Wednesday, November 12, 2008

ဗုဒ္ဓ ၀င်စား သတင်း

အေ ပီ - နိပေါလ်
သိန်းဇော် - အိန္ဒိယ



ဒီနေ့ ကမ္ဘာအင်တာနက်စာမျက်နာ တွေမှာ ပါလာတဲ့သတင်းတပုဒ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်။ သတင်းကတော့ နိပေါနိင်ငံ မြို့ တော် ခပ်တမန်ဒူး နဲ့  ၁၆၈ ကီလိုမီတာတွေတဲ့  ရက်တန်ပူရ် (Ratanpur ) တောထဲမှာ ဗုဒ္ဓ၀င်စား တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ ဗုဒ္ဓ ၀င်စားတယ်လို့ သတင်းကြီးတဲ့ သူကတော့ အသက် ၁၈ နစ်မျှသာရှိသေးတဲ့ ရမ်ဘဟာဒါ ဘမ်ဂျန် (Ram Bahadur Bamjan) အမည်ရတဲ့  လူငယ်လေးတဦးဖြစ်ပါတယ်။ သူက အစာမစား မလှုပ်မရှားပဲ နဲ့ နေလာတာ သုံးနစ်ခန့် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ တော့သူက သူနောက်လိုက်တွေခြံရံပြီး ထွက်လာပါတယ်။ ရှည်လျားလှတဲ့ သူဆံပင်တွေကို ဖါးလျား ချပြီး ညောင်ပင် အောက်မှာတင်ပုလင်ခွေ ထိုင်နေပါတယ်။ သူကိုလာရောက်ဖူးတဲ့သူတွေရှီခိုးဦးချ လုပ်နေသူတွေထဲမှာ လူတွေရော ဗုဒ္ဓဘာသာ သံဃာတွေပါပါဝင်နေခြင်းဖြစ်ပါတယ်။


သူလက်နဲ့  လာရောက်ဖူးမျော်သူရဲ့ ဦးခေါင်းနဲ့ လက်ကို သူက သပ်ပြီး ဆုမွန်ကောင်းပေးနေတာကိုတွေ့ ရပါတယ်။ တယောက်ကဆိုရင် သူကိုဖူးရတာ အလင်းရောင်တွေ ရလာသလို ပဲလို့ ဆိုတယ်။ အမျိုးသမီးကြီးတယောက်ကတော့ သူကိုဖူးမြင်ရတာ ချမ်သာသုခ ကိုခံစားရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မယုံကြည်တဲ့သူတွေကလည်း ရှိနေပါတယ်။ သူဟာ ဗုဒ ၀င်စားဆိုတာက တရားထိုင်နေရုံ ဘာမှ မစားပဲနေရုံလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဗုဒ၀င်စား ကတော့ ဒီလိုစွပ်စွဲချက်တွေကို ဘာမှာ မတုန့် ပြန်ဘူး လို့ ဆိုတယ်။ သူကို ဖူးမျော်ဖို့ လာတဲ့ ချီတဲ့ သူတွေ တန်းစီနေတဲ့ လိုင်းကတော့ ထောင်နဲ့ ချီပြီးရည်လျား နေတယ်။ မြန်မာပြည်ကိုနိပေါက ဗုဒ္ဓ အလောင်းအလျာ ရောက်သွားရင်တော့ အနည်းဆုံး ၆၅ နစ်ပဲ လို့ ယူဆနိင်ပါကြောင်း။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်