ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အရှိန်လျော့သွားစေတဲ့ ကမ္ဘာ့ ဘဏ္ဍာ ငွေကြေး ဈေးကွက် ပြဿနာကို ဆွေးနွေး အဖြေရှာကြဖို့ စက်မှုတိုးတက်တဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ က ခေါင်းဆောင်တွေ ၀ါရှင်တန် ဒီစီကို ရောက်နေကြ ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ၀ုဒ် (Barry Wood) ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။
US President George Bush (c) greets President Nicolas Sarkozy of France (l) and EU President Jose Manuel Barroso, at the White House, 14 Nov 2008
အမေရိကန်သမ္မတ ဘုရှ် (အလယ်)၊ ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ (၀ဲ) နှင့် ဥရောပ သမဂ္ဂ သမ္မတ ဂျို့စ် မန်နျူရယ် ဘာရိုဆို တို့အား အိမ်ဖြူတော်တွင် နုတ်ဆက်နေပုံ
(နိုဝင်ဘာ ၁၄၊ ၂၀၀၈)
အစိုးရရဲ့ ၀ယ်ယူမှုစွမ်းအား ကျဆင်း မသွားအောင် ထိန်းသိမ်းတဲ့ အနေနဲ့ အသုံးအစွဲတွေ လျော့ချဖို့ရေး ပူးပေါင်း လုပ်ဆောင်ကြဖို့ ခေါင်းဆောင်တွေ အနေနဲ့ ဆွေးနွေးကြ လိမ့်မယ်လို့ ဘဏ္ဍာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီလို အစီအစဉ်မျိုး လုပ်ဆောင်ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ထားပြီးသား ဖြစ်သလို မြောက်အမေရိကား တိုက်နဲ့ ဥရောပ မှာလည်း အလားတူ အစီအစဉ်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါပြီ။ အခု ၀ါရှင်တန်မှာ ကျင်းပမယ့် တရက်ကြာ ဒီ ထိပ်သီးစည်းဝေးပွဲကို တက်လာကြတဲ့ နိုင်ငံ ၂၀ ဟာ ကမ္ဘာ့ ကုန်ထုတ်လုပ်မှု ပမာဏ စုစုပေါင်းရဲ့ ၇၅ % နဲ့ ညီမျှပါတယ်။
ဒါပေမယ့် လတ်တလော ဖြစ်နေတဲ့ ငွေကြေးဈေးကွက် ပြဿနာ ထက်ကျော်လွန်ပြီး တခြား စီးပွားရေးနဲ့ ငွေကြေး ကိစ္စတွေ အပေါ် ခေါင်းဆောင်တွေအကြား စိတ်သဘောထား တိုက်ဆိုင်တယ်ဆိုတာ မရှိသလောက်ပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အခုလို ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေးဈေးကွက်က လူတွေကလည်း ဒီထိပ်သီးစည်းဝေးပွဲက ထွက်ပေါ်လာမယ့် ကြေငြာချက်ကို မျှော်လင့်နေကြပါတယ် - ဥပမာ - အိမ်နီးချင်းနိုင်ငံတွေအကြား ငွေကြေး အဖွဲ့အစည်းတွေ အပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်လာမှာလား၊ အရှိန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေကို IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှာ ဘယ်လိုမျိုး မဲပေးခွင့် အခွင့်အာဏာတွေ ပေးအပ်မလဲ၊ နောက် ဒီ ဖွံဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံဖြိုးဆဲနိုင်ငံ ၂၀ စုပေါင်း တွေ့ဆုံတဲ့ ထိပ်သီး စည်းဝေးပွဲက G -7 ခေါ် စက်မှု ဖွံ့ဖြိုး တိုးတက်နိုင်ငံ ၇ နိုင်ငံနဲ့ ရုရှားတို့ နှစ်စဉ် တွေ့ဆုံနေတဲ့ ထိပ်သီးစည်းဝေးပွဲကို အစားထိုးသွားသင့်သလား ဆိုတာတွေဖြစ်ပါတယ်။
အခု ၀ါရှင်မှာကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ ဖြစ်မြောက်ဖို့အတွက် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) က အဓိက ဦးဆောင် ကြိုးပမ်းခဲ့တာပါ။ ငွေကြေးအဖွဲ့အစည်းတွေအပေါ် တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ဖို့ အတွက် ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ (Nicholas Sarkozy) နဲ့အတူ မစ္စတာ ဘရောင်းက လိုလားပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမျိုး ကျနော်တို့ မလုပ်နိုင်ရင်တော့ ဘယ်မှာ ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ နားမလည်တာကြောင့် နောက်ထပ် ပြဿနာက ထပ်ဖြစ်ဦးမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေ ဒီလောက်အထိ အရဲစွန့် ရင်းနှီး မြှုပ်နှံနေကြတယ် ဆိုတာကို ကျနော်တို့ မသိခဲ့ကြဘူးလေ။ ဒါကြောင့် အစိုးရနဲ့ ဈေးကွက်တွေအကြား ဆက်ဆံရေး အသစ် ဖြစ်ထွန်းလာအောင် ကျနော်တို့ ကြိုးစားနေတာပါ။”
ဒါပေမယ့် အဲဒီလို တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်တာဟာ မလိုအပ်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း မကြာခင် ရာထူးက အနားယူတော့မယ့် သမ္မတဘုရှ် က ပြောပါတယ်။
ထိပ်သီး စည်းဝေးပွဲကိုတော့ သမ္မတဘုရှ်ကပဲ အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပတာ ဖြစ်ပြီးတော့ စုစုပေါင်း ဆွေးနွေးချိန်ဟာ ၅ နာရီလောက်ပဲ ကြာမယ်လို့ ဆိုပါတယ်။ စည်းဝေးပွဲပြီးချိန် ဒေသစံတော်ချိန် စနေနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ဖို့ရှိပြီး ခေါင်းဆောင်တချို့ ကတော့ သတင်းထောက်တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။
Rest of your post
Sunday, November 16, 2008
ငွေကြေးပြဿနာဖြေရှင်းရေး ကမ္ဘာ့ခေါင်းဆောင်များ ၀ါရှင် တန်တွင် ဆွေးနွေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment