Monday, November 15, 2010

ရွေးကောက်ပွဲရလဒ် လုံးဝလက်မခံကြောင်း

ရွေးကောက်ပွဲရလဒ် လုံးဝလက်မခံကြောင်း RCSS/SSA ထုတ်ပြန်ကြေငြာ Monday, 15 November 2010 10:17 သျှမ်းသံတော်ဆင့်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုဦးစီးကော်မတီက နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ၂၀၁၀ ရွေး ကောက်ပွဲအပေါ် သျှမ်းပြည်တပ်မတော်၏ သဘောထားထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင် အချက် ၄ ချက်ပါရှိရာ ရွေးကောက်ပွဲရလဒ်ကို လုံးဝလက်မခံကြောင်း အဓိကဖော်ပြထား သည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် စစ်အစိုးရကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ရွေးကောက်ပွဲ ကော်မရှင်များ ပြည်သူလူထုအား အတင်းအဓမ္မမဲပေးခိုင်းခြင်း၊ မသမာ မဲလိမ်၊ မဲခိုးခြင်း၊ ကြိုတင်မဲ ကောက် ယူခြင်း၊ ရွာသူကြီးများအား ကိုယ်စားမဲပေးစေခြင်း၊ အကြောင်းပြချက်အမျိုးမျိုးသုံး၍ ရွေးကောက်ပွဲကျင်းပ ရက်နီးမှ မဲရုံပြောင်းရွှေ့ခြင်း၊ အာဏာသုံး၍ ပြိုင်ဖက်ပါတီအပေါ် ပြသနာရှာအပြစ်ပုံချခြင်း တို့ကြောင့် ရွေးကောက်ပွဲ ရလဒ်မှလုံးဝ လက်မခံကြောင်းပြတ်သား စွာဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကြံ့ခိုင်ရေးပါတီကအနိုင်ရ၍ အစိုးရဖွဲ့နိုင်သည်ဆိုသော်မှ ပြည်ထောင်စုပြသနာဖြေရှင်းနိုင်မည် မဟုတ်၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာကိုဖြေရှင်းပေးမည်မဟုတ်၊ ပြည်တွင်းစစ်မီးသာ ပိုမို တောက်လောင် စေနိုင်မည်ဖြစ်ကြောင်းဖော်ပြထားပြီး စစ်အာဏာရှင်တို့ ကျူးလွန်နေသော စစ်ရာဇ၀တ်မှု၊တရားမျှတမှုများပပျောက် ကင်းမဲ့မှသာ နိုင်ငံရေးပြဿနာများဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ဤအချက်အပေါ် အထူးဂရုစိုက် စီစစ်ပေးရန် အပြည်ပြည်ဆိုင်ရာအား တောင်းဆိုခဲ့၏။ Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်