15 November 2008
နယူးယောက် အထက် လွှတ်တော် အမတ် ဟယ်လာရီ ကလင်တန် (ဇန်န၀ါရီ ၉၊ ၂၀၀၈)
အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဘားရက် အိုဘားမား ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် နယူးယောက်က အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် ကို ခန့်အပ်ဖို့ ရာထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တချိန်တည်းမှာပဲ မစ္စတာ အိုဘားမား နဲ့ သူ့ရဲ့ ယှဉ်ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း တို့ဟာလည်း အိမ်ဖြူတော်မှာ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။ ဗွီအိုအေ သတင်းထောက် ဂျင် မက်လုံး သတင်းပေးပို့ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။
အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ ချီကာဂိုမြို့မှာ ကြာသပတေးနေ့က တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် သောကြာနေ့မှာ နယူးယောက်မှာ မိန့်ခွန်းတခု မပြောခင်တုန်းကတော့ နောက်တက်မယ့် နိုင်ငံခြားရေးဝန်ကြီး သူ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ပြောဆိုဖို့ မစ္စ ကလင်တန် က ငြင်းဆန် သွားခဲ့ပါတယ်။
“သမ္မတ သစ်ရဲ့ အစိုးရ အဖွဲ့သစ်နဲ့ ပတ်သက်ပြီး ကျမ ဘာမှ ခန့်မှန်းပြောဆိုတာ မလုပ်ဘူးလို့ ပြောပါရစေ။ သမ္မတ သစ်ရဲ့ လုပ်ငန်းစဉ်ကို ကျမတို့ ဂါရ၀ ထားရပါမယ်။ မေးစရာရှိရင် သူ့ရဲ့အဖွဲ့ကို တိုက်ရိုက်မေးသင့်ပါတယ်။”
မစ္စ ကလင်တန် ပြောသွားတာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်း ဒီမိုကရက်တစ် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတုန်းက မစ္စ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ဟာ တဖက်နဲ့တဖက် ခါးခါးသည်းသည်း သဘောထားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြီးတော့ ဒုတိယ သမ္မတလောင်းအဖြစ် နဲ့ ရွေးချယ်တော့လည်း မစ္စတာ အိုဘားမားက မစ္စ ကလင်တန် ကို မရွေးဘဲနဲ့ ဒလ၀ဲပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန် ကို ရွေးချယ်ခဲ့ တာကိုလည်း မစ္စ ကလင်တန်ကို ထောက်ခံသူတချို့ စိတ်ပျက်ခဲ့ကြပါတယ်။ မစ္စ ကလင်တန် ရဲ့ တချို့ အပေါင်းအဖော်တွေကတော့ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်တာကို သဘောကျနေကြပါတယ်။ သမ္မတ ဘေကလင်တန် လက်ထက်မှာ အိမ်ဖြူတော်ရဲ့ လက်ထောက်အဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဘလက်ဒီ ဒေးဗစ် က စီဗွီအက်စ် ရုပ်မြင်သံကြားရဲ့ မနက်အစောပိုင်း အစီအစဉ်မှာ အခုလို ပြောသွားပါတယ်။
“မစ္စ ကလင်တန်ဟာ ထူချွန်တဲ့ အမျိုးသမီး တယောက်ပါ။ တဖက်သား ပြောတဲ့စကားကို သေသေချာချာ နားထောင် တတ်တယ်။ ကမ္ဘာ့အရေးတွေကို ကြည့်တဲ့နေရာမှာလည်း သူများနေရာက ၀င်ပြီး ကြည့်ပေးတတ်ပါတယ်။ ဒါကြောင့်မိုလို့ သူဟာ တော်တဲ့ အထက်လွှတ်တော်အမတ် တယောက် ဖြစ်နေတာပါ။ ဒီအချက်ကပဲ သူ့ကို ထူးချွန်တဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး ဖြစ်စေပါလိမ့်မယ်။”
သမ္မတ ဘေကလင်တန် လက်ထက်က အိမ်ဖြူတော် လက်ထောက်ဖြစ်ခဲ့သူ ဘလက်ဒီ ဒေးဗစ် ပြောသွားတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် ခန့်အပ်ခွရမယ်လို့ အများက ခန့်မှန်းကြသူတွေထဲမှာတော့ ဒီမိုကရက်တွေ ဖြစ်ကြတဲ့ မန်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ နဲ့ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘေးလ် ရစ်ချက်ဆန် တို့အပြင် အခုဆိုရင် မစ္စ ကလင်တန်လည်း စာရင်းထဲမှာ ပါလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်သူ စာရင်းထဲမှာ အင်ဒီယားနားပြည်နယ်က ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ချက် လူကာ နဲ့ နာဘရားစကား ပြည်နယ်ရဲ့ ရီပါပလစ်ကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟီဂယ် တို့လည်း ပါဝင်ပါတယ်။
အခုချိန်ထိတော့ မစ္စတာ အိုဘားမားရဲ့ အစိုးရအဖွဲ့သစ်မှာ ဘယ်သူ့ကို ရွေးချယ်ဖို့ စဉ်းစားနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် သတင်းတွေ သိပ်ထွက်မလာသေးဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ မစ္စတာ အိုဘားမား ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့က သိပ်ကို လျှို့လျှို့ဝှက်ဝှက်နိုင်လို့ အပြင်က ဘာမှ သိပ်မသိရပါဘူးလို့ အကဲခတ်တွေက ပြောပါတယ်။ ဒီကြားထဲမှာတော့ သမ္မတသစ်အဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ မစ္စတာ အိုဘားမား ဟာ သူ့ပြိုင်ဘက် ဖြစ်ခဲ့တဲ့ အယ်ရီဇိုးနားပြည်နယ် ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တနင်္လာနေ့မှာ တွေ့ဆုံလိမ့်မယ်လို့ သူ့ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ က ပြောပါတယ်။ မစ္စတာ အိုဘားမားဟာ မစ္စတာ မက်ကိန်းကို သူ့ရဲ့ အစိုးရ အဖွဲ့သစ်မှာ ခန့်ထားမယ်လို့တောက အကဲဖြတ်တွေက မယူဆထားပါဘူး။ ဒါပေမယ့် ဇန်န၀ါရီလက စပြီးတော့ အစိုးရအဖွဲ့သစ် အာဏာတွေ လွှဲပြောင်းယူတဲ့အချိန်ကျရင်တော့ ပူးပေါင်းဆောင်ရွက်လို့ရမယ့် လုပ်ငန်းမျိုးတွေကို သူတို့ပြောဆို ဆွေးနွေးနိုင်ကြတယ်လို့ ခန့်မှန်းကြပါတယ်။
စီဘီအက်စ် သတင်းဌာနရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အန္တလန်းတစ် သတင်းစာရဲ့ အယ်ဒီတာလည်း ဖြစ်တဲ့ မာ့က် အဲန်မင်တန် က အခုလို သုံးသပ်ပါတယ်။
“သူတို့နှစ်ယောက်အနေနဲ့ အနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ မစ္စတာ ဘားရက်အိုဘားမား အနေနဲ့ မစ္စတာ ဂျွန်မက်ကိန်းကို သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနိုင်မှာပါ။ သိထားရမှာက ဂျွန်မက်ကိန်းရဲ့ အဓိကမူက သူဟာ လမ်းရိုးလမ်းဟောင်းကို လိုက်သူ မဟုတ်ဘူး။ ပါတီ စည်းမထားတဲ့ ပြုပြင်ပြောင်းလဲရေး သမား ဖြစ်တယ် ဆိုတာပါပဲ။”
မစ္စတာ အိုဘားမားရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ဟာ အိမ်ဖြူတော်ဝန်ထမ်း အဖြစ် ဘယ်သူတွေကို ထပ်ပြီးတော့ ခန့်အပ်မလဲ၊ ၀န်ကြီးအဖွဲ့ဝင် အဖြစ်နဲ့ ဘယ်သူတွေကို ရွေးချယ်ထားလဲ ဆိုတာ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ ကြေညာနိုင်ပါတယ်။
မစ္စတာ အိုဘားမားဟာ လာမယ့်နှစ် ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ Capital အဆောက်အဦ လှေခါးထစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2008-11-14-voa10.cfm
Friday, November 14, 2008
ဟယ်လာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ဖွယ်ရှိ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment