နာဂစ်မုန်တိုင်းအပြီး ၆ လအကြာ သန်းပေါင်းများစွာ ကံဆိုးမိုးမှောင်ကျဆဲ
ဆောင်းပါး
လာရီ ဂျေဂင်
သောကြာနေ့၊ နိုဝင်ဘာလ 07 2008 13:14 - မြန်မာစံတော်ချိန်
ဖျက်ဆီးအား ကြီးမားလှသည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်အပြီး ၆ လ အကြာတွင် လူပေါင်း တသန်းကျော်မှာ ဆင်းရဲဒုက္ခတွင်း၌ပင် ရှိနေသေးသည်။ သောက်သုံးရေသန့် ရှားပါးမှုနှင့် ကြုံနေရပြီး၊ အစားအစာ ပြတ်လပ်မည့် အန္တရာယ်လည်း ပိုကြီးလာနေသည်။ လူဦးရေထောင်ပေါင်းများစွာမှာ ယာယီအမိုးအကာများ အောက်တွင် နေထိုင်နေရဆဲရှိသည်။ ထိုအထဲတွင် အဆိုးဆုံးကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းများ ပိုမို ပေါ်ထွက်လာနေခြင်း ဖြစ်သည်။
“မြန်မာစစ်တပ်၏ အရာရာကို ထိန်းချုပ်လိုသည့် အစွဲအလမ်း ဥပါဒါန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ လျင်မြန်စွာ ပြန်လည်နာလန်ထူရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် မဖြစ်နိုင်သလောက်ပင် ဖြစ်နေရသည်” ဟု ချင်းမိုင် Payap တက္ကသိုလ် အခြေစိုက် လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက ဆိုသည်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရ၏ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ၊ အတင်းအကျပ် ပြောင်းရွှေ့စေခြင်းများနှင့် အလွန်အကျွံ မြေသိမ်းယူမှုများ တိုးတက် များပြားလာနေသည်ဟူသော သတင်းများကို ထုတ်ဖော် ပြောဆိုလာနေကြသည်။
“လွန်ခဲ့သော ၆ လလုံးလုံး ကယ်ဆယ်ရေး၊ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရ၏ အဓိက ကူညီပံ့ပိုးမှုမှာ အတင်းအကျပ် နှင်ထုတ်ခြင်းပင် ဖြစ်သည်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး - AI ၏ မြန်မာပြည်ဆိုင်ရာ သုတေသီ ဘင်ဂျမင်ဇာဝါကီး - Benjamin Zawacki က မဇ္ဈိမကို ပြောသည်။
“လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသည် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း ဤစိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထိုအချိန်ကတည်းက နအဖ - SPDC ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အတင်းအကျပ် နှင်ထုတ်ခြင်းနှင့် ကျေးရွာသားများကို အတင်းအကျပ် ပြောင်းရွှေ့စေခြင်းတို့ကို အများအပြား လုပ်ဆောင်ခဲ့ပါသည်” ဟု သူက ပြောကြားခဲ့သည်။
စစ်အစိုးရ၏ အဆိုးဆုံး မူမမှန်သည့်လုပ်ဆောင်ချက်မှာ ရုပ်ရှင်မင်းသားများ၊ စီးပွားရေးသမားများ၊ ဆရာဝန်များ၊ စာရေးဆရာများ စသည့် ပုဂ္ဂလိက စေတနာ့ဝန်ထမ်း မြန်မာများက မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအပေါ် အထူးစာနာ စိတ်ထိခိုက်ကာ အစားအစာ၊ ဆေးဝါးနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ကူညီလာသည်ကို တားဆီးဖိနှိပ်ခြင်းပင် ဖြစ်သည်။
ဤသို့ သဘာဝကပ်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည့် ရပ်ရွာစေတနာ့ဝန်ထမ်း လုပ်သား ၁ဝဝ နီးပါးမှာ ယခုအခါ ထောင်သွင်း အကျဉ်းချခြင်း ခံနေကြရသည်။ ထိုအထဲတွင် နာမည်ကျော်လူရွှင်တော်နှင့် အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ ဇာဂနာလည်း ပါဝင်သည်။ သူတို့၏ မေတ္တာဂရုဏာအတွက် သူတို့မှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ထိုသို့ ဖမ်းဆီးအရေးယူခံရသူများတွင် ဈာပနကိစ္စအတွက် အလောင်းများကို ဆေးကြောသန့်စင်ပေးမိသူ ၆ ဦးလည်း ပါဝင်သည်။ သူတို့ ထိန်းသိမ်းခံနေရသည်မှာ ယခုအခါ ၃ လကျော် ရှိသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီမှ ဆိုင်ကလုံး ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို မကြာသေးခင်က ဗုံးဖေါက်ခွဲရာတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဒီချုပ်၏ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သူ ဦးအုန်းကြိုင်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ကျန်ခဲ့သူများထံ အကူအညီများ ပေးပို့ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ဤ “လူသားချင်းစာနာသည့် သူရဲကောင်းများ” ဟု သူတို့ခေါ်သော သူများသည် မုန်တိုင်းတိုက်အပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်သည်ကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများကလည်း ဝန်ခံပြောဆိုခဲ့ကြသည်။ “ပထမ ရက်အနည်းငယ်အတွင်း ဤ ‘စေတနာရှင်များ’ က တကယ့်ကို အပြောင်းအလဲတရပ်ဖြစ်အောင် စွမ်းဆောင်ခဲ့ကြသည်။ သူတို့၏ ကြိုးပမ်းမှုများမှာ စနစ်မကျ အမှားအယွင်းများ ရှိခဲ့သည်ဆိုလျှင်ပင် တကယ့်ကို အရာရောက်ပါသည်” ဟု ရန်ကုန်ရှိ နိုင်ငံတကာ ကြက်ခြေနီဖက်ဒရေးရှင်း - IFRC ၏ အကြီးအကဲ ဘရစ်ဂျက်ဂါဒနာ - Bridget Gardner က မဇ္ဈိမကို ပြောသည်။ ဤစေတနာ့ဝန်ထမ်း ကြိုးပမ်းဆောင်ရွက်မှု အများစုသည် စစ်အစိုးရက နှိမ်နင်းခဲ့သည့်အတွက် ရပ်တန့်သွားခဲ့ကြရသည်။
“အကူအညီပေးရေး လုပ်သားများ၏ အပြောအရ ကလေးများစွာ ကျောင်းပြန်တက်နိုင်ကြပြီ၊ လယ်သမားများကလည်း သူတို့စပါးများ ဘယ်လောက်ထွက်မလဲဆိုသည်ကို စိုးရိမ်တကြီး စောင့်စားနေကြသည်၊ ရက်သတ္တပတ်တိုင်းတွင် အိမ်များ ပို၍ပို၍ ဆောက်လာနိုင်ပြီ။ အဆိုးဝါးဆုံး ထိခိုက်ခံခဲ့ရသည့် မြို့နယ်တွေအကုန်လုံးကို အကူအညီတွေ ရောက်သွားပြီးပါပြီ။ သို့သော် အကူအညီများ နောက်ထပ် လိုနေသေးသည့် နေရာများ ကျန်ရှိနေတုန်းပင်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသာချင်းစာနာသည့် အကူအညီပေးရေး မစ်ရှင်အဖွဲ့ အကြီးအကဲ Bishow Parajuli က ဆက်လက် ပြောဆိုသည်။
လွန်ခဲ့သော ၆ လက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဖျက်ဆီးခဲ့သော ဒေသများတလျှောက်တွင် တနေရာနှင့်မတူ ကွဲပြားသည်ဟု မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်သည့် World Vision ၏ အကြီးအကဲ အက်ရှလေကလီးမင့် - Ashley Clements က ပြောပါသည်။ “ကျနော်တို့ အခု အလှည့်အပြောင်း အချိုးအကွေ့တခုကို ရောက်နေပါပြီ။ ရေရှည်အတွက် အဓိက လုပ်ရတော့မယ့်၊ အထူးသဖြင့် ကလေးတွေအတွက် လုံခြုံမှုရှိတဲ့ ခိုလှုံရာနေရာတွေ ဖန်တီးပေးဘို့၊ ဆိုင်ကလုံးမုန်တိုင်းမှာ ဘာမှ မကျန်တော့တဲ့ လူတွေအတွက် စားဝတ်နေရေး လုံခြုံမှုရှိစေဘို့ ကိစ္စတွေကို ဆောင်ရွက်ပေးရပါမယ်” ဟု သူက ပြောသည်။
ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော ဒေသအချို့တွင် World Vision မှ သုတေသီများက တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် လွန်ခဲ့သောလအတွင်း စားနပ်ရိက္ခာ ချို့တဲ့မှုကြောင့် တနေ့စားရသော ထမင်းအနပ်ရေကို လျှော့စားနေကြရသည်ဟု ကျေးရွာသား ၃ ဦးတွင် တဦးက ဖြေကြားခဲ့သည်။
အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေး ၃ဝ ရာခိုင်နှုန်းအထိသည် ကျောင်းမအပ်ကြရကြောင်း၊ အသက် ၁၂ နှစ်မှ ၁၇ နှစ် အကြား ကလေး ထက်ဝက်ကျော်သည် ကျောင်းမတက်ကြကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
လောလောဆယ် အရေးပါဆုံး ပြဿဿနာမှာ နီးကပ်လာပြီဖြစ်သည့် ကောက်ရိတ်သိမ်းချိန်ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး - FAO က လျှို့ဝှက်ခန့်မှန်းရာတွင် လာမည့် ကောက်ရိတ်သိမ်းချိန်တွင် အလျှံပယ် မဟုတ်တောင်မှ အထွက်နှုန်း ကောင်းလိမ့်မည်ဟု ဆိုထားသည်။ လယ်သမားများမှာမူ သူတို့လောက် မျှော်လင့်ချက် မထားကြပါ။
“ကျနော်တို့ကတော့ နောက်နှစ် စိုက်ပျိုးရာသီကိုပဲ စောင့်ရတော့မှာပဲ။ ဒီနှစ်တော့ သိပ်အများကြီး မျှော်လင့်မထားပါဘူး” ဟု မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသတခုမှ သက်ကြီးရွယ်အို ကျေးရွာသားတဦးက ညည်းညူပြောကြားသည်။
မြန်မာပြည်၏ စပါးကျီ၊ အာရှတိုက်၏ တချိန်က စပါးကျီဖြစ်ခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် မြန်မာရပ်ရွာ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများကမူ ယခုနှစ်တွင် ထွက်နေကျနှုန်း၏ ၆ဝ ရာခိုင်နှုန်းအောက်သာ ထွက်ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။ အများစုမှာ ဆားငံရေများကုန်အောင် ထုတ်မပစ်နိုင်သေးဘဲ ကတိုက်ကရိုက် စိုက်ပျိုးခဲ့ရသဖြင့် အထွက်နှုန်းမှာ သိသိသာသာ ထိခိုက်လျော့နည်း ကျဆင်းလိမ့်မည်ဖြစ်သည်။
