ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ 10 November 2008
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ဒီကနေ့ ဆိုရင်လည်းပဲ အင်တာနက်စာမျက်နှာပေါ်မှာ ဘလော့ဂ် ရေးသားတဲ့ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သလို တခြား နိုင်ငံရေးလှုပ်ရှားသူတွေကို လည်း ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော် ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မတွေ အများအပြားနဲ့ အင်းစိန်ထောင်တွင်း သီးသန့် အထူးတရားရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ပတ်သက်လို့
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးသားရင်း အခုနှစ်ဆန်းပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာဘလော့ဂါသမား ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ်ကို ရန်ကုန်အင်းစိန်ထောင်တွင်း သီးသန့်တရားရုံးတခုကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ ချမှတ်လိုက်တာပါ။ သူနဲ့အတူ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မသင်းဂျူလိုင်ကျော်ဟာဆိုရင်လည်း တချိန်တည်းမှာပဲ ၂ နှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံခဲ့
ရပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ၊ နောက် အီလက်ထရော နစ် ဆက်သွယ်ရေးဥပဒေ စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ အခုလို ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာလို့ ဒီကနေ့ပဲ ရန်ကုန်အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ကိုနေဘုန်း
လတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောပြပါတယ်။
"နေဘုန်းလတ်က စုစုပေါင်း အနှစ် ၂၀ နဲ့ ၆ လ။ ၅၀၅(ခ) က ၂ နှစ်၊ ၃၂/၃၆ က ၃ နှစ် နဲ့ ၆ လ၊ အီလက်ထရောနစ်က ၁၅ နှစ်။ သင်းဂျူလိုင်ကတော့ ၂ နှစ်ခွဲပေါ့။ တနင်္ဂနွေ နေ့က တွေ့ခဲ့တယ်။ ဒီနေ့ စီရင်ချက်ချတာ။ အခုကတော့ အကျဖြစ်သွားတော့ ကြာသ
ပတေး၊ သောကြာ၊ စနေ သုံးရက်တွေ့လို့ရတယ်။ အန်တီကတော့ ကြာသပတေးနေ့ လောက် သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီမှန်းထား တာ ၁၂ နှစ်လောက်ပဲ မှန်းထားတာ။ အခုလို အနှစ် ၂၀ ကျော် ချလိုက်တယ်ဆိုတော့
ကလေးလည်း စိတ်ဓာတ်ကျနေမှာစိုးလို့။"
ကဗျာဆရာ ကိုစောဝေ။
မြန်မာဘလော့ဂါသမား ကိုနေဘုန်းလတ် အဖမ်းဆီးမခံရ ခင် အစောပိုင်းမှာကတည်းက ထိန်းသိမ်းခံထားရတဲ့ ကဗျာဆရာ ကိုစောဝေကိုလည်း ဒီကနေ့ပဲ အလားတူ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေ ရေးသားစပ်ဆိုခဲ့တဲ့ ကဗျာတပုဒ်က မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို အခုနှစ်ဆန်းပိုင်းကပဲ ဖမ်းဆီးထားခဲ့တာပါ။ အခုနောက်ဆုံး ကိုစောဝေ ထောင်ဒဏ်ချမှတ်ခံ ခဲ့ရတာနဲ့ ပတ်သက်လို့ ဇနီးသည်ဖြစ်သူ မနန်းစန်းစန်းအေး ပြောပြတာကတော့ …
"၂ နှစ်ချလိုက်ပါတယ်၊ ၅၀၅(ခ) တခုတည်းနဲ့။ ကျမ အဲဒီကို ရှေ့နေနဲ့သွားပါတယ်။ အမိန့်ချပြီဆိုတာ ရှေ့နေပြောလို့ သိရပါတယ်။ ပြစ်ဒဏ်ချတဲ့အထဲမှာ သူကနည်းတယ်၊ ၅၀၅(ခ) တခုတည်းဆိုတော့ ၂ နှစ်ပေါ့။ သူနဲ့အတူချတဲ့ ဒီ့ပြင်လူတွေအကုန်လုံး သူ့ထက်
များတယ်။ အဲတော့ အဆိုးထဲက အကောင်းပေါ့၊ ၂ နှစ်ထဲနဲ့ဆိုတော့။ ဒါပေမယ့် ကိုယ်က သာ အပြင်က ၂ နှစ်ပြောတာလေ။ အထဲမှာနေရတဲ့လူ ၂ နှစ်က သိပ်ပြီးတော့ မသက်သာလှဘူး။ ပြီးတော့ ကိုစောဝေက ကျန်းမာရေးလည်း သိပ်မကောင်းတော့
သူ့ကို အဲဒါပဲ စိုးရိမ်ရတာပါ။ ကျန်တာတော့ ဒီလောက်မဟုတ်ပါဘူး။ သူ့စိတ်ကို သူ ပြင်ဆင်ထားပြီးသားပါလို့ ကျမကို ပြောပါတယ်၊ မနေ့က ကျမတွေ့တော့။"
ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးနေတဲ့အထဲမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေတွေကိုပါ ထောင်ချ နေတာတွေ ရှိနေလို့လည်း မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းပြည်ပ
က ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ ထဲက နှစ်အများဆုံး ကျခံခဲ့ရတဲ့ ကွန်ပျူတာ ကျွမ်းကျင်သူ လူငယ်တဦးလည်းဖြစ်၊အင်တာနက်စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး nayphonelatt.net ဆိုတဲ့
ကိုယ်ပိုင် အင်တာနက် ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့ ကိုနေဘုန်းလတ်အပေါ် တရားခွင်က စီရင်ခဲ့တာနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ဒေါ်အေးသန်းကတော့ အခုလိုဆိုပါတယ်။
"အန်တီ့သားက အဲဒီဟာတွေ ကျူးလွန်တာမဟုတ်တဲ့အတွက် ဒါ မတရားတဲ့ တရားစီရင်ရေးလို့ပဲ အန်တီတော့ သတ်မှတ်တယ်။ သူ တကယ် လက်တွေ့ကျူးလွန်တာတော့ ၃၂(ခ) နဲ့ပဲ တရားစွဲလို့ရမယ်လို့ အန်တီတော့ ထင်တယ်။ ဟို ၂ မှုကတော့ တမင် သက်သက် နောက်ပိုင်းကျမှ ဇာတ်လမ်းဆင်ပြီးလုပ်တဲ့ အမှုပေါ့။ အဲဒါတွေကိုတော့ အန်တီ့အနေနဲ့ သူကျူးလွန်တာမဟုတ်တဲ့အတွက် ဒီဟာတွေ အတွက် ချတဲ့ဟာက အန်တီတော့ အသိအမှတ်မပြုဘူး။ အရမ်းကို လွန်ကဲလွန်းအားကြီးတယ်လို့ပဲ အန်တီ ထင်တာ ပေါ့။ အယူခံ တင်ဖို့ဟာတောင်မှ ရှေ့နေကိုယ်တိုင် ထောင်ကျနေတော့ အန်တီ တို့ အခက်အခဲရှိတာပေါ့။ ရှေ့နေက အန်ကယ် ဦးအောင်သိန်းလေ။ နည်းနည်းပါးပါး တိုင်ပင်ရဦးမှာပေါ့။"
ဒီရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ တွေကို အာဏာပိုင်တွေက ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း အရင်နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှု တွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ငွေကြာယံကျောင်းတိုက်က သံဃာတော်တပါးဖြစ်တဲ့ ဦးသတ္တမ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင် တို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မအများအပြားနဲ့ ထောင်ဒဏ် ၁၉ နှစ်စီ ချမှတ်ခံလိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းထွန်းနိုင်နဲ့ လုပ်ဖော် ကိုင်ဖက် အန်န်အယ်လ်ဒီလူငယ်တဦး ပြောပြတာကတော့ …
"ကိုထွန်းထွန်းနိုင်နဲ့ ဦးသတ္တမခေါ် ဦးသက်ဇော်ပေါ့၊ လူနာမည်က။ ပြီးခဲ့တဲ့ ၇ ရက်နေ့က သူတို့ကို အမိန့်ချလိုက်တယ်။ ထောင်ထဲမှာ၊ အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့။ သူတို့ကိုဖမ်းတာ ၃-၁၀-၂၀၀၇ ကဖမ်းတာ။ အဲဒီမှာဖမ်းပြီး အခုမှချတာ၊ အခုချလိုက်တာ
၁၉ နှစ်။ သူတို့ကိုစွဲထားတာ ၃၃(က)/၃၈၊ ၂၉၅(က)၊ ၅၀၅(ခ)၊ အဲဒီပုဒ်မတွေနဲ့ချတယ်။ ၃၃(က)/၃၈ ကတော့ အီလက်ထရောနစ်ဥပဒေ၊ ၁၅ နှစ်။ ၂၉၅(က) က သာသနာ ညှိုးနွမ်းမှုဆိုပြီးတော့ ၂ နှစ်၊ ၅၀၅(ခ) ကလည်း နိုင်ငံတော်လက်အောက်ခံ အဖွဲ့အစည်း
ကို အကြည်ညိုပျက်စေမှုဆိုပြီးတော့ ၂ နှစ်၊ အာဏာကုန်တွေပဲ ချလိုက်တာ။"
အဲဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကပဲ အလားတူ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကနဲ့ ဦးဣသရိယတို့ကိုလည်း တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ် နိုင်ငံတော် မတည် မငြိမ်ဖြစ်အောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး တွေကနေ ထောင်ဒဏ် ၈ နှစ်ကနေ ၁၆ နှစ်ခွဲအထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။.
Monday, November 10, 2008
ဗုံး..တင်ကြောက်တာမဟုတ်။ ကလောင်ကို ပိုကြောက်တယ်။ ဘလော့ဂါတွေ စိတ်အားမငယ်နဲ့  Stand by!!!!!!!
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment