ဘိုကလေး မီး သွေး ကို အ စား ထိုး ပေး မဲ့ ( ရန် ကုန် မီး သွေး ) အဲဒီ လို ပဲ ပြော ရ တော့ မည် ထင်ပါသည်။ ဧ ရာ ၀ တီ တိုင်း တွင် မီး သွေး ဆို လျှင် ဘို က လေး မီး သွေး ကို လူ တိုင်း သိ ကြ ပါ သည် ။ နာ ဂစ် အ လွန် တွင် ရန် ကုန် မြို့  ၏ လောင် စာ စွမ်း အင် ဖြည့် ဆည်း မှု အ တွက် ဘို က လေး မှ မီး သွေး မ လာ နိုင် တော့။
အ ထက် အ ရပ် မှ မီး သွေး များ ရန် ကုန် ကို ပြန် ဆင်း လာ နေ ရ ပြီ ။ မုန် တိုင်း မြန် မာ ပြည် ကို ၀င် ရောက် ခဲ့ ရ ခြင်း ၏ အ ဓိ က ကျ သော အ ချက် ထဲ တွင် ၊ သစ် တော ပြုန်း တည်း မှု က ထိပ် တန်း က နေ ရာ ယူ ထား ပေ သည် ။ ဧ ရာ ၀ တီ က တော့ သစ် တော မ ရှိ တော့ သည့် အ တွက် နာ ဂစ် ဒါဏ် ကို မ ရှု မ လှ ခံ ခဲ့ ရ ပြီ ။ နောက် ဆက် တွဲ အ ကျိုး ဆက် များ ကို လည်း အ ပြင်း အ ထန် ခံ စား နေ ရ ဆဲ လည်း ဖြစ် သည် ။ အ ညာ မှာ တော ပြုန်း နေ ပြီ ။
အောက် ပြည် ၏ လောင် စာ စွမ်း အင် လို အပ် ချက် ကို ဧ ရာ ၀ တီ မ ပါ ပဲ ၊ ဘယ် လို နိုင် အောင် ဖြည့် ဆည်း မ လဲ ဆို တာ ၊ တွေး စ ရာ ၊ မေး ခွန်း ထုတ် စ ရာ ၊ ဖြစ် နေ ပြီ မ ဟုတ် ပါ လား ။
နယ် ချဲ့  အ င်္ဂ လိပ် တို့  မြန် မာ ပြည် ကို အ နှစ် (၁၀၀) ကျော် အုပ် ချုပ် ပြီး ၊ မြန် မာ ပြည် ၏ သ ယံ ဇာ တ များ ကို စိတ် ကြိုက် ထုတ် ယူ သွား ခဲ့ ကြ သည် ကို လူ တိုင်း သိ ပါ သည် ။
အ နှစ် (၁၀၀) ကျော် အင်္ဂ လိပ် တို့  ၏ ဗြိ တိ သျှ ဘား မား သစ် ထုတ် လုပ် ရေး မှ ခုတ် ယူ သွား သော မြန် မာ့ သစ် တော များ ကား လွတ် လပ် ရေး ရ ပြီး သည့် အ ချိန် တွင် ပင် ၊ တစ် နိုင် ငံ လုံး စိမ်း စို အုံ့  ဆိုင်း ပြီး ကျန် ရှိ နေ ခဲ့ ပေ သေး သည် ။

သ ခင် မျိုး ဟေ့ ဒို့  ဗ မာ တွေ လက် ထက် မှာ လည်း တော် လှန် ရေး ကောင် စီ ၊ အာ ဏာ ရ ယူ ထား ချိန် အ ထိ လည်း သစ် တော များ က တ ပြည် လုံး ပိတ် ဖုံး လို့  ၊ မိုး လေ ၀ သ တွေ က လည်း မှန် နေ သေး သည်။ အ မျိုး သား ရေး ကို ဘယ် တော့ မှ သစ္စာ မ ဖေါက် ဟု ကြွေး ကြော် ပြီး အာ ဏာ သိမ်း ခဲ့ သော မျိုး ချစ် တပ် မ တော် ကြီး ၏ လက် ထဲ တွင် မ တော့ ၊
မြန် မာ ပြည် တ ပြည် လုံး မှ သစ် တော များ ပြုတ် ပြုတ် ပြုန်း ကုန် ပေ ပြီ ။ဘာ မှ မ ကြာ လိုက် ။
(မ.ဆ.လ) (န.၀.တ) (န.အ.ဖ) သုံး ဖွဲ့  ပေါင်း အ နှစ် လေး ဆယ် ကျော် အ တွင်း ၊ စိမ်း လန်း စို ပြေ သော မြန် မာ ပြည် ကြီး ၊ လွင် တီး ခေါင် ခေါင် ၊ တောင် က တုံး များ သာ ကျန် တော့ သည်။ ရာ သီ ဥ တု များ ဆိုး ရွား ဖေါက် ပြန် လာ ခဲ့ သည် ။ တော ပြုန်း နေ သည့် အ ညာ ဒေ သ ၏ အ နာ ဂတ် ကာ လ များ က မ တွေး ၀ံ့ စ ရာ ပေ ။ သ ဘာ ၀ ဘေး အ န္တ ရယ် များ က ၊ အ နှေး နဲ့  အ မြန် ဆိုက် ရောက် လာ တော့ မည် ။
မြန် မာ့ သစ် တော ကို အ နှစ် လေး ဆယ် ကျော် အ တွင်း ကုန် သွား အောင် ၊ စွမ်း စွမ်း တ မံ နေ့  မ အား ည မအား တာ ၀န် ယူ ဆောင် ရွက် နေ သော တပ် မ တော် အ ကြီး အ ကဲ များ က ဘယ် လို ပ ညာ ရှိ ဥာဏ် မျိုး ဖြင့် လို အပ် သည် များ ကို ညွှန် ကြား သွား သည် ကို စာ ဖတ် သူ များ စဉ်း စား စေ ချင် သည်။
ယ ခု လည်း ကြည့် ကြ ပါ အုံး ဗျာ ။
ရန် ကုန် မြို့  လည် ခေါင် က ဂျက်ဂါ( ဂျ ပန် ဆေး ရုံ) ကြီး နဲ့  ကပ် နေ တဲ့ ၊ ယ ခင် စိန် ဂျွန်း ဈေး ၊ နေ ရာ က ချိုင့် ကြီး ကို ရန် ကုန် တစ် မြို့  လုံး က နာ ဂစ် ကြောင့် ၊ လဲ ပြို ခဲ့ တဲ့ သစ် ပင် ကြီး ၊ ငယ် ၊ တွေ ကို ထ ရပ် ကား တွေ နဲ့  သယ် ပြီး ဖို့  နေ တယ် လေ ။ အ လုပ် လုပ် နေ တာ ကို ကျေး ဇူး တင် ရ ပါ သည် ။ ဥာဏ် ပ ညာ နည်း တာ က တော့ ပြော စ ရာ ပင် ။ မ ကျန်း မာ သော ကြောင့် ဆေး ရုံ တက် ရောက် ကု သ နေ သော လူ နာများ နှင့် ၊ အ နီး ရှိ ( ဘစ် ရှော့ ဟုမ်း ) အ လယ် တန်း ကျောင်း မှ ကျောင်း သူ ၊ ကျောင်း သား များ အ တွက် ကျန်း မာ ရေး နှင့် မ ညီ ညွတ် သော အ နံ့  အ သက် ဆိုး များ ကို မျိုး ချစ် တပ် မ တော် ခေါင်း ဆောင် ဗိုလ် ချုပ် ကြီး များ က မ သိ တာ ပဲ လား ။
သိ လောက် တဲ့ ဥာဏ် ပဲ မ ရှိ တာ လား ။ သစ် ဆွေး ။ အ မှိုက် ဆွေး များ ၏ အ နံ့  အ သက် ဆိုး များ သာ မ က ၊ မီး လောင် မှု ဖြစ် ပွါး နိုင် ပေ သည် ။ ယ ခု ပဲ ထို သစ် ပုံ ကြီး မှ မီး ခိုး များ ထွက် လို့  နေ ပါ ပြီ ။ (၃) ဧ က လောက် ရှိ တဲ့ အ မှိုက် ပုံ ၊ သစ် ပုံ ကြီး မီး လောင် လျှင် မီး သတ် ရန် အ လွန် ခက် မည် ။ ဆေး ရုံ နှင့် ကျောင်း အန္တရာယ် ရှိ သည် ။ ဒါ ကို မ သိ တာ လား။ ဒါ မှ မ ဟုတ် ရန် ကုန် မီး သွေး ဖုတ် နေ တာ လား လို့  ပင် မေး လိုက် ချင် သည် ဥာဏ် ကြီး ရှင် တို့  ။
တစ် ခု တော့ ပြော ရ အုံး မည် ။ (၃) ဧ က လောက် ရှိ တဲ့ အ မှိုက် ပုံ ၊ သစ် ပုံ ကြီး မီး လောင် ရင် ငြှိမ်း ဖို့  ထင် ပါ ရဲ့  ။ မီး သတ် ကား ကို အား ရ စ ရာ တွေ့  ရ ပါ သေး သည် ။
မီး သတ် ကား က တော့ တစ် ကိုယ် တည်း အ ထီး ကျန် စွာ ပဲ ( ၁ စီး ) ။

ကြီးမှ ကြီး..တောင်ပုံရာပုံအမှိုက်ပုံကြီး..ထီးထည်း ဟီးဟီး
၁၉၈၈- ဗားဂရာချောက်ကို လူရိုးနဲ့ဖြည့်မတဲ့။ ၂၀၀၈ -စိန်ဂျွန်းကချောက် အမှိုက်ပုံနဲ့ ဖြည့်လှဲ့ 
ရေစို လောင်စာအမှိုက်မြေ.မီးခိုးတွေ တလူလူထွက်နေ
ဒီအပင်တွေသာ အကုန်လောင်..ရန်ကုန်တမြို့ လုံး ပြောင်မလား.. မီးသတ်မဲ့ တစ်စီးသော မီးသတ်ကား..လောင်ရင်.သူတောင်ပြေးလို့ လွတ်ပါ့မလား

ဆီထုတ်ရောင်းစားသောကြောင့် ရေသာရှိ၍ ဆီမရှိသော ဘုရားစူးရစေ့ မီးသတ်ကား
No comments:
Post a Comment