ဗမာပြည်ပြည်သူလူထုရဲ့မျှော်လင့်ခြင်း ၊ ဒီမိုကရေစီအင်အားစုတို့ရဲ့အထွဋ်မြတ်ထားရာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ လွတ်မြေက်လာခဲ့ပါပြီ ၊ ဒါဟာလူတိုင်းအတွက်ဝမ်းသာစရာအခြေအနေတခုပါ ၊ ဒီအချိန်မှာ ကိုယ့်ခေါင်းဆောင်အပေါ် တန်ဘိုးထားမြတ်နိုးလေးစားမှုတွေနဲ့ ကျေနပ်နှစ်ခြိုက်ပီတိဖြစ်ကြတာ ရွှင်လန်းတက်ကြွနေကြတာ နှိုင်းယှဉ်ပြရခက်လောက် အောင် ဖြစ်နေကြမှာပါ ။
ဒီအတွက် ဒီပျော်ရွှင်မှုတွေ ပြန်မပျက်ဆီးကြရအောင်နဲ့ တကယ့်အောင်ပွဲစင်စစ်ဆီကိုခရီးဆက်ကြနိုင်အောင် သတိထားကြဘို့ လိုပါတယ် ၊ ခုအပျော်က လူထုခေါင်းဆောင်အတွက်နေအိမ်အကျယ်ချုပ်ခံကနေ လွတ်မြောက် လို့သာ) ပျော်နေကြတာပါ ၊ ကိုမင်းကိုနိုင်အပါအ၀င် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်ညီအကိုမောင်နှမတွေအတွက် မပျော် နိုင်ကြသေးပါဘူး ၊ ဆင်းရဲမွဲတေမှုပုံစံအမျိုးမျိုးနဲ့ ဒုက္ခနွံထဲနစ်နေတဲ့ သန်းခြောက်ဆယ်သောပြည်သူလူထုက စစ်အာဏာရှင် တွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်က မလွတ်မြောက်သေးပါဘူး ။
ကျွန်တော်တို့နှလုံးသားထဲကို ၊ ကျွန်တော်တို့ရဲ့အသိတရားထဲကို လေးစားစရာကောင်းတဲ့ ခေါင်းဆောင်ကောင်း အဖြစ် အန်တီ ရောက်ရှိခဲ့တဲ့ ၂၂နှစ်တာကာလကိုလေ့လာကြည့်ရင် ၊ စစ်အုပ်စုက နှစ်ပိုင်းလေးလွှတ်ပေးတာ သာရှိခဲ့ပြီး အနှစ်၂၀စာလောက် နေအိမ်အကျယ်ချုပ်နဲ့ပဲထားခဲ့တာကို တွေ့ရမှာပါ ၊ ဒီလောက်တောင်ခါးခါးသီးသီးကြောက်လန့်ပြီး ကာလအကြာကြီးချုပ်နှောင် ခဲ့ပြီးကာမှ ခုပြန်လွှတ်လိုက်ပါပြီ ဆိုတာက သတ်မှတ်ပြစ်ဒါဏ်ကာလပြည့်လို့ဆိုတဲ့အကြောင်းပြချက်တခုထဲဟုတ်ရဲ့လား ၊ စစ်အုပ်စုရဲ့ ရည်မှန်းချက်ကြီးကြီးကစားကွက်တခုရော မဖြစ်နိုင်ဘူးလား ။
သေချာတာက အန်တီ့လွတ်မြောက်မှုဟာ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲဝင်နိုင်မှုကြောင့် မဟုတ်သေးဘူးဆို တာပါပဲ ၊ စစ်အုပ်စုချင်းအကြိတ်နယ်ခေါင်းချင်းရိုက်ပြီး ဖမ်းချင်တဲ့အချိန်ပြန်ဖမ်းလို့ရတာပဲ ဆိုတဲ့အခြေအနေနဲ့ လွှတ်ပေးလိုက် တာသာဖြစ်ပါတယ် ၊ လူငယ်စကားနဲ့ပြောရရင် တစ်ကောင်ကြွေးပြီး သုံးကောင်စားကင်းဝင်နည်းကို သုံးလိုက်ပြန်ပြီလို့ တွက်ဆမိ ပါတယ် ။
စစ်အုပ်စုအဘို့က အန်တီ့ကို (ယာယီ)လွှတ်ပေးလိုက်ရတဲ့ဆုံးရှုံးမှုသာရှိပြီး နိုင်ငံတကာနဲ့ သံတမန်ရေး မျက်နှာ ပြန်ပွင့်တဲ့အခြေ အနေကိုရရှိသလို ပူပူနွေးနွေးကလိမ်ကျမှုများစွာနဲ့လုပ်ထားတဲ့ရွေးကောက်ပွဲအပေါ် အမျိုးမျိုး ၀ိုင်းဝေဘန်နေကြတဲ့အသံတွေကို လဲ အနေထားတခုထိမ်းလိုက်ပြီးသားဖြစ်သွားပါတယ် ၊ ဗိုလ်နှုပ်ခန်းမွှေးနဲ့DKBAတွေ မြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့တွေကို စီးနင်း ပြီး စစ်အုပ်စုကိုပြန်ခံချကြရာက တိုင်းရင်းသားအင်အားစုအားလုံးကိုတပ်လှန့်လိုက်သလိုဖြစ်ပြီး ပြည်သူတွေအပါအ၀င် လက် နက်ကိုင်တော်လှန်ရေးကိုအာရုံစိုက်ကြချိန် အာရုံလွှဲယူလိုက်တဲ့ အခြေနေတခုလိုလဲဖြစ်သွားပါတယ် ၊ အထွေထွေသပိတ်ဆင်နွှဲ ရေးလူထုတိုက်ပွဲကြိုးစားနေသူတွေကိုလဲ အန်တီဘာလုပ်မလဲ ပြန်စောင့်ကြည့်ပြီး တိုက်ပွဲဖေါ်ရေးအလုပ်တွေရပ်တန့်နေအောင် လုပ်လိုက်သလိုဖြစ်ပါတယ် ။
ဒီ့အပြင်ရော ၊ အများကြီးရှိနိုင်ပါသေးတယ် ၊ ကျွန်တော့ဦးနှောက်လေးလောက်နဲ့စဉ်းစားမမှီနိုင်သေးတဲ့ စစ် အုပ်စုရဲ့ကလိမ်ကျ ကစားကွက်တွေ ရှိနိုင်ပါသေးတယ် ၊ အန်တီ့ကို သူတို့ရဲ့ကြံ့ဖွတ်အစိုးရမှာ တစ်နေရာရာ ပါဝင်ဘို့ ညှိနှိုင်းလာနိုင်တာမျိုးတွေအပါ အ၀င်ပေါ့ ၊ အဓိကရည်မှန်းချက်က သူတို့အာဏာသက် ဆက်ရေး ခိုင်မာဘို့ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာကအသိမှတ်ပြုရေး ခေါင်းစဉ်ဖြစ်နိုင်ပါတယ် ။ ဖြစ်စဉ်တခုခုကိုအကြောင်းပြ ထောင်ချတဲ့အထိပြန်ဖမ်းနိုင်သလို ဒီပဲရင်းလို လုပ်ကြံသတ်ဖြတ်မှုမျိုး တွေလဲလုပ် နိုင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့အကြံဆိုးအားလုံးကို ၀ိုင်းဝန်းစဉ်းစား တားဆီး တိုက်ပွဲဝင်နိုင်ကြ ဘို့လိုပါ တယ်။
အန်တီဘာလုပ်လိမ့်လဲလို့ မျှော်လင့်ချက်တွေနဲ့ ၀မ်းသာအားရဖြစ်နေယုံမပြီးဘူးဆိုတာ အထူးသတိပြုကြ ဘို့လို ပါတယ် ၊ အန်တီ့ လွတ်မြောက်မှုဟာ အခြေအနေကောင်းတခုမျှသာဖြစ်ပြီး အောင်ပွဲ(လုံးဝ)မဟုတ်သေးလို့ပါပဲ ၊ စစ်အုပ်စုကိုအာဃာတမထားပါ ဘူးဆိုတဲ့အန်တီ့ကို စစ်အုပ်စုရဲ့ရိုင်းစိုင်းဆိုးယုတ်မှုတွေအကြောင်းနဲ့ ဖြတ်သန်း ပြီးတဲ့၂၂နှစ်လို နောက်ထပ် ခံစစ်သက်တမ်းထပ် မကြာရအောင်နည်းလမ်းတွေ ၀ိုင်းဝန်းအကြံပြုပြောပေးကြ ဘို့လဲလိုပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ တွေ့ဆုံဆွေး နွေးရေးကိုစောင့်နေတဲ့အချိန်မှာတင် ပြည်သူတွေက ဘ၀တွေအများကြီးပျက်ခဲ့ ၊ အသက်တွေအများကြီးဆုံးရှုံးခဲ့ပြီးပါပြီ ၊ စစ်အုပ်စုရဲ့ဇရိုက်လက္ခဏာဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနည်းနာတွေနဲ့ထိုက်တန်ပါရဲ့လားဆိုတာ အန်တီစဉ်းစားဘို့ နိုင်ငံနေရာအနှံ့အပြားက ဖြစ်စဉ်တွေပြောပြပြီး ၀ိုင်းဝန်းသတိပေးကြဘို့လဲလိုပါတယ် ။
အန်တီပြောတာလုပ်တာကိုပဲစောင့်နေပြီး မျှောလိုက်နေကြဦးမယ်ဆိုရင်တော့ အောင်ပွဲနဲ့အလှမ်းဝေးနေ ကြဦး မှာပါပဲ ၊ အောင်ပွဲ ကတိုက်ရဲမှရမှာဖြစ်သလို တိုက်နည်းမှန်ဘို့လဲလိုပါတယ် ၊ အန်တီ့အနေနဲ့ ကိုယ်ကျိုးစွန့်ပေး ဆပ်ပြီး ပြည်သူလူထုနဲ့ဒီမိုကရေစီ အင်အားစုတွေရှေ့ကနေ ရဲရဲဝံ့ဝံ့ရပ်ခံဦးဆောင်မယ်ဆိုတာယုံကြည်ပေမဲ့ စစ် အုပ်စုကိုရင်ဆိုင်ရေးနည်းလမ်းတွေမှာ ကွဲပြားနေမှာ ဖြစ်တဲ့အလျောက် ကိုယ့်အမြင်နဲ့ကိုယ် ၊ ကိုယ်ယုံကြည်ရာ နည်းနာတွေနဲ့ တိုက်ပွဲဝင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ကြ ဘို့လဲ အကြံပြုနှိုးစော်ချင်ပါတယ် ။
အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ နှိုးစော်မှုတခုကိုထပ်ပြောပါရစေ ၊ စစ်အုပ်စုက ကျွန်တော်တို့ ဒီမိုကရေစီ အင် အား စုတွေ ၊ ပြည်သူ တွေရဲ့ ရန်သူပါ ၊ အတိုက်အခံမဟုတ်ပါဘူး ၊ ဇရိုက်ဆိုးလုပ်ရပ်ဆိုးတွေနဲ့စစ်အုပ်စုကို ဂန္ဒီကြီးလမ်းစဉ်နဲ့တော့မရတော့ပါဘူးလို့ ရန်သူလို့ပြတ်ပြတ်သားသားသဘောထားပြီး “ရရာလက်နက် ဆွဲကိုင်တိုက်ပွဲဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ” လို့ ကြွေးကြော်ကြရမဲ့အချိန်မှာ အန်တီစု ကိုလွှတ်ပေးပြီး လမ်းကြောင်းပြောင်းအာရုံလွှဲလုပ်တဲ့ စစ်အုပ်စုရဲ့ကစားကွက်ကို သိမြင် ပြီး လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်းစည်းရေးနည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ပျက်စီးတဲ့အထိ တိုက်ပွဲဝင်ကြပါစို့။
လူမှုရေးလုပ်ငန်းတွေနဲ့ NLDပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာတင်ရပ်မနေပဲ မတရားတဲ့အ မိန့်အာ ဏာ မှန်သမျှ တာဝန်အရဖီဆန်ကြဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆွဲတိုက်ပွဲဝင်နေမဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယုံကြည်လျက်
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်
Tuesday, November 16, 2010
“စစ်အုပ်စုရဲ့ကစားကွက်ကိုသတိထားကြ”မောင်ချင့်ချိန်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment