Friday, November 19, 2010

ကြောက်လို့ ပါ အဝေးပြေး...ခပ်ဝေးဝေးလေး လူတွေနဲ့ ဝေးရာ..ကျပ်တို့ ရွာသို့ 

လူစုဝေးမည်စိုးသဖြင့် တရားရုံးချုပ် အယူခံကိစ္စရပ်များ နေပြည်တော်သို့ ရုတ်တရက်ပြောင်းရွှေ့
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၁၉၊ ၂၀၁၀

တရားရုံးချုပ်သို့ တင်ရမည့် အယူခံမှုများကို နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်ကာ နေပြည်တော်သို့ ပြောင်းရွေ. ကြားနာမည်ဟု ရန်ကုန်မြို့ရှိ ရှေ့နေများ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ ရပ်တည်ခွင့်အတွက် တရားရုံးတွင် လျှောက်ထားသည့် အမှုနှင့် ပတ်သက်ပြီး ရုတ်တရက် ပြောင်းရွှေ့လိုက် ခြင်း ဖြစ်သည်ဟု တရားရုံးအသိုင်းအ၀ိုင်းက ယူဆလျက်ရှိကြသည်။ ထိုအမှု အတွက် ယခုလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် က ဗဟိုတရားရုံးတွင် ကျမ်းကျိန်ရန် သွားရောက်ခဲ့ပြီး ၂ ရက် အကြာတွင် ယခု ပြောင်းရွှေ့မိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အကယ်၍ ဗဟိုတရားရုံးကိစ္စရပ်များ ရန်ကုန်တွင် ဆက်လက် ဆောင်ရွက်နိုင်ပါက ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့်အခါ လူစုဝေးမည်ကို မလိုလားသည့် အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်ဟုလည်း ရှေ့နေများက ယူဆကြသည်။

“ပထမအယူခံက စပြီးတော့ နေပြည်တော်မှာ ကြားနာမှာလေ။ အရင်ကဆို တပါးထိုင်၊ နှစ်ပါးထိုင် ဘားလမ်းက ရုံးချုပ်မှာ ကြားနာ သေးတယ်။ နောက်ဆုံးအဆင့်ရောက်မှ နေပြည်တော်ကို သွားရတာ။ အခုတော့ အမှုသည်တွေအတွက် ပိုပြီး ငွေကုန်ကြေးကျ များပြီပေါ့။ အမှုက နိုင် မနိုင် မသိသေးခင် ငွေက တော်တော် ကုန်နေပြီ။ ရုတ်တရက် ဖြုန်းစားကြီး ပြောင်းတာ။ ဒေါ်အောင်ဆန်းစုကြည် အမှုကြောင့် လို့ ထင်တာပဲ။သူတို့က ဒီမှာလူတွေ တရာရုံးအထိ လာစုမှာကို မကြိုက်ကြဘူးလေ” ဟု ရန်ကုန်ရှိ တရားရုံးချုပ် ရှေ့နေတစ်ဦးက ပြောပြ သည်။

အမှုဖြစ်ပွားရာ မြို့နယ်အဆင့် သို့မဟုတ် ခရိုင်အဆင့်မှ အမိန့်ချပြီးသော အမှုများကို တိုင်းအဆင့်အထိ အယူခံ ကြားနာသည်။ ထို့ နောက် တရားရုံးချုပ်တွင် ပထမအဆင့်အယူခံ၊ ဒုတိယအဆင့် အယူခံမှ နောက်ဆုံး စုံညီ အထိ အဆင့်ဆင့် ကြားနာရကြောင်း သိရသည်။

တရားရင်ဆိုင် အမှုဖြစ်လျှင် အချိန်ကုန်၊ လူပင်ပန်း၊ ငွေများ တရားနိုင် မမျှတဟု အများက ပြောဆိုကြသည့် မြန်မာနိုင်ငံတွင် ယခုလို တရားရုံးများ ခရီးဝေးရခြင်းက အမှုသည်တို့အတွက် ပိုမို ဖိအားများစေသည်ဟု အထက်တန်း ရှေ့နေ တစ်ဦးက ပြောပြသည်။

“ကျမတို့ ရှေ့နေတွေလည်း ပိုပင်ပန်းတယ်။ နေပြည်တော်မှာတောင် ရှေ့နေတယောက် ထားရ မလို ဖြစ်နေပြီ။ အမှုသည်တွေကတော့ တော်တော် သနားစရာကောင်းတယ်” ဟု ပြောပြသည်။
http://moemaka.com/index.php?option=com_content&task=view&id=7686&Itemid=1

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်