမ်းသီးနှံ အဓိက စိုက်ပျိုးရာ မြန်မာပြည် အလယ်ပိုင်းရှိ ၁၃ မြို့ နယ်တွင် နှမ်းခင်းအများစု ပျက်စီးကာ အချို့မှာ မျိုးအတွက်ပင် မရတော့ကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။
မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ နယ် ၁၃ မြို့ နယ်တွင် လုံလောက်သော မိုးရေချိန် မရရှိသဖြင့် အချို့ဒေသများတွင် ရာခိုင်နှုန်း ၉ဝ ခန့်အထိပင် ပျက်စီးကြောင်း ခန့်မှန်းထားကြသည်။ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများမှာ မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် နတ်မောက် မြို့ နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း မြို့နယ်များ ဖြစ်သည်။
“၂ဝဝ၉ ဇူလိုင်ကနေ မိုးခေါင်တာ ဒီနှစ် မေလမှ စရွာတယ်။ ရွာလိုက်တဲ့မိုးကလည်း အပင်အတွက် မလုံလောက်တော့ မျိုးပါ ပျက်စီး ဆုံးရှုံးရတာပေါ့။ တောင်သူ ၁ဝ ဦးမှာ တဦးလောက်ပဲ မျိုးပြန်ရတယ်” ဟု မန္တလေးတိုင်း မိတ္ထီလာမြို့ နယ် မောက်လောက်ရွာမှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။
မိတ္ထီလာမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးဧက ၁ သောင်းကျော် ရှိသည့်အနက် မောက်လောက်၊ ညောင်ပင်သာ၊ ရွာသစ်၊ ကန်သာအေး၊ ပိတောက်ပင် စသည့် ရွာများ အပါအဝင် ရွာပေါင်း ၂၇ ရွာမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
“နှမ်း ၁ဝ ဧက စိုက်ပေမယ့် ၁ ဧကစာလောက်ပဲ ရတဲ့အခြေအနေ ဖြစ်နေတယ်။ ခါတိုင်း တင်း ၃ဝဝ ရတဲ့လူက တင်း ၃ဝ ပဲ ရတော့တာပေါ့။ ကျန်တာတွေက ပျက်စီးသွားပြီလေ” ဟု ရေနံချောင်းမြို့ နယ် အုတ်လှကျေးရွာမှ တောင်သူတဦးက ပြောသည်။
ရေနံချောင်းမြို့နယ်တွင်လည်း ဧက ၁ သောင်းနီးပါး ရှိသည့်အနက် ရေနက်ချောင်း၊ ကန်နီ၊ ဆည်ကန်၊ ဂွေးကုန်း၊ သောင်းသဲ၊ ဝါးရုံကန် စသည့် ရွာများ အပါအဝင် ရွာပေါင်း ၂ဝ ထက်မနည်းမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
ထို့အပြင် တောင်တွင်းကြီးမြို့ နယ်ရှိ ကျောက်ကြား၊ ရွာသစ်၊ ဂွေးကုန်း၊ တပ်ကုန်း၊ ထန်းတပင် စသည့် ရွာများ အပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
တောင်တွင်းကြီးမြို့ မှ ဆေးလိပ်ခုံပိုင်ရှင် ကိုဖိုးလမင်းကလည်း “ဒီမှာလည်း နှမ်းတွေ တော်တော်များများ ဆုံးရှုံးကြတယ်။ ၁ဝဝ မှာ ၁ဝ ရာခိုင်နှုန်းတောင် ရမယ်မထင်ဘူး။ တချို့ဆို လုံးလုံးပျက်ကုန်တာ။ မြို့အနောက်ဘက်ခြမ်းက ကိုရန်ရွာမှာဆိုရင် အကုန်လုံး ပျက်သွားတော့ အခု ပြောင်းဖူးလေးတွေ ပြောင်းစိုက်နေကြတယ်” ဟု ပြောသည်။
နှမ်းတွင် ရေသွင်းနှမ်းနှင့် မိုးနှမ်းဟူ၍ ၂ မျိုးရှိပြီး ရေသွင်းနှမ်းကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးကာ မေလအတွင်း ရိတ်သိမ်းလေ့ရှိပြီး ဧရာဝတီ မြစ်ကမ်းနံဘေး ဒေသများတွင် ရေသွင်းစိုက်ပျိုးသည်။
မိုးရေအဓိကဖြင့် စိုက်ပျိုးသည့် မိုးနှမ်းကို မေလတတိယပတ်တွင် စတင်စိုက်ပျိုးပြီး သြဂုတ်လ ပထမပတ်တွင် စတင်ရိတ်သိမ်းလေ့ရှိသည်။ ရေသွင်းနှမ်းကို မြစ်နှင့်နီးသည့် ဒေသများတွင် ဧကအနည်းငယ်သာ စိုက်ပျိုးကြခြင်းဖြစ်ပြီး မိုးနှမ်းကို မိုးနည်းသည့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများတွင် စိုက်ပျိုးကြသည်။
အထူးသဖြင့် ရေနံချောင်း၊ မကွေး၊ တောင်းတွင်းကြီး၊ နတ်မောက်၊ မင်းဘူး၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မလွန်၊ ကျောက်ပန်းတောင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်စသည့် မြို့နယ်များတွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည်။
နှမ်းတဧကလျှင် ထွန်ယက်ခ၊ မျိုးစေ့၊ မြေသြဇာ၊ ပေါင်းနှုတ်ခတို့အပါအဝင် စိုက်ပျိုးစရိတ် ၁ သိန်းခန့် ကုန်ကျသည့်အတွက် ကြိုတင်ငွေချေးယူကာ စိုက်ပျိုးထားသည့်တောင်သူများမှာ လယ်ယာများ၊ အိမ်များ၊ နွားများ ဆုံးရှုံးဖွယ်ရှိကြောင်း ရေနံချောင်းမြို့ မှ သဘာဝမြေသြဇာ ရောင်းသူ ဦးသန်းအောင်က ပြောသည်။
“တောင်သူအများစုက ပြေလည်လို့ လုပ်ကြတာမဟုတ်ဘူးဗျ။ မပြေလည်တဲ့ အတိုင်းအတာထဲကနေ ချေးငှားပြီးတော့ လုပ်ကြရတာပါပဲ။ အဲတော့ ခုလို သီးနှံပျက်ပြီး ငွေမပေါ်ဘူးဆိုတော့ တချို့ဆို ယာထိုးအပ်ရတာ၊ လယ်ထိုးအပ်ရတာ၊ တချို့ဆို အိမ်ဝိုင်းတွေ ထိုးအပ်ရတာတွေ ဖြစ်လာနိုင်တာပေါ့ဗျာ”ဟု သူက ပြောသည်။
“မြို့အရှေ့ခြမ်းက ရွာသစ်တို့ ချောက်ကြားရွာတွေက မိန်းကလေး တော်တော်များများဆို မလေးရှား လိုက်ကုန်ကြပြီ။ ခါတိုင်းဆို ဒီလိုအချိန် တောင်ယာခွင်ကိုဝင်ပြီး ပေါင်းလိုက်နှုတ်တဲ့ အလုပ်လေးတွေ ရှိတယ်။ ဒီနှစ်သီးနှံတွေက အခက်အခဲဖြစ်တော့ ပေါင်းလည်းမနှုတ်ရဘူး။ စားဝတ်နေရေးက ခက်ခဲတော့ မိဘတွေကိုက လိုလိုလားလား လွှတ်ကြတယ်” ဟု တောင်တွင်းကြီးက ကိုဖိုးလမင်းကလည်း ပြောသည်။
ယခုကဲ့သို့ နှမ်းအထွက်နှုန်း ကျဆင်းသော်လည်း မန္တလေး ဈေးကွက်တွင် နှမ်းဈေးနှုန်း မြင့်တက်ခြင်းမရှိဘဲ ဝယ်လိုအားလည်း ပုံမှန်သာရှိကြောင်း နှမ်းကုန်သည်များက ပြောသည်။
“မိုးခေါင်လို့ နှမ်းအထွက်နှုန်း ကျပေမယ့် နှမ်းဈေးမတက်နိုင်လောက်ဘူး။ တရုတ်လိုင်းထွက်တာနဲ့ ပြည်တွင်း အဖြုန်းပဲရှိတယ်။ ဆီစက်အဝယ်လည်း ပုံမှန်ပဲရှိတယ်။ ဝယ်လိုအား မရှိဘူး” ဟု မန္တလေးမြို့ခံ နှမ်းကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
မြန်မာပြည်တွင် နှမ်းအညိုကို ဆီကြိတ်ရောင်းချပြီး နှမ်းအဖြူကို တရုတ်ပြည်သို့တင်ပို့ ရောင်းချသည်။
မန္တလေး ဈေးကွက်တွင် ယနေ့ပေါက်ဈေးမှာ နှမ်းအညို တတင်းလျှင် ကျပ် ၆ သောင်း ၉ ထောင်မှ ၇ သောင်း ၁ ထောင် ဈေးနှုန်းရှိပြီး နှမ်းအဖြူမှာ ၈ သောင်း ၃ ထောင်မှ ၈ သောင်း ၅ ထောင်အတွင်း ပေါက်ဈေးရှိသည်။Rest of your post
Monday, August 9, 2010
မြန်မာပြည် အလယ်ပိုင်း မိုးခေါင် နှမ်းခင်းအများစု ပျက်စီး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment