Saturday, December 20, 2008

မျက်ကန်းမျိုးချစ်များ သို့ ..



ခုတလော..Email gruop ထဲက ကျောင်းသားခေါင်းဆောင် မျိုးချစ်များရဲ့ ပြဲကွဲ. ရန်ပွဲတွေ က..တစတစ တိုးပွါးနေပါတယ်။
အမှန်ကိုပြောရရင်...စစ်အာဏာရှင်ရဲ့ စိုးမိုးသက် ဟာ နှစ် ၄၆ နှစ်တိုင်ခဲ့တာပါ။ ခုထိ ကျနော်တို့  ကိုယ်ကို ကျနော်တို့ မျိုးချစ်တွေ ပြောနေကြ.နာမည်တတ်နေကြ ကျောင်းသားခေါင်းဆောင်တွေ တယောက်ထက် တယောက် ပို အစွမ်းပြနေခဲ့ပေမဲ့ စစ်အာဏာ ရှင်ကို ပြူတ်ကျ တဲ့အထိ မစွမ်းဆောင်နေသေးဘဲ..
ဝေးရာ အရပ်က ဖင်လှန်ပြနေတဲ့အဆင့်ဘဲ ရှိသေးတဲ့အတွက်. အမှန်ကို ကွက်ကွက်ကွင်းကွင်း ကိုယ့် ပေါင် ကိုယ်ထောင်းကြေးပြောရရင် တော့ တော်တဲ့သူ မပေါ်သေးဖူး.ဆိုတာ ၀န်ခံရမှာပါ။

တော်လှန်ရေးနဲ့  တော်လှန်ရေး လှုပ်ရှားနေကြသူတွေကို ကျေးဇူးတင်ပါတယ်။ လေးလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျနော်တို့  ကိုယ်ကျိုး စွန့်  ညီညွတ်ဖို့  လိုအပ်တာ ငြင်းမရပါဖူး။ ပိုပြီး အတ္တတွေ စွန့်ပစ်ရဖို့ အချိန်တန်ပါပြီ။ နိုင်အောင်တိုက်ဖို့  အချိန် တန်ပါပြီ.။
မျက်လုံးတွေဖွင့်ကြပါ။ အချိန်သိပ်မကျန်တော့ပါဖူး။။ခေါင်းဆောင်လုပ်ချင်ရင်..ခေါင်းဆောင်ကောင်း အရည်အသွေးရှိကြောင်းပြကြပါ။

အနူတော ထဲ လူချော သူတောင်းစား ဂိုဏ်းချုပ် ခေါင်းဆောင် အဖြစ် ပန်းပန်ဖို့ အလံလု နေမဲ့အစား မိစ္ဆာဒိဠိတွေကို အရင် ပြုတ်အောင် လုပ်ပြီးမှ ဆက်လုကြပါခင်ဗျာ။ နားလည်ပေးကြပါ. ပြည်သူတွေ ကြေမွနေပါပြီ။ သင်ခေါင်းဆောင် ငါခေါင်းဆောင် ဘာမှ အကျိုးမရှိပါဖူး..
သင်္ကြန် အမြှောက်မျှသာဖြစ်ပါတယ်။ရှက်ဖွယ်လိလိ..အဖြစ်မရှိသည့်ခေါင်းဆောင်အဖြစ်.ကိုယ့်ကို ကိုယ့်ဂုဏ်ရစ်နေလေလေ. စစ်အာဏာရှင် သက်ဆိုးရှည်လေလေ ဆိုတာ သတိရပေးပါခင်ဗျာ။

1 comment:

Jeff said...

မှန်လိုက်လေဗျာ။ ကိုကြိုးမဲ့တံခွန်တို့လို လူတွေကိုပြောချင်တာက ခေါင်းဆောင်လုပ်ချင်တဲ့သူဆိုရင် နိုင်ငံတကာသတင်းတွေ မဟုတ်မဟတ် မတတ်တခေါက် ဘာသာပြန် ဆရာကြီးလုပ်ရေးနေမယ့် အစား ပြည်တွင်းက ရဲဘော်ရဲဘက်တွေနဲ့ သူတို့မိသားစုတွေရဲ့ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းပြီး အမှန်တကယ် ပြည်ပလှုပ်ရှားမှုတွေ အဆင့်မြှင့် လုပ်သွားဖို့ တောင်းပန်ချင်ပါတယ်။ အကြံပေးခြင်းမဟုတ်ပါ။ ကိုယ့်ဘက်ပြန်လာမယ့်အကွက်တွေ ကြိုမြင်လို့ တောင်းပန်တယ်လို့ တစ်ခါတည်းပြောထားတာပါ။

Post a Comment

ယခင် သတင်းများ ဖတ်ရန်