ကျေးရွာသား အများအပြားအတွက် အိုးအိမ်နှင့် ရေသန့်ရရှိရေးသည် သောကရောက်စရာကြီး ဖြစ်မြဲဖြစ်နေသေးသည်။ “သောက်ရေသန့် မလုံလောက်မှုဟာ အကြီးဆုံး ပြဿနာပါပဲ” ဟု မကြာသေးခင်က မြစ်ဝကျွန်းပေါ်ရှိ သူ့နေအိမ်ရှိရာသို့ သွားရောက်ခဲ့သူ မြန်မာတက်ကြွ လှုပ်ရှားသူတဦးက ဘန်ကောက်ပို့စ် သတင်းစာသို့ အီးမေးလ်ဖြင့် ရေးသား ပြောကြားခဲ့သည်။ ရွာသားများ၏ မှီခိုအားထားရာ သောက်ရေအတွက် မိုးရေသိုလှောင်သည့် ရေကန်များ၏ ၄ဝ ရာခိုင်နှုန်း အောက်သာလျှင် ပင်လယ်ဆားငံရေများ ထုတ်ပစ်နိုင်ခဲ့ပြီး၊ ပြင်ဆင်နိုင်ခဲ့ပြီး ဖြစ်သည်ဟု အဆိုပါ ဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေသည့် ရပ်ရွာစေတနာ့ဝန်ထမ်း အဖွဲ့အစည်းတခုက ပြောသည်။ ဆိုင်ကလုံးဒဏ်ခံ အဓိက ဒေသများရှိ လူထုကို အဆိုပါ ရပ်ရွာကူညီရေး အဖွဲ့အစည်းတခုက တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် သုံးပုံနှစ်ပုံမရှိသော လူထုကသာ သူတို့အနေဖြင့် သန့်ရှင်းစိတ်ချရသော သောက်ရေသန့်ကို ရရှိကြသည်ဟု ဖြေကြားခဲ့သည်။
တသန်းခန့်ရှိသော လူများသည် ယခုအချိန်အထိ ယာယီအမိုးအကာ သို့မဟုတ် ယာယီနေအိမ်များတွင် နေထိုင်နေကြရဆဲရှိသည်ဟု မြန်မာ အကူအညီပေးရေး လုပ်သားများက ပြောသည်။ ကုလသမဂ္ဂ ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများအနေဖြင့် အမြဲတမ်း အိုးအိမ် လိုအပ်နေဆဲရှိသည့် မုန်တိုင်းဒုက္ခသည်ပေါင်း မည်မျှအထိ ရှိသည်ဆိုသည်ကို မခန့်မှန်းနိုင်ကြပါ။
“အာဏာပိုင်တွေ၊ ကုလသမဂ္ဂနဲ့ တခြား အကူအညီပေးနေသူ အများအပြားရဲ့ အထောက်အပံ့နဲ့ လူတွေက သူတို့အိမ်တွေကို တဆင့်ပြီးတဆင့် ပြန်ဆောက်နေကြပါပြီ။ လပွတ္တာနဲ့ ဘိုကလေး ဒေသတွေမှာပဲ ခိုကိုးရာမဲ့ ဒုက္ခသည် ၁၅ဝဝဝ အတွက် အိုးအိမ်တွေ ဆောက်လုပ်ပေးဘို့ ကုလသမဂ္ဂအနေနဲ့ အထောက်အပံ့တွေ လိုနေပါသေးတယ်” ကုလသမဂ္ဂဌာနေ ညှိနှိုင်းဆက်သွယ်ရေးမှူး Bishow Parajuli က ပြောသည်။
သို့သော် အချို့သော ဒဏ်ရာအနာတရများမှာမူ ဘယ်တော့မှ ပျောက်ကင်းသွားနိုင်တော့မည် မဟုတ်ပါ။ မုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများတွင် ကလေးများရော လူကြီးများတွင်ပါ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရသည် ဖျက်မရသော အမဲမှတ်ကြီးအဖြစ် ကျန်နေတော့မည်ဖြစ်သည်။ “အခု ၆ လကြာတဲ့အထိ သူတို့ကျွဲတွေ ထိတ်လန့်တုန်လှုပ်နေတုန်းပဲလို့ လယ်သမားတွေက ပြောကြတယ်။ ဒါဆို ဒီဘေးဆိုးကြီးရဲ့ ထိခိုက်မှုဟာ အထူးသဖြင့် ကလေးတွေမှာ ဘယ်လိုဖြစ်ကျန်ခဲ့မလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်ပါတယ်” ဟု အက်ရှလေကလီးမင့်က ပြောသည်။ World Vision ၏ ကွင်းဆင်းလေ့လာချက်တရပ်အရ သူတို့ တွေ့ဆုံမေးမြန်းခဲ့သော ကလေးများ၏ ၇ဝ ရာခိုင်နှုန်းကျော်မှာ လွန်ခဲ့သော မေလ သဘာဝကပ်ဘေးကြီး အပြီးတွင် လေတိုက်ခြင်းနှင့် မိုးရွာခြင်းကို ယခုတိုင် ကြောက်လန့်နေဆဲဖြစ်ကြောင်း သိရသည်။
“ကယ်ဆယ်ရေးလုပ်ငန်းအဆင့်က ပြီးတော့မယ်။ ရေရှည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို စရတော့မယ်” ဟု ဘရစ်ဂျက်ဂါဒနာ - Bridget Gardner က ပြောကြားသွားကာ၊ “အောင်မြင်မှုတွေလည်း ရှိခဲ့တယ်။ အားနည်းချက်တွေလည်း ရှိခဲ့တယ်။ အနာဂတ်အတွက် သင်ခန်းစာတွေလည်း ရခဲ့ပါတယ်” ဟုလည်း သူမက ဆက်လက်ပြောကြားသွားသည်။
အားလုံးသည် လမ်းကြောင်းမှန်အတိုင်း သွားနေပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ဘဏ္ဍာရေးအထောက်အပံ့များ လိုသည်ဟူသော မြန်မာအစိုးရ၏ အမြင်ကို နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများက လိုလိုချင်ချင် ထောက်ခံကြသော်လည်း အမှန်စင်စစ် ဤမျှလောက် အခြေအနေ မကောင်းလှပါ။ ယခုပင်လျှင် စစ်အစိုးရ၏ သဘာဝမကျသည့် ပုံသေသတ်မှတ်ထားသည့် ငွေလဲနှုန်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပေးသင့်တာထက် ပို၍ ပေးခဲ့ရပြီး ဖြစ်သည်။
“ကနဦးက အက်ဖ်အီးစီကို မသုံးမနေရ သုံးရမယ်လို့ ဆိုခဲ့တာကြောင့် ကုလသမဂ္ဂအနေနဲ့ အနည်းဆုံး ဒေါ်လာ ၅ သန်း ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ကျနော် ခန့်မှန်းပါတယ်။ ဒီငွေတွေကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် - MFTB ကတဆင့် စစ်အစိုးရက သူ့အိတ်ထဲ ထည့်သွားပါတယ်” ဟု သြစတြေးလျ Macquarie တက္ကသိုလ် မြန်မာ့စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ် ကျွမ်းကျင်သူ ရှောင်တန်းနဲလ် - Sean Turnell က ပြောသည်။
ပိုဆိုးသည်မှာ ကုလသမဂ္ဂ၏ ဖြေရှင်းနည်းဖြစ်သော ဒေသခံ ကန်ထရိုက်တာများကို နိုင်ငံခြားငွေနှင့် ပေးချေခြင်းသည် အလွဲသုံးစားမှုများ၊ ငွေပိုတောင်းခြင်းများ၊ ပြောင်ပြောင်တင်းတင်း လာဘ်စားမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်ဟု မစ္စတာ တန်းနဲလ်က မှတ်ချက်ချသည်။ ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသည့် သနားစရာ့ ဒုက္ခသည်များထံ ရောက်ရှိရမည့်အစား စစ်အစိုးရနှင့် အမြီးစားဘက် ခေါင်းစားဘက် ကုမ္ပဏီများမှ ရိတ်ယူသွားခဲ့ကြသည်။ ထို့ပြင် စစ်အစိုးရ၏ ဘတ်ဂျက်နှင့် နိုင်ငံခြားအရန်ငွေကြေးကို တိုးပွားလာစေခဲ့သည်။
နိုင်ငံတကာ လေ့လာ သုံးသပ်သူများကမူ အကူအညီပေးရေး ကြိုးပမ်းမှုများသည် မြန်မာပြည်သူများ၏ ရေရှည်အခြေအနေကို ပို၍ ဆိုးရွားသွားစေခဲ့သည်ဟု ဆိုကြသည်။ ဆိုင်ကလုံးမုန်တိုင်း မတိုက်ခင်ကတည်းက ကြွေးတင်ခြင်းသည် ကြီးမားသော ပြဿနာကြီးအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။ မုန်တိုင်းမတိုက်မီကပင် ကျေးလက်နှင့် မြို့ပြရှိ လူအများစုမှာ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ခံနေခဲ့ကြရသည်။
ဆိုင်ကလုံး မတိုင်မီတွင် အိမ်ထောင်စု ၂ စုတွင် တစုသည် ကြွေးတင်လျက်ရှိကြသည်ဟု ကုလသမဂ္ဂ လေ့လာချက်များက ဆိုသည်။ ဤအခြေအနေသည် မုန်တိုင်းတိုက်ပြီးကတည်းက ပို၍ ဆိုးရွားသွားခဲ့သည်။ ကုလသမဂ္ဂမှ အထူးသဖြင့် လယ်သမားများအတွက် ပေးအပ်သည့် အကူအညီအများစုဖြစ်သော မျိုးစေ့၊ မြေသြဇာ၊ ထွန်ထယ်နှင့် ခိုင်းကျွဲနွား စသည်တို့ကို အထောက်အပံ့များအဖြစ် မဟုတ်ဘဲ ချေးငွေများအဖြစ် အစိုးရအေဂျင်စီများက လွှဲပြောင်းရယူသွားခဲ့ကြသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် ဒေသ ၃ ခုတွင် ဒေသခံ အိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းခန့်မှာ သူတို့ပစ္စည်းပစ္စယများကို ရောင်းချခဲ့ကြရပြီး၊ လွန်ခဲ့သော လအတွင်းကလည်း အိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းကျော်မှာ အစားအသောက် ဝယ်ရန်အတွက် ချေးငှါးရခြင်း သို့မဟုတ် အစားအစာ ချေးငှါးရခြင်းတို့ကို လုပ်ဆောင်ခဲ့ကြရသည်။
မြေများ ပိုမိုသိမ်းယူခြင်းကြောင့် ကြွေးတင်မှုသည် ပိုဆိုးလာသည်ဟု စစ်အစိုးရ၏ အထာကို အကျွမ်းတဝင် ဖြစ်နေသည့် လေ့လာသူများက ပြောသည်။ လပွတ္တာတွင် လယ်ဧက ၁ဝဝ ကျော်ရှိ လယ်သမားများကို လယ်ထွန်စက် အကြွေးအဖြစ် စပေါ်ငွေ ကျပ် ၂ သိန်း တင်စေကာ ဝယ်ယူခွင့်ပြုခဲ့သည်။ ကျန်ငွေကို နောင်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ထွန်စက်တစီး၏ တန်ဖိုးမှာ ကျပ် ၁၇ သိန်းဖြစ်သည်။ လယ်သမားအများစုမှာ အဆိုပါ စပေါ်ငွေကို ပေးနိုင်ခြင်းမရှိကြဘဲ အဆိုပါ အကြွေးကို ပြန်ဆပ်နိုင်ရန် လုံလောက်သော ဝင်ငွေရရှိနိုင်မည့် မျှော်လင့်ချက်လည်း နည်းလှသည်။ ထို့ကြောင့် သူတို့အနေဖြင့် လယ်ယာမြေများကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့ကြရသည်။
ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတလျှောက်တွင် ဤသို့ မြေများသိမ်းယူမှုသည် မကြာခဏ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ “မြစ်ဝကျွန်းပေါ်ဒေသရှိ မြေကွက်များကို ပိုင်ဆိုင်ကြောင်း အထောက်အထားများကို ရွာသားအနည်းစုကပဲ တင်ပြနိုင်ကြတယ်။ အတော်များများကတော့ သူတို့လယ်တွေကို စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြား အကျိုးစီးပွားတွေအတွက် သူတို့မြေကွက်တွေကို စွန့်လွှတ်ခဲ့ကြရတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ Benjamin Zawacki က မဇ္ဈိမကို ပြောသည်။
အဆိုပါ လယ်မြေများကို ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းမရှိလျှင် ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်းဖြင့်လည်း အစိုးရက အဆိုပါ လူထုကို ပြောကြားထားခဲ့ပြီးဖြစ်သည်။ သို့သော် ဤသို့ ထွန်ယက်စိုက်ပျိုးနိုင်ရန် လိုအပ်သော လယ်လုပ်ကိရိယာနှင့် မည်သည့် စက်ပစ္စည်းများကိုမျှ အစိုးရက ပေးအပ်ခြင်း မရှိခဲ့ပါ။ ဤ ဂျာအေး သူ့အမေရိုက်နေသော အခြေအနေကြောင့် ‘အများအကျိုးအတွက်’ ဟူသော ခေါင်းစဉ်ဖြင့် လယ်ယာမြေမှ အတင်းအကျပ် နှင်ထုတ်ခံရခြင်းများ၊ မြေယာ အကြီးအကျယ် သိမ်းယူခြင်းများ ပေါ်ပေါက်လာခဲ့သည်။
ဤအခြေအနေက ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အထူးသဖြင့် ကြွေးမြီ ပြန်လည်ပေးဆပ်ခြင်း မပြုနိုင်သည့် ကျေးလက်ရှိ လယ်သမားများ ပိုခံခဲ့ကြရသည်။
ထို့ကြောင့် ၆ လကြာခဲ့ပြီ ဖြစ်သော်လည်း သန်းပေါင်းများစွာသော ကျေးရွာသားများမှာ မကြာခင် အခြေအနေ ကောင်းလာတော့မည်ဟူသော မျှော်လင့်ချက်များ နည်းသည်ထက် နည်းလာနေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အနာဂတ်ကို ရင်ဆိုင်နေကြရသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများက လူသားချင်း စာနာသည့် နယ်ပယ်တွင် တိုးမြှင့်အကူအညီပေးရေး ကိစ္စများကို ပြောဆိုနေကြသော်လည်း၊ စစ်အစိုးရ၏ အရာရာကို ထိန်းချုပ်ထားလိုသည့် စွဲလမ်းမှု ဥပါဒါန်ကြောင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများမှာ မလွဲမသွေ ပျက်စီးရမည့် အခြေအနေရှိနေသည်။ မြန်မာပြည်သူများအတွက်လည်း တခါမျှ မကြုံဖူးသည့် အဆိုးဆုံး အခြေအနေနှင့် ကြုံတွေ့ကြရဦးမည်ဖြစ်သည်။
“သူတို့က သဘာဝကပ်ဘေးက ကယ်ဆယ်ဘို့ပဲ တုံ့ပြန်လုပ်ဆောင်နေကြတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် စိုးရိမ်ပူပန်မှုတွေကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေက အကြီးအကျယ် လျစ်လျူရှုထားကြတယ်” ဟု Benjamin Zawacki က ပြောသည်။
“ချက်ချင်း ကယ်ဆယ်ရေး လုပ်ရတဲ့အဆင့်မှာ ဒီလိုဖြစ်တာတွေကို နားလည်နိုင်ပေမယ့်၊ အခုအချိန်အထိ ဖြစ်နေတာကိုတော့ လုံးဝလက်ခံလို့ မရပါဘူး။ အခုလို စိုးရိမ်ပူပန်ရတာတွေ ရှိနေတာကို ကုလနဲ့ တခြားအဖွဲ့တွေက အသိအမှတ်ပြုဘို့နဲ့ ဖြေရှင်းဘို့ ပျက်ကွက်နေသမျှ၊ မြန်မာနိုင်ငံ ပြန်လည်နာလန်ထူရေး လုပ်ငန်းဟာ ရေရှည်မှာ ကြာကြာခံမှာ မဟုတ်ဘူး” ဟု သူက သတိပေးပြောကြားသွားခဲ့သည်။
လာရီ ဂျေဂင်
(လာရီဂျေဂင် - Larry Jagan သည် မြန်မာ့အရေး ကျွမ်းကျင်သူ ဘန်ကောက်အခြေစိုက် အလွတ်သတင်းစာဆရာ တဦးဖြစ်ပြီး၊ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၏ မျက်မှောက်ရေးရာ သတင်းနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ အယ်ဒီတာဟောင်း တဦးလည်း ဖြစ်သည်။)
Mizzima net news web pagehttp://www.mizzimaburmese.com/songpa/1948-2008-11-07-06-59-35.html
Rest of your post
Friday, November 7, 2008
ဗမာ့တိရိစ္ဆာန် စစ်အုပ်စု လက်အောက်က တိုင်းပြည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment