ပယ်ရီ ဆန်တနာချုပ် (Perry Santanachote) | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း၊ ကြွက်ဘေး၊ မိုးဆက်တိုက် ခေါင်ခြင်းတို့ကြောင့် မြန်မာ့စပါး အထွက်ဆုတ်နေရာမှ ဘူးလေးရာ ဖရုံဆင့်လိုက်သလိုပင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြီး ကမ္ဘာကြီး ပူနွေးလာမှု၏ ဒဏ်ကိုလည်း လယ်သမားများ ခံရဦးမည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော သုတေသန စာတမ်းတစောင်က ဆိုထားသည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာရှနိုင်ငံ အချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါး အထွက် ၁ဝ% မှ ၂ဝ% အထိ ကျဆင်းသွားခဲ့
နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ၂ဝဝ၈ ခုနှစ်တွင် စပါးအထွက် ၄ဝ% လျော့ကျသွားခဲ့သည် ဟု ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ဆိုထားသည်။
သို့သော် အမေရိကန်ထုတ် သုတေသနဂျာနယ်ဖြစ်သော အမျိုးသား သိပ္ပံအဖွဲ့စာစဉ် (Proceedings of the National Academy of Sciences ) ကလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာရှနိုင်ငံအချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါးအထွက် ၁ဝ% မှ ၂ဝ% အထိ ကျဆင်းသွားခဲ့သည်ဟု ရေးသား တင်ပြထားသည်။
Roland-Buresh
(photo: IRRI) နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိကသိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh)
ကမ္ဘာ့အပူချိန် အနည်းငယ်မျှ တက်လာလျှင်ပင် ကမ္ဘာ့ဆင်းရဲသားသန်းပေါင်းများစွာ အဓိက စားနပ်ရိက္ခာအဖြစ် မှီခိုအားထားနေရသော ဆန်စပါး စိုက်ပျိုးရာ ဒေသတွင်း စပါးအထွက် လျော့ကျသွားနိုင်သည်ဟု အဆိုပါ သုတေသန စာတမ်းက သတိပေး ရေးသားထားသည်။
ဆန်ဒီယေဂိုမြို့ ကာလီဖိုနီးယား တက္ကသိုလ် စီးပွါးရေးပညာရှင် ဂျဲရော့ဝဲလ်ရှ် (Jerrod Welch) ဦးဆောင်သည့် သုတေသနအဖွဲ့၏ တွေ့ရှိချက်များအရ ညအပူချိန် မြင့်တက်လာမှုကြောင့် စပါးပင်များ အနေဖြင့် အသက်ရှူရာတွင် စွမ်းအင် ပိုမိုသုံးစွဲရသဖြင့် နေ့အချိန် အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်း ပြုလုပ်ရန် လိုအပ်သည့် စွမ်းအင် မလုံမလောက် ဖြစ်ရသည်ဟု ဆိုသည်။
ညအပူချိန် ပြောင်းလဲလာမှုနဲ့ စပါး အထွက်နှုန်းကို ထိခိုက်စေမှု တွေဟာ ဗမာပြည်နဲ့လဲ အကျုံးဝင်
ဤလေ့လာသုတေသနပြုမှုကို မြန်မာနိုင်ငံတွင် ပြုလုပ်ခြင်း မရှိခဲ့သော်လည်း သက်ရောက်မှု ပုံစံချင်းတူသည့် ရာသီဥတုရှိသော ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၉ဝ% ကျော်ကို ထုတ်လုပ်ပေးနေသော အာရှတိုက်ရှိ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီး ၆ ခုရှိ ဆည်ရေသောက် စပါးစိုက်ခင်း ၂၂၇ ခုကို ၆ နှစ်ကြာ သုတေသနပြုအပြီး ယခုသုတေသန စာတန်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
`ညအပူချိန် ပြောင်းလဲလာမှုနဲ့ အနီးအပါးနိုင်ငံတွေက စပါးအထွက်နှုန်းကို ထိခိုက်စေမှုတွေဟာ ဗမာပြည်နဲ့လဲ အကျုံးဝင်ပါတယ်။ ရာသီဥတုချင်းက မနီးယိုးစွဲတူပါတယ်´ ဟု ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိက သိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh) က ပြောသည်။
နိုင်ငံတကာ အစိုးရများ၏ ရာသီဥတု ပြောင်းလဲမှု စုံစမ်းလေ့လာရေးအဖွဲ့ စတုတ္ထအကြိမ်မြောက် အစီရင်ခံစာ ၂ဝဝ၇ ခုနှစ် အလုပ်အဖွဲ့အမှတ် (၂) (သက်ရောက်မှုများ၊ အကျိုးဆက် အပြောင်းအလဲ၊ ထိခိုက်နစ်နာမှု) ၏ အဆိုအရ အပူချိန် ၃ ဒီဂရီစင်တီဂရိတ် ထက်ပို၍ မြင့်တက်လာလျှင်ပင် ဒေသအားလုံးရှိ သီးနှံအားလုံး စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
ညအပူချိန် မြင့်တက်မှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှုပေါ် သက်ရောက်မှုကို IRRI သုတေသနဌာနကြီးမှ ဒေါက်တာ ဖုန်ရှောက်ပင် (Dr. Peng Shaobing) က ကနဦး လေ့လာမှုများ ပြုလုပ်ခဲ့ပြီး သူ၏ သုတေသန အစီရင်ခံစာကို ၂ဝဝ၄ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ နွေရာသီတွင် အပူချိန် ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်တိုင်း စပါးအထွက် ၁ဝ% ကျဆင်းသည်ဟု ဖုန် နှင့်အဖွဲ့၏ သုတေသနစာတန်းတွင် တွေ့ရှိထားသည်။
မြန်မာနိုင်ငံရှိ စပါးစိုက်ခင်းများသည် အခြား အာရှနိုင်ငံများ ကဲ့သို့ ဆည်ရေသောက် လယ်များ မဟုတ်ဘဲ မိုးကောင်းလယ်များ ဖြစ်နေခြင်းကြောင့်
ဤသို့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက အရေးပါသော်လည်း မြန်မာနိုင်ငံတွင် စပါးအထွက်ကို ပိုမို ထိခိုက်စေသည့် အခြားအကြောင်းများလည်း ရှိသေးသည်ဟု ဘူးရှက်ရှ်က ပြောသည်။ အကြောင်းမှာ မြန်မာနိုင်ငံရှိ စပါးစိုက်ခင်းများသည် အခြားအာရှနိုင်ငံများကဲ့သို့ ဆည်ရေသောက်လယ်များ မဟုတ်ဘဲ မိုးကောင်းလယ်များ ဖြစ်နေခြင်းကြောင့်ဟု ဆိုသည်။
`မြန်မာနိုင်ငံမှာ စပါးအထွက်ကို ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းတွေက မိုးနဲ့ သွင်းအားစုဘဲ ဖြစ်တယ်´ ဟု သူက ပြောသည်။
သွင်းအားစုဆိုသည်မှာ မြေသြဇာ၊ အခြားဓါတုပစ္စည်းများနှင့် လယ်လုပ်ရာတွင် အသုံးပြုသော ထွန်ထယ် လယ်လုပ်ကိရိယာ စက်ပစ္စည်းများကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါ သွင်းအားစုများ ဝယ်ယူရန် လယ်သမားများ မကြာခဏ ငွေကြေးမလုံမလောက် ဖြစ်ကြသည်။ ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာစစ်အစိုးရတို့ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ နာဂစ်လွန် ပုံမှန်လေ့လာသုံးသပ်မှု သုံးကြိမ်မြောက် အစီရင်ခံစာအရ လယ်ယာသုံး သွင်းအားစုများရရှိမှုမှာ အကန့်အသတ်နှင့်ပင် ရှိနေဆဲဖြစ်ပြီး နာဂစ်မတိုင်မီက ထက်စာလျှင် စပါးအထွက် လျော့ကျသွားခဲ့သည်ဟု ပြောသည်။
irri
IRRI Website
လွန်ခဲ့သောလအထိ အပူချိန်သိသိသာ မြင့်တက်လာမှုကို သူသတိမထားမိပါဟု ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ စပါးစိုက် လယ်သမားတဦးက ပြောသည်။
`ဇူလိုင်ကတော့ သိပ်ပူလို့ ပျိုးမကြဲသေးဘဲ စောင့်နေရတယ်´ ဟု သူက ပြောသည်။
လွန်ခဲ့သော နှစ်များအတွင်း စပါးအထွက် ကြီးကြီးမားမား ကျဆင်းခဲ့သည်ဟုလည်း သူ သတိမထားမိကြောင်း ပြောသည်။ သို့သော် နာဂစ် နောက်ပိုင်း မိုးခေါင်လာခြင်းလို အကြောင်းများကြောင့်မူ သူ့လယ်တွင် အခက်အခဲ ကြုံခဲ့သည်။
သို့သော် အစိုးရကမူ စပါးပြတ်လတ်မည့် အရေးအတွက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်နေသည်။
ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) က ရခိုင်နှင့် တနင်္သာရီတို့ကို ဆန်စပါးမတင်ပို့ရဟု အကြောင်းတစုံတရာမပြဘဲ ပိတ်ပင်တားမြစ်လိုက်ကြောင်း မဇ္ဈိမ သတင်းဌာနက လွန်ခဲ့သောအပတ်က ဖော်ပြခဲ့သည်။ မြစ်ဝကျွန်းပေါ်ရှိ စပါးစိုက်လယ်သမား အများအပြားမှာလည်း ပိုမို အလုပ်ဖြစ်နိုင်မည့် အခြား အလုပ်များကိုရှာဖွေရင်း စပါးစိုက်ခင်းများကို စွန့်ခွာသွားနေကြသည်။Rest of your post
Wednesday, August 11, 2010
ရာသီဥတု ပူနွေးလာမှုကြောင့် အာရှစပါး အထွက်ထိခိုက်နိုင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment