မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ စစ်အစိုးရအပေါ် တရားစွဲဆိုသည့် အမှုအတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် နေ့လည် ၁၂ နာရီ၌ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။
ပါတီဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့သဖြင့် ယင်းအမှုအတွက် တရားစွဲဆိုသူအနေဖြင့် မနက်ဖြန် ကျမ်းကျိန်ရမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“မနက်ဖြန် ၁၂ နာရီမှာ ကျမ်းကျိန်လွှာကို ဒေါ်စုလာပြီး ဗဟိုတရားရုံးချုပ်မှာ လုပ်ပေးမယ်။ ကျမ်းကျိန်လွှာကို အခု ကျနော်ရေးနေတယ်။ ကျနော်တို့ နေပြည်တော်မှာ ဆွဲတဲ့အမှုက ဆွဲတဲ့ပုဂ္ဂိုလ်က ကျမ်းကျိန်လွှာ ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ကျမ်းကျိန်ပြီးနောက် ယခုလ ၁၈ ရက်နေ့တွင် ဒေါ်စု၏ ရှေ့နေနှစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကျော်ဟိုးတို့ နေပြည်တော်သို့ သွားရောက်ကာ အမှုအား လက်ခံသင့် မခံသင့်အတွက် လျှောက်လဲကြမည် ဖြစ်သည်။
ယခုမှ စတင်တရားစွဲဆိုရန် ပြင်ဆင်နေသည့် အမှုအတွက် အမှုကို လက်ခံသင့် မခံသင့် လျှောက်လဲစေခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိသည့် ဆောင်ရွက်ချက်ဟု ဦးကြည်ဝင်းက ပြောသည်။
“ဒီလိုမူလအမှုကို လက်ခံသင့်မသင့်ဆိုတာက လုပ်ရိုး ထုံးစံမရှိဘူး။ အယူခံတို့၊ ပြင်ဆင်မှုတို့ ဖြစ်ရင် လက်ခံသင့် မသင့်ဆိုတာ လုပ်ပါတယ်။ အောက်ရုံးမှာ ဆုံးဖြတ်ပြီးလို့ တဆင့်ထပ်တက်တာဆိုရင် အဲဒီလို လုပ်လို့ ရပါတယ်။ အခုဟာက မူလအမှုဆိုတော့ သက်သေတွေ ဘာတွေ ဖော်ပြထားတယ်။ တကယ်တော့ အဲဒီမှာ စစ်ရမယ်။ မစစ်ဘဲနဲ့ ပယ်ရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမှုဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်” ဟု သူက ပြောသည်။
NLD ကို ဖျက်သိမ်းခြင်း မပြုရေး တားဝရမ်းထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။ သို့သော် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။
၁၉၉ဝ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ သာမက နဝတ ကြေညာချက်အမှတ် ၁/၉ဝ ၊ အပိုဒ် ၁၂ တွင် ရွေးကောက်ခံ လွှတ်တော်အမတ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဟု ဆိုသည်။ NLD က ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးခဲ့ပါ။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပသည့် နဝတ အစိုးရကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ကျေညာခဲ့ပြီး နိုင်ငံတကာကလည်း ယင်းရလဒ်ကို အသိအမှတ်ပြုခဲ့သော်လည်း ကတိအတိုင်း နဝတက လွှတ်တော်ခေါ်မပေးခြင်းကြောင့် ရွေးကောက်ပွဲ သမိုင်းကြောင်းမလှခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲသမိုင်း မကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု သူက ပြောသည်။
၁၉၇၃ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေ ပုဒ်မ ၁၄ တွင် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ယခင်က ကြိုးပမ်းလုပ်ဆောင်ထား၍ ရရှိခဲ့သည့် ခံစားခွင့်များနှင့် အခွင့်အရေးများကို အသစ်ထပ်မံ ပြဋ္ဌာန်းသည့် ဥပဒေအရ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရဟု ဖော်ပြထားသည်။
“အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရ၊ မထိခိုက်ရဘူး။ ဒါကြောင့် အဲဒီပြဋ္ဌာန်းချက်တွေနဲ့အညီ၊ ဥပဒေစိုးမိုးရေး အားကိုးအားထား လုပ်ပြီး စွဲခဲ့တာ” ဟု သူက ဆက်ပြောသည်။
ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည် မှတ်ပုံမတင်သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။Rest of your post
Monday, November 15, 2010
ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်စု ကျမ်းကျိန်ရမည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment