ဆလိုင်း ဟံသာစန်း | တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ၇ နှစ်ကျော် နေအိမ်၌ ထိန်းသိမ်းခဲ့သည့် စစ်အစိုးရအပေါ် သူမအနေဖြင့် အာဃာတမထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
ယမန်နေ့တွင် ပြန်လွတ်ပြီးနောက် ရန်ကုန်တိုင်း ဗဟန်းမြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီခန့်အထိ ပြည်သူ ၅ သောင်းကျော်ကို ပထမဆုံး ပြောခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျမကို ထိန်းသိမ်းခဲ့တဲ့ လူတွေအပေါ် ဘာအာဃာတစိတ်မှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှ မုန်းတဲ့စိတ် မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့ အထက်မြန်မာပြည် ခရီးစဉ် စစ်ကိုင်းတိုင်း မုံရွာမြို့၌ ဟောပြောမှုနောက်ပိုင်း ၇ နှစ်ကျော်အကြာတွင် ပြည်သူများကို ပထမဆုံး မိန့်ခွန်းပြောခြင်း ဖြစ်သည်။
အထိန်းသိမ်းကာလတွင် လုံခြုံရေးယူသူများက ကောင်းမွန်စွာ ဆက်ဆံသဖြင့် ကျေးဇူးတင်ကြောင်းနှင့် သူမကို ဆက်ဆံသကဲ့သို့ ပြည်သူလူထုကိုလည်း ကောင်းမွန်စွာ ဆက်ဆံလျှင် အလွန်ကောင်းမည်ဟု တွေးမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပြန်လွတ်လာခဲ့ရာ နေအိမ်ရှေ့တွင် ကြိုဆိုနှုတ်ဆက်သည့် ၄ ထောင်ခန့်ရှိ လူထုကြီးကို စကားအနည်းငယ် ပြောကြားခဲ့အပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးချုပ်ရှေ့ မိန့်ခွန်းပြောမည် ဖြစ်သဖြင့် လာရောက်ကြရန် ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြည်သူလူထု၏ အသံကို နားထောင်လိုကြောင်းနှင့် ယခုအချိန်တွင် သူမ ဘာလုပ်မည်ကို ပြောဆိုနိုင်ခြင်း မရှိသည့်အပေါ် ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်။
“အခု ဘာလုပ်နိုင်တယ်ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာချင်း ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ” ဟု သူမက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည်ဖြစ်ပြီး မည်သူမဆို စကားပြော ဆွေးနွေးလိုလျှင် လက်ခံမည်ဖြစ်ကြောင်း ပြည်သူကို ပြောကြားခဲ့သည်။
မိန့်ခွန်းပြောပြီးနောက် NLD ရုံးအတွင်း ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ လုပ်နေသည်။ ထို့နောက် မွန်းလွဲ ၂ နာရီတွင် NLD အတွင်းရေးမှူး ဦးလွင်၏ ဇနီးဖြစ်သူ ဈာပနကို လိုက်လံပို့ဆောင်မည် ဖြစ်သည်။
NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အထက်မြန်မာပြည် စည်းရုံးရေးသွားစဉ် ၂ဝဝ၃ ခု မေ ၃ဝ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး၌ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့အသင်းဝင်များ ပါဝင်သည့် လူအုပ်ကြီးက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သေဘေးမှ လွတ်လာသည့် သူမကို စစ်အာဏာပိုင်များက နေအိမ်တွင် ထိန်းသိမ်းခဲ့သည်။ ပြန်လွတ်ရက် နီးကပ်လာချိန်တွင် နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသားကို ဧည့်ခံခဲ့သဖြင့် စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ၃ နှစ် ချခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထက်ဝက်လျော့ချပေးကာ ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံခဲ့ရာမှ ယမန်နေ့တွင် ပြန်လွတ်လာခြင်း ဖြစ်သည်။
Sunday, November 14, 2010
စစ်အစိုးရကို အာဃာတမထားဟု ဒေါ်စု ပြော
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment