ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖစစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ
Thursday, 11 November 2010 20:17 သျှမ်းသံတော်ဆင့်
စစ်အစိုးရသတ်မှတ်သော ရွေးကောက်ပွဲအရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူအမျိုးသမီးအား မုဒိန်းကျင့်ခြင်း ၊ ဒေသခံများအပေါ်အခြား လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေခြင်း စသည်များ နအဖစစ်တပ်က ကြမ်းရမ်းနေသည်ဟု စုံစမ်းသိရှိရသည်။
ယခုလ ၆ ရက် မိုင်းနောင်အခြေစိုက် ခမရ ၂၈၆ မှ ဗိုလ်မှူးဝင်းဇေလတ်ဦးဆောင်သည့် အင်အား ၂၀ ခန့်ပါ တပ်ဖွဲ့တဖွဲ့ မိုင်းနောင်မှ မိုင်းရှူး သို့အထွက်လမ်းအိမ်ခြေ ၅၀ ကျော်ရှိ ၀မ့်ဝိန်းကောင်ရွာ သို့သွား၍ ကိုယ်အင်္ဂါမစုံသူ အမျိုးသမီး တဦးအိမ် အတွင်း ရှာဖွေမွှေနှောက် ပြီးနောက်ပိုင်း ထိုအမျိုးသမီးကိုထပ်မံသွားရောက် မုဒိန်းကျင့်ကြောင်းထိုအမျိုးသမီး ကိုယ်တိုင် လဲချားရှိသူမ၏ဆွေမျိုးတဦးအား ပြန်လည် ပြောပြ၏။
အမျိုးသမီး၏ပြောပြချက်အရ လဲချားမှထိုင်းနယ်စပ်သို့ရောက်လာသူ၎င်း၏ဆွေမျိုးတဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြရာတွင် - “ ၆ ရက် နေ့ခင်းပိုင်းအဲဒီတပ်က ဗမာစစ်သားတွေ ဒုက္ခိတ နန်းလီ ၃၂ နှစ်(အပျိုကြီး/ အမည်ရင်းမဟုတ်) တို့အိမ် ၀င်မွှေနှောက်ပြီးပြန်သွားတယ်။ ညနေ ၃ နာရီလောက်ရောက်တော့ အဲဒီဗိုလ်မှူး ၀င်းဇေလတ်ရဲ့တပည့်တယောက်က အရပ်ဝတ်နဲ့ နန်းလီရဲ့အိမ်ကိုပြန်သွားတယ်။ ထပ်သွား မွှေနှောက်ဟိန်းဟောက်ဆဲ ဆိုပြီး အဲ့ဒီစစ်သားက နန်းလီကိုရိုက်ပုပ်ဖမ်းချုပ် ဆံပင်ကို တိုင်မှာချည်ထား၊ ပါးစပ်ကို ပုဝါနဲ့ပတ်ပိတ်ပြီး မုဒိန်းကျင့်တာတဲ့။ ကျင့်ပြီးတော့လဲ နန်းလီရဲ့ ရုပ်ပျက်ဆင်း ပျက်ပုံကို ဓါတ်ပုံရိုက်ယူသေးတယ်ဆိုဘဲ” - ဟု ဆို၏။
ထိုသို့ မုဒိန်းကျင့်ပြီးနောက် ညနေ ၅ နာရီတွင်လည်း အဆိုပါ ၀င်းဇေလတ်တပ်ဖွဲ့ နန်းလီတို့အိမ်သို့ တဖန်ပြန်သွား ရှာဖွေမွှေနှောက်ယူငင်ကြ့သေးသည်ဟုဆို၏။ ၇ ရက် နံနက်ပိုင်းနန်းလီတယောက် ၀ိန်းကောင်ရွာမှ တိမ်းရှောင်သွားခဲ့ ကြောင်းလည်း ပြောပြသည်။
ယခုလ ၄ ရက်မှ ၁၀ ရက်အထိ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ ၏ ၀မ့်ဇန့် တပ်စခန်းရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့် နှင့်အဖွဲ့ ဒေသခံများအာနေ့စဉ်း သောက်သုံးရေခပ်ပေးခိုင်းသည်ဟုဆို၏။ ထို့အပြင် စိန်ကျော့ ပြည် သူ့စစ်မှ တပ်ကြပ်စိုင်းဆိုင်ဦးဆောင်သည့် ရှေ့ပြေးတပ်ဖွဲ့နှင့်နအဖတပ်စိပ်တစိပ်တို့ ၀မ့်ဟူးမီ၊ နမ့်မော်ဆုမ့်၊ ၀မ့်ကျောင်း မိုင်ရွာ ဒေသခံတို့၏ ကြက်များကို တပိသာ ၁၅၀၀ ကျပ်နှင့်ဈေးနှိမ်ဝယ်ယူသည်ဟု သိရ၏။ ပြင်ပရောင်း ဈေးမှာတပိသာ ကျပ် ၅၀၀၀ ဖြစ်သည်။
မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စု အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ရဲမင်းကျော် လည်း ကျေးသီးမြို့နယ် ဟိုပုံအုပ်စုမှ မိုင်းဟဲန် ရွာ၊ မဝေါင်းရွာ၊ ဟွေ့ပုတ်ရွာတို့အား သျှမ်းတပ်တို့၏ လှုပ်ရှားမှု တနေ့တကြိမ် သတင်းပို့ခိုင်းတာ ၁ ရက်ပျက်ကွက်သည်ဟု ဆိုကာရွာတိုင်းကြက် ၃ ပိသာစီဆင့်ဆိုခဲ့သည်ဟုဆို၏။
“ ပြီးခဲ့တဲ့လ ၂၃ ရက်ကသတင်းပို့ပျက်ကွက်တာကို ဒဏ်ရိုက်တာတဲ့ ။ တရက်ကို ကြက် ၃ ပိသာ ရွာစလုံးပို့ခိုင်းတယ်။ မိန်းနန်းရွာက အိမ်ခြေ ၃၀၀ ကျော်တယ်။ ရွာဘုန်းကြီးကျောင်းနားမှာ သူတို့ ဂိတ်ထားတယ်။ အ၀င်အထွက် ဆိုင်ကယ်တွေ စစ်ဆေးတယ်။ နေ၀င်မီးငြိမ်း အမိန့်တောင်ထုတ်ထားတယ်၊ ညအချိန်ဖြတ်တာတေါကရင်ပစ်မယ်တဲ့” ဟု နယ်စပ်ရောက် မိုင်းနောင်ဒေသခံတဦးကပြောပြသည်။
အောက်တိုဘာလကုန်ကလည်း မိုင်းနောင်အခြေချ လွယ်လင် စကခ ၂ မှ တပ်ဖွဲ့တဖွဲ့ က ယာထွန်ပြီး တဲ၌နားနေသော နားလင်လိုင်ရွာနေ လုံးလား၏သား စိုင်းကာလိန် (၂၀နှစ်) အား တွေ့ဆုံရာ ဆွဲခေါ် ဆဲဆိုကြိမ်းမောင်းပြီးဓါးဖြင့် ခုတ်ရာ မိုင်းနောင်ဆေးရုံ၌ ဆေးကုသနေရကြောင်း မိုင်းနောင်မှ ကျန်းမာရေးဝန်ထမ်းတဦးကပြော၏။
“ ဒီတပ်ဖွဲ့က စကခ ၃ လွယ်လင်ကဘဲ။ တပ်ဖွဲ့နာမည်တော့မသိဘူး။ စိုင်းကာလိန်ယာတဲကလဲ မိုင်းနောင်ခလရ ၉ နားမှာဘဲလေ။ စိုင်းကာလိန်ကိုတွေ့ရော အသားလွတ်ဝင်ဆဲပြီး စိုင်းကာလိန်ရဲ့ခါးပလိုင်းထဲက ဓါးမဆွဲပြီးခုတ်ထဲ့လိုက်တာ ခေါင်းမှာ ၄ချက် လက်ဖျံကျောမှာ ၅ ချက်ချုပ်ရတယ်။ ဓါးပြားနဲ့ရိုက်ဓါးရိုးနဲ့နှက်ထားတဲ့ဒဏ်ရာတွေလဲ မနဲဘူး” ဟု ပြောပြသည်။Rest of your post
Friday, November 12, 2010
အင်္ဂါမစုံသူအမျိုးသမီးတွေကို မတရားကျင့်တာ အောက်တန်းကျတဲ့  စစ်တပ်ရဲ့  သိက္ခာကို ဖေါ်ပြတာပါ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment