ရခိုင်ပြည်နယ်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး ခိုးယူ
စင်ကာပူနိုင်ငံ ဗုဒ္ဒအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg/Eng_Content/About_BTRTS/About_Origin.html ရဲ့ ဖော်ပြချက်အရ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက် အရတော့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ဦးစက္ကပါလက သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်း သိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်း များစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။
ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင်ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်း ပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံးပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးက ဘုန်းကြီးအနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။
စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ်မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော်ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။
အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။
ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။
မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။
အခုတင်ပြနေတာက ဗုဒ္ဒရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။
အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင်စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့
ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။
ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င်ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း.... စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလဲ၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။
Rest of your post
Tuesday, July 29, 2008
ကဲ ဒို့  ဘိုးဘွားအမွေအနှစ်..ဒီတိုင်းဘဲ ရေတိမ်နစ်ခံမလား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
July
(303)
- Joint Statement of the ABMA, 88GS and ABFSU, July ...
- ၈၈ စစ်ကြောင်း ရဲ့ ကြေညာချက်
- သနားဒယ်......
- မင်း မတရားတာမလုပ်ရင်..ငါလာစရာမလိုဘူး နအဖ..မင်းကြော...
- သူခိုး နအဖ.မခေကြောင်း..ကမ္ဘာကသိပြီး ဆွမ်းကြီးလောင်း...
- ထိုင်းမြန်မာ နယ်စပ် မှ မဲလ..ဒုက္ခသည်စခန်း။
- သူ့ နှမပေး ယောက်ဖတွေ..လုပ်ချင်တာလုပ်..ဟုတ်နေတဲ့နအဖ..
- မေ့ပျောက်နိုင်ပါရိုးလား..8888
- ရခိုင်လူငယ်များ၏ ၈၈၈၈ အထိမ်းအမှတ်ပွဲ..အစီအစဉ်
- ဒီပဲယင်းအမှတ်တရ..ဂျပန်
- သွေးစွန်းပန်းပွင့်များ၏ နှစ် ၂၀ ပြည့် ဒဏ္ဍာရီ..
- မေ့မရဘူး..
- Amnesty International Report 2008
- The Olympics countdown – broken promises
- ရူးချင်ယောင်ဆောင်နေတဲ့ တရုပ်..
- နာဂစ်ရဲ့ အလွန်..
- ပီကင်းက အိုလံပစ်..သွေးစွန်းတဲ့ နှစ်၂၀၀၈..
- ခရီးဆုံးရောက်ပြီ..မိုင် ၃၀၀၀ ခရီးသည်။
- ဒေါင်းအိုးဝေ တွန်သံသာဖို့ ..လာကြ ဒို့ အရေးကြွေးကြေ...
- ကြိုင်ကြိုင် သောက်ဂရုမစိုက်တဲ့ မြန်မာခလေး..သူများေ...
- ခွေးတွေ ကြောက်လို့ ပြေးရတဲ့ လူတွေ ခွေးသေ၀က်သေ..သေက...
- မြန်မာသတင်း ဇူလိုင်လ ၃၀ ရက် ၂၀၀၈
- U NU Speech 1948 Jan 4
- စေ တ နာ မ မှန် သော တံ ခါး ပိတ် ခြင်း ။
- ဘုန်းဘုန်းတို့ နဲ့ တသွေးထည်းအတူ..
- ကနေဒါ ရောက် ဒေါင်းတွေ လည်း..နီပါတယ်ဗျို့ ။
- RED POSTER COMPIAGN (8888)
- ပိုက်ဆံထပ်တောင်းရန်..မျောက်ပွဲပြနေခြင်း
- ကဲ ဒို့  ဘိုးဘွားအမွေအနှစ်..ဒီတိုင်းဘဲ ရေတိမ်နစ်ခံ...
- ကဲ ဒို့  ဘိုးဘွားအမွေအနှစ်..ဒီတိုင်းဘဲ ရေတိမ်နစ်ခံ...
- ထိုင်းဝန်ကြီး ဟင်းချက်ကောင်းလို့  သူလာလည်မယ်တဲ့
- Responding t...
-်ပင်လုံစာချုပ် ၁၉၄၇..
- မေ့လို့ရမလား...သွေးစွန်းခဲ့တဲံ နေ့ ဆီ
- ဂျပန်ကနာဂစ်လေဘေး ရံပုံငွေပွဲ မှတ်တမ်းဓါတ်ပုံများ
- အစား ထိုးကုန်ပြီ။
- သူခိုးလက်ခံ သစ္စာဖောက်များကို ဖေါ်ထုတ်ခြင်း
- မီးလိုပြင်းထန်တဲ့ နှစ် ၂၀ ပြည့် ၈၈၈၈ အရေးတော်ပုံ
- ရွှေဂုံသားမို့ ရဲသလေဗျ
- သန်း ရွှေ ဟာ မြန် မာ နိုင် ငံ သား တစ် ယောက်၊ ( ဒါ ...
- တရားဝင်လိုင်စင်ရ..ဒေါ်လာသူခိုး .
- တိုင်ချင်ရင်..မတိုင်ခင် ဒါအရင်ဖတ်။
- ဘုရားဘုရား မနောက်နဲ့နော်..အရွေးတော့မခံပါရစေနဲ့ ဗျာ...
- လက်ချင်းချိတ်ဖို့ လိုပါပြီ
- ဂျပန်က နာဂစ် လေဘေးဒုက္ခသည်များ ရန်ပုံငွေ ဂီတဖျော်ြေ...
- ဒို့ သွေးစွန်းခဲ့တာ..အခု နှစ် (၂၀)
- ငြိမ်းချမ်းရေး ခရီးသည်။
- ကမ္ဘာကြေနိုင်ရိုးလား...
- အသံတွေ ကြားနေရပြီ။ နအဖ ကတော့ ခုထိ ရူးချင်ယောင်ဆောင...
- 8888 ကိုမမေ့ ကြစတမ်း
- ကျပ်ပြေးက အရှုပ်တော်ပုံများ အပိုင်း ( ၅)
- ဘယ်သူက စေတနာထား..ဘယ်သူကဟောက်စား လဲဟေ့
- ဖတ်သင့်ပါသော နေလဂျာနယ်
- Stand By Burma - Invitation for August 2, 2008
- ဂျပန်က ရံပုံငွေ ဂီတပွဲ
- အော် နှစ် ၂၀တောင်ရြှိပီ. 8888..အကျည်းတန်တဲ့နှစ်တွေ
- နယ်လ်ဆင်...မင်ဒဲလား..
- သတင်းစာများက ပြောတဲ့သမိုင်း
- ဗိုလ်မှုးဟောင်း အောင်လင်းထွဋ္ဋ်နှင့် တွေ့ဆုံခြင်း (DVB)
- တ နေ့  ခွဲ ကြ ရ မှာ ပါ ။
- ပေးပေး...ပေးပေး...ဒို့ ငွေတွေ ပြန်ပေး
- ရွှေ သတင်းစာစောင် vol:3 issue 4
- ဗမာ့အရေး..ဒို့ အရေးဟေ့ ဒို့ သွေးဗမာ..နီရဲပါ။
- ပေါချောင်ကောင်း မို့ တွယ်နေကြပြီ။
- ထိအောင် ပစ်စမ်းပါလား ဘိုးသကြား..
- (စက်ဘီးစီးပြီး လွတ်လပ်ရေးခရီးသွားကြစို့ )
- ဝါးတွေပွင့်နေတဲ့ မြေ..ငတ်ဘဲသေကြရတော့မှာလား.
- Free Daw Aung San Suu Kyi
- အခက် ပွေနေတဲ့ Asean
- ကွန်တိန်နာနဲ့ လူခိုးသွင်းတဲ့ကိစ္စ။
- ဂျပန်ရဲ့ အစီအစဉ်
- ၃၀၀၀ မိုင်ခရီးရှည်ချီတက် ရဲဘော် အာဇာနည်များ ခရီးတ...
- ကျောင်းကောင်း
- တချိန်တုန်းက ဧရာဝတီ
- ရုရှတွေ ဒို့မြေပေါ် မှာနအဖနဲ့ပေါင်း..ဘာတွေ လုပ်နေကြ...
- လူဆိုးတွေနဲ့ တိုင်ပင်တဲ့ လူယုတ်မာ။
- သွေးပျက်နေတဲ့ ဧရာဝတီက လယ်သမားများ.
- လှို့ ဝှက် ကယ်ဆယ်ရေး ခရီးစဉ်
- ရံပုံငွေ ပွဲမို့  အားပေးကြပါခင်ဗျ
- နော်ဝေးမှာ..လမ်းလျှောက်မဲ့သူများ..
- မြန်မာတွေ ပေါက်ကွဲကုန်ကြပြီ။ (မလေးရှား မြန်မာသံရုံ...
- ဂျပန် မြန်မာ ပြဿနာ..
- မြန်မာ့ သတင်း ဇူလိုင် ၂၃ ရက်၂၀၀၈
- သပိတ်မှောက်ကြမယ်..တရုတ် အိုလံပစ်
- ကူညီမဲ့သူတွေရှိရင်..
- သူလို လူ ဘယ်သူရှိသလဲ..ရဲရင်လက်ညှိုးထောင်.
- ဒို့ အားလုံးလိုအပ်နေတဲ့ အရာ
- နယူးယောက်သို့ မိုင် ၃၀ အကွာ
- ဒို့ ဗိုလ်ချုပ်၏ မြတ်သောဂုဏ်ရည်။
- နိဗ္ဖါန်ဈေးမှာအလှူကူ..သာဓုယူကြပါလော့
- အပျိုလိုချင်သော ခေါင်းညိမ့်တတ်တဲ့ ပုတ်သင်ညိုများ
- အကျဉ်းစံ နိုင်ငံရေးအကျဉ်းသမားများ
- မြန်မာ့သတင်း ဇူလိုင် ၂၂ ရက် ၂၀၀၈
- ဘော်လကန်ဒေသ၏ ဇာတ်သိမ်းသွားသော သားသတ်သမား
- Letter to the Secretary-General and Members of Sec...
- No title
- SummaryRest of your post
- ရခိုင် လွတ်မြောက်ရေးတပ် နဲ့ နအဖစစ်တပ် နဲ့တိုက်ပြွဲ...
- ငါ့လှေငါထိုး..ပဲခူးရောက်ရောက်
- နယူးယောက်မှ အာဇာနည်နေ့ လှုပ်ရှားမှု ၂၀၀၈
-
▼
July
(303)
No comments:
Post a Comment