Thursday, November 13, 2008

ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းတခုဖြစ်ပေါ်နေ

11/13/2008

မောင်သစ်အောင် (နိရဉ္စရာ) စစ်အစိုးရ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တိုင်းထွာချက်အရ ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ တဖြည်းဖြည်း အားကောင်းလာနေ ကြောင်း ဖေါ်ပြသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အနောက်မြောက် ယွန်းယွန်းသို့ ညင်သာစွာ ရွေ့လျား နေကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် မိုးလေ၀သနှင့် ဇာလဗေဒဌာန၏ ကြိုတင်သတိပေးမှု မရှိခြင်းကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ယခုအခါ စစ်အစိုးရမှ မုန်တိုင်း သတိပေးမှုအပေါ် အထူးတလည် အာရုံစူးစိုက်မှု ရှိနေကြောင်း သိရသည်။

Rest of your post

1 comment:

Who said...

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှုဦးစီးဌာန
(Department of Meteorology and Hydrology)

Post a Comment

ယခင် သတင်းများ ဖတ်ရန်