ကျွန်ူပ်တို့ တိုင်းပြည်၏ လူမျိုးဘာသာ ၊ သာဿနာသည် မသမာသူ လူ့မိစ္ဆာတို့၏ ယုတ်မာပက်စက်သော အကြံဆိုးများ ၏ နှိပ်စက်မှု အောက်တွင် အဖက်ဖက်က ဆုတ်ယုတ်နေသည် ။ ယခုမျက်မှောက်ခေတ် ကမ္ဘာအလယ့်အတွင် မြန်မာနိုင်ငံသည် နံမည်ဆိုး အမျိုးမျိုး ဖြင့် ကျော်ကြားလျှက် ရှိသည့် အပြင် မြန်မာလူမျိုးတို့၏ ကိုယ့်ကျင့်သီလ တို့သည်လည်း ငွေကြေးနှင့် လဲစားခံလိုက်ရသည် ။
အသိညဏ်ကို သစ္စာစောင့်သိသည့် မိုးခါးရေ မသောက်ချင်သည့် ပညာရှင် အများစုကလည်း လက်ရှိအာဏာရှင်များ နှင့် မဆက်ဆံ လိုကြတော့ ။ မှားနေတာကို မှားပါလို့ ထောက်ပြသူများကို နေရာပေးလေ့ မရှိကြ ၊ ပညာရှင် အဖြစ် အသုံးမချ လို ၊ ထိုအခါ ပညာရှင် တို့၏ နေရာတွင် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာလိုသူများက လက်ရှိစစ်အာဏာရှင်တို့ ဘာလုပ်လုပ် အဟုတ်ဟု မြှောက်ပေးကာ
နေရာ ယူလာကြသည် ၊ အာဏာရှင်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော် တိုင်းပြည်ကို မတရားစိုမိုး အနိုင်ကျင့်ဗိုလ်ကျ ပြည်သူ့ဘဏ္ဍာတွေ သိမ်းပိုက်ထားတဲ့ အကျိုးဆက်ကတော့ ယနေ့ လက်ရှိ ကျွန်ူပ်တို့ နိုင်ငံအခြေအနေကို တွေ့ရှိရမှာပါ ။
မြန်မာနိုင်ငံ တိုင်းတပါး နယ်ချဲ့တို့ လက်အောက်တွင် သူ့ကျွန် ဘ၀ သို့ရောက်ရှိခဲ့ရသည့် အကြောင်းတရားမှာ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်သည့် ခေါင်းဆောင်များ ပညာ အားနည်းသော ကြောင့် ဖြစ်သည် ။ ထိုအချိန်မှ စ၍ မြန်မာနိုင်ငံကြီးသည် သည် နယ်ချဲ့တိုင်းတပါးတို့ လက်အောက်တွင် နှစ်ပေါင်းများစွာ သူ့ကျွန်အဖြစ် နွံနစ်ခဲ့ကြရပြီး ပျော်ရွှင်ဖွယ်ကောင်းနေ့များကို အဆုံးသတ်ခဲ့ရသလို အာဇာနည် သူရဲကောင်းမှန်သမျှ အကျိုးခံစားခွင့်ကို မခံစားရဘဲ တစ်ယောက်ပြီး တစ်ယောက် ရင်နင့်ဖွယ်ရာ တိုင်းပြည် အတွက် စတေးခံသွား ခဲ့ရရှာသည် ။ သူရဲကောင်းတွေက စွှန့်ပြီး မစားခဲ့တော့ ကိုယ်ကြိုးရှာလိုသူ တစ်စု က မစွှန့်ဘဲ စားနေကြရတယ် ။ ဒီလို မတရားသိမ်းပိုက်ပြီး တိုင်းပြည်ရဲ့ အဆီအနှစ်ကို စားရတာ လူတွေ လက်မခံနိုင်မှန်းသိတော့ ၊ သူတို့ကိုယ်သူတို့ ရွေးကောက်ပွဲ အမည်ခံ ကျင်းပပြီး လူထုဆီက အုပ်ချုပ်ရေးအာဏာကို တပါတ်ရိုက်ပြီး ရယူဖို့ကြံစည်တာ ဖြစ်တဲ့အကြောင်း ပြည်သူလူထု သိရှိအောင် အဆိပ်ရှိတဲ့မြွေဟာ အရေခွံလည်းလိုက်ပေမယ့် သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ ဆိုတာကို သိရှိအောင် ရှင်းပြဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။
သူရဲကောင်းတွေသာ ကျဆုံးခဲ့ရတယ် တိုင်းပြည်ကတော့ အကျိုးမခံစားရဘဲ လူမိုက်တွေက ပိုပြီး ကောင်းစားလာကြတယ် ။ ဒီလို အမှန်တရားရဲ့ ဘက်တော်သားတွေ ကျရှုံးလာတဲ့ အရင်းအမြစ်ကို လိုက်ရှာကြည့်တော့ သူရဲကောင်းကိုသာ အားကိုးပြီး ကိုယ်တိုင်သူရဲကောင်း ဖြစ်ချင်တဲ့လူတွေ နည်းပါးနေသေး တဲ့အပြင် ကြားနေ၀ါဒကို ကျင့်သုံးတဲ့ လူတွေများလာလို့ဆိုတာကို သိမြင်လာတယ် ။ ဒါကြောင့် သူရဲကောင်း စိတ်ဓါတ်များ မွေးမြူပေးကြပါဆိုတဲ့ စကားလုံးလေးကို လက်ကိုင်ထားပြီး လူထုကို တတ်နိုင်သမျှ လိုက်လံ ရှင်းပြခဲ့တယ် ၊ သူရဲကောင်း ဖိတ်စာတွေပို့ပေးခဲ့တယ် ။
သူရဲကောင်း ဖိတ်စာကို ရရှိတဲ့ လူတွေထဲက သူရဲကောင်း စိတ်ဓါတ်ကို ကိုယ်တိုင်မွေးမြူကြတဲ့ လူနည်းစုက ပြည်သူလူထုကို တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ မေးခွန်းလေးများကို လိုက်လံမေးခဲ့ကြတယ် ။ တိုင်းပြည်ကို ဘယ်လို ချစ်သင့်တယ်ဆိုတာ လမ်းပြပေးခဲ့တယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် သင့်တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကို လိုက်လံ ညွှန်ပြ ပေးကြပြန်တယ် ။ အဲဒီ အချိန်မှာ သူတို့ သုံးတဲ့ စကားလုံးလေးတွေမှာ ဒီမိုကရေစီ ဆိုတဲ့စကားလုံးလေး ပါလာတော့ လူထုက အဲဒီ စကားလုံးကို သိပ်နားလည် ချင်လာကြတယ် ။
အဲဒီခါမှာ ဒီမိုကရေစီ နှင့် လက်ရှိ မြန်မာပြည် အကြောင်းကို နှိုင်းယှဉ်ပြီး ရှင်းပြခဲ့တယ် ။ ဘာကြောင့် လက်ရှိ အစိုးရက ဒီမိုကရေစီ နိုင်ငံ မတည်ဆောက်စေချင်တယ် ဆိုတာကို အရိုးရှင်းဆုံး စကားလုံးလေးတွေ သုံးပြီး လူငယ်တွေ သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ် ။ လူငယ်တွေ ကို ဒီမိုကရေစီ နိုင်ငံကို မြင်ယောင်လာအောင် လမ်းပြခေါ်ဆောင်ဖို့ အတွက် ကကြီး ခခွေး နိုင်ငံရေး သမားလေးတွေ ဖြစ်အောင်
အရင် လမ်းညွှန်ခဲ့ပါတယ် ။ ဒါ့အပြင် ကကြီးခခွေး နိုင်ငံရေး သမားလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ကြဖို့ သက်ဆိုင်ရာ ပညာရှင်များကို မေတ္တာရပ်ခံခဲ့ပါတယ် ။ ဒီလိုလုပ်ဆောင်ချက်လေးတွေ ကြောင့် အမှန်တရားကို ချစ်မြတ်နိုးကာ မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်လိုသည့် သွေးမျိုးဆက်များ ရှင်သန် ပေါက်ဖွားလာခဲ့ပါသည် ။
သွေးမျိုးဆက်တွေရဲ့ ခွန်အားကို အသုံးချပြီး တပ်မတော်နဲ့ ပြည်သူလူထု ကြားက ဆက်နွယ်မှုကို လူတိုင်း သိရှိနားလည်စေလိုတဲ့စေတနာနဲ့ တပ်မတော်နဲ့ ပြည်သူလူထု ရဲ့ဆက်စပ်ပုံ ၊ ဟိုယခင်က တပ်မတော်သားတွေနဲ့ ယခုတပ်မတော်သားတွေ ကွာခြားပုံတွေကို ဥပမာလေးများနှင့် ရှင်းပြပေးခဲ့တယ် ။ ဒီလို ကွာခြားတဲ့ အမူအကျင့်စရိုက်တွေကြေင့် ပြည်သူလူထုက တပ်မတော်ကို သဘောထား အမြင်များ ပြောင်းလာခဲ့ပုံ ၊ လက်ရှိတပ်မတော်သားတွေ ခံစားနေရတဲ့ ဒုက္ခတွေက လွတ်မြောက်ဖို့ ပြည်သူလူထုနဲ့ လက်တွဲသင့်တဲ့ အကြောင်းကို အားလုံး နားဝင်အောင် ထပ်မံကြိုးစား ပြခဲ့ပါတယ် ။
ဒီနေ့ နိုင်ငံရေးသမား တွေ တင် မကဘူး ပြည်တွင်းက လူတွေက ပြည်ပကလူတွေကို အမြင် သိပ်မကြည်လင်ကြဘူး ။ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် ရှားပါးလို့ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်နေကြတာကို အပြစ်မြင်နေကြတယ် ။ ဒါတင် မကသေးဘူး ပြည်ပကို ရောက်မှ နိုင်ငံရေး လုပ်တာကို အပြစ်ပြောချင်ကြတယ် ။ ပြည်ပရောက် နိုင်ငံရေး သမားတွေကို ၀ါးလုံးရှည်နဲ့ ပတ်သိမ်း ပြီး ရမ်းယုံသာ မကဘူး ၊ သမိုင်း အမှားတွေကို လူငယ်တွေ ထွေပြားအောင် လမ်းမှားကြီးကို ညွှန်ပြနေကြတယ် ။ ဒါကြောင့် လူရယ်လို့ ဖြစ်လာရင် လူပီသအောင် နေထိုင်ဖို့သာ အဓိက ဆိုတာကို လိုက်လံ နိုးဆော်ပေးခဲ့ပါသေးတယ် ။
တကယ်တော့ လက်ရှိ ရွေးကောက်ပွဲကို သဘောထားတွေ ကွဲလွဲနေတယ်ဆိုတာ အမြင်မှားတွေ လက်ခံထားကြလို့ပါ ။ ဘာကြောင့် အမြင်တွေ မှားနေရတယ်ဆိုတာကို သေချာစွာ ရှင်းပြခဲ့ပါ ယုံသာမက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာကို သဘာဝ အမှန်ရှုထောင့်က လူတိုင်း နာလည်းလာအောင် တင်ပြပေးခဲ့ပြီး အမြင်မှားကိုလက်ခံထားကြသူများရဲ့ အကြောင်းကို ဝေဖန် ပိုင်းခြားပြခဲ့ပါတယ် ။
ဒီလို အမြင်မှားတွေကို လက်ခံထားကြတဲ့လူတွေဟာ သူတို့ အသိညဏ်ကို ငါဆိုတဲ့ အတ္တ မျက်မှန်နဲ့ တပ်ပြီး ကြည့်လေ့ရှိတော့ သဘာဝ အမှန်တရားကို မမြင်နိုင်ကြဘူးပေါ့ ။ သူတို့တွေကို အမှန်နဲ့အမှားကြားက ကာခြားထားတဲ့ နံရံပါးပါးလေးကို ဖောက်ထွက်ဖို့ အတွက် ကိုယ့်ရဲ့ အသိညဏ်ကို အားမနာတမ်း ကိုယ်တိုင် ကိုယ်ကျ သုံးသပ်သင့်ကြောင့် အကြံပြု တင်ပြ ပေးခဲ့ ပါသေးတယ် ။
နောက်ဆုံး အနေနဲ့ လူပီသတဲ့ လူသားတစ်ယောက် အနေနဲ့ လုပ်စရာက တစ်ခုတည်း ရှိပါတယ် ။ အများကောင်းစားရေးကို ရှေှးရှု တိုင်းပြည် အကျိုးကို ရည်မျှော်လို့ တိုက်ပွဲခေါ်ရာကို တစ်စိုက်မတ်မတ် လိုက်ကြရအောင် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် တစ်ခုတည်းသော လမ်းစဉ်နောက်ကို စွဲစွဲမြဲမြဲ လိုက်ကြမှာ သာလျှင် စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူထု နှင့် ကျောင်းသား များပါ မကျန် တိုင်းပြည်ချစ်စိတ် ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ကာ သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင် မွေးမြူကြ၍ ကျရာ အခန်းဂဏ္ဍကနေ နိုင်ရာ တာဝန်ထမ်း ကြလျှင် မကြာခင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက် လွတ်မြောက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်မည်မှာ အသေအချာပါဟု စွဲမြဲ ယုံကြည်လျှက် တိုက်ပွဲဝင်ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
ကျွန်တော်ရေးခဲ့သမျှ ဆောင်းပါး ခေါင်းစဉ်တွေကို အနှစ်ချုပ်လိုက်တော့ တိုက်ပွဲခေါ်သံ တပုဒ် ဖြစ်သွားတာပေါ့ ။ မိတ်ဆွေ သင်မြန်မာနိုင်ငံသား တစ်ယောက်ဟု ခံယူထား၍ တိုင်းပြည်ကို တကယ်ချစ်ခဲ့လျှင် သင့်မိတ်ဆွေများကို ဆက်လက် ဖြန့်ဝေပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ ။ တိုင်းပြည်ကို ချစ်သည့် စိတ်ဖြင့် အများသူငါ သိရှိလာအောင် ဖြန့်ဝေပေးကြည့် သူရဲကောင်း အပေါင်း နှင့်တကွ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုက်ပွဲဝင်ရင် အသက်စွှန့်သွားကြရရှာသော အာဇာနည် သူရဲကောင်းများ ကို ဒီနေရာလေးကနေ လေးစားစွာ ဂါဝရ ပြုလိုက်ပါတယ် ။
Friday, November 19, 2010
တိုက်ပွဲခေါ်သံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment