Friday, September 5, 2008

ဘန်ကီမွန်း..အလေးပြုသွားမှ..ဆေးသုတ်မွန်းမံပေးကြတဲ့...ဦးသန့် ရဲ့ဂူ..

အော်.
နအဖဆိုတာ.မျက်နှာမှာ သနပ်ခါးအဖွေးသား...ပေါင်မှာက..သေးကြောင်း အထင်းသားဆိုတော့လည်း..မကျေ နပ်သော်ငြား.ဦးသန့် အုတ်ဂူကို မြက်ခြုံ နွယ်ရှင်း..အရောင်တင်နေပြီလေ။ .ဘန်ကီမွန်းက..ဦးသန့် ဂူ..နအဖ ဆေးမသုတ်နိုင်ရင်..UN မှာ..အလှူခံ ပေးရမလား လို့ ပြောတာနဲ့ ရှက်ရမ်းရမ်းပြီး ဆေးသုတ် တာ ပါတဲ့။
ဦးသန့်အုတ်ဂူ အဆောက်အအုံ ပြန်လည်မွမ်းမံ
Posted on Sep 04 08 - 11:00 AM Hits : 807
ရန်ကုန်၊ သြဂုတ်-၂၆ ရန်ကုန်မြို့

ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်အုတ်ဂူ တည်ရှိရာ အဆောက် အအုံအား ပြန်လည်မွမ်းမံရန် ယခု တစ်ပတ်အတွင်း အဆောက်အအုံ ၌ ငြမ်းဆင်မှုများ ယခုလတတိယ ပတ်အတွင်းကစ၍ ဆောင်ရွက် လျက်ရှိသည်။ ဦးသန့်မှာ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ နှစ်ကြိမ်ဆက် တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး အာရှတိုက်၏ ပထမဦးဆုံး ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဖြစ်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆေးရုံ၌ ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ပြီးခဲ့သည့် မေ လ ၂၃ ရက်က မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်သော ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်မစ္စတာ ဘန်ကီမွန်းသည် ယင်းအုတ်ဂူသို့ သွားရောက် ဂါရ၀ပြုခဲ့သည်။

ငြိမ်းငြိမ်းနိုင်
်http://www.planet.com.mm/news/read.cfm/id/10478

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်