မြန်မာနှင့် တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော
ဆစ်ဒစ်အစ္စလမ်
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008
ဒါကာ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေပိုင်နက် ပြဿနာ တင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အစ်ဖ်တက်ကာ အာမက် ချောင်ဒရီ က ဒါကာမြို့တွင် တနင်္လာနေ့က ပြောကြားသည်။
ဒေဝူးကုမ္ပဏီ၏ ဟိုက်ဒရိုကာဘွန် ရှာဖွေရေး ရေနံတွင်းတူးစင်ကြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အငြင်းပွားနေသော ရေပြင်မှ ပြန်လည် ထွက်ခွာသွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ လျော့ပါးသွားခြင်းသည် နှစ်နိုင်ငံစလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ်ကို ရောက်ရှိစေခဲ့ကြောင်းဖြင့် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အခုလို ပင်လယ်အော်အတွင်း ပျော်ရှင်ဖွယ် အဆုံးသတ်ကို ရခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အားလုံးကို အကျိုးပြုမှာ ဖြစ်ပါတယ်” ဟု ဒါကာမြို့တွင် တနင်္လာနေ့ ညနေပိုင်းက ကျင်းပသော မီဒီယာနှင့် တွေ့ဆုံပွဲ၌ သူက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ၏ ရေပိုင်နက်ဟု တောင်းဆိုနေသည့် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ လုပ်ကွက်အမှတ် ဗီ-၇ တွင် ဟိုက်ဒရိုကာဘွန် ရှာဖွေရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာရှိ လုပ်ကွက်တွင်
တူးဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော ဒေဝူးကုမ္ပဏီ၏ ရေနံတွင်းတူးစင်ကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရေတပ်သင်္ဘောများ စေလွှတ်လိုက်ပြီးနောက် နှစ်နိုင်ငံကြား အခြေအနေများ နောက်ထပ် တင်းမာလာခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက် လိုလားကြောင်းနှင့် ကျွန်ုပ်တို့ ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန် မူဝါဒအတိုင်းပင် ကျင့်သုံးသွားမည်” ဟုလည်း ပြောသည်။
ဤဖြစ်ထွန်းတိုးတက်မှုသည် နိုင်ငံခြားရေးဌာနအတွင်းဝန် မိုဟာမက် တိုဟစ် ဟူစိန် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ၃ ရက်ကြာ သွားရောက်ကာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစောပိုင်းတွင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့ကိုလည်း သံတမန်လမ်းကြောင်းမှ ဆက်သွယ် ချဉ်းကပ်နိုင်ရန် နည်းလမ်း ရှာဖွေခဲ့သေးသည်။ ဒေဝူးကုမ္ပဏီကလည်း ဤအငြင်းပွားနေသော ရေပြင်မှ ယင်းတို့၏ ရေနံတွင်းတူးစင်ကြီးကို ပြန်လည် ရုပ်သိမ်းနိုင်ရန် စတင် လုပ်ဆောင်နေပြီဟု လွန်ခဲ့သော ၂ ရက်ကပင် ပြောဆိုခဲ့သေးသည်။
ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ယခုအထိ ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ၊ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်အပတ်တွင် ဒါကာမြို့၌ ဆွေးနွေးရန် မျှော်လင့်ရသည်။ ဤအစည်းအဝေးသို့ မြန်မာ ဒုတိယဝန်ကြီး လာရောက်မည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ပြောကြားသည်။
Tuesday, November 11, 2008
အပေးအယူတည့်သွားပြီးတဲ့ တတ်လဲတတ်နိုင်ကျပါပေ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment