Friday, December 19, 2008

အနောက်ပိုင်းတိုင်း တိုင်းမှူး သောင်းအေး ဒေသစီးပွားရေး လုပ်ငန်းများကို ၀င်ရောက်စွက်ဖက်၍ လုပ်ငန်းရှင်များ ထိခိုက်နစ်နာ




12/18/2008

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ပယက ဥက္ကဌ အဖြစ် အသစ်ကျလာသော ဗိုလ်ချုပ်သောင်းအေးမှ စီးပွားရေး လုပ်ငန်း တချို့တွင် ၀င်ရောက် စွက်ဖက်နေသဖြင့် စီးပွားရေး လုပ်ငန်းရှင် တချို့မှာ ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု မောင်တောမြို့မှ စီးပွားရေး သမား တဦးက ပြောသည်။

သူက “ ကျွန်တော်တို့က ဗိုလ်ချုပ်သောင်းအေးကို အရင် တိုင်းမှူးတွေထက် ကောင်းတယ်ဆိုပီး ချီးမွှမ်း နေကြတာပါ။ ခုတော့ သူလည်း နောင့်တော် နောင်တော်တွေရဲ့ လမ်းကို လိုက်လာပါပြီ။ ကျွန်တော်တို့ မောင်တောမြို့မှာ လွန်ခဲ့တဲ့ အောက်တိုဘာလက မယက ပုဇွန်ကန်တွေကို လေလံ ပစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တဲ့ ဦးမောင်လုံးချေ နှင့်

ဦးညိုသိန်းမောင်တို့က ကျပ်သိန်း ၅၁၀ နဲ့ လေလံကို တရားဝင်အနိုင်ရရှိခဲ့ပါတယ်။ အခုအခါ တိုင်းမှူးက အမိန့်ထုတ်ပြီး သူတို့ရဲ့ ဘက်တော်သား တဦးကို တဝက်ခွဲပေးရမယ်ဆိုပြီး ဦးမောင်လုံးချေ နှင့် ဦးညိုသိန်းမောင်ကို ပြောကြားလိုက်တဲ့ အတွက် အခုအခါ သူတို့မှာ ရှေ့တိုးရ အခက် နောက်ဆုတ်ရ အခက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

တိုင်းမှူးမှ ပုဇွန်ကန်များအား တ၀က်ခွဲဝေပြီး လုပ်ကိုင်ခွင့် ပေးခံရသူမှာ မောင်တောမြို့နယ် ဒိုးတန်းရွာမှ မူဆလင် အမျိုးသား ခင်မောင်သန်း(ခေါ်) အဘူကာလောင် ဖြစ်သည်။

အဘူကာလောင်မှာ လေလံပွဲတွင် ပုဇွန်ကန်များကို အနိုင် မရရှိလိုက်သဖြင့် တိုင်းမှူးထံအား ငွေကြေး အမြှောက် အမြား ပေးပြီး မေတ္တာရပ်ခံရာမှ တိုင်းမှူး သောင်းအေးမှ မောင်တော မယက ဥက္ကဌ ခင်မောင်ထွန်းအား အဘူကာလောင်အား လုပ်ပိုင်ခွင့် တဝှက်ခွဲဝေ ပေးရန် အမိန့် ချပေး လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ပုဇွန်ကန်များမှာ မောင်တောမြို့နယ် ငါးခူးရ ကျေးရွာတွင် တည်ရှိပြီး ၁၄ဧက ကျယ်ဝန်းကာ အဆိုပါ ပုဇွန်ကန်များတွင် ပုဇွန်မွေးမြူရေး အောင်မြင် ဖြစ်ထွန်းသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ပုဇွန်လုပ်ကိုင်သူ တဦးက “မောင်တောမြို့ သိရိမင်္ဂလာခန်းမမှာ အောက်တိုဘာလ ၂၅ရက်နေ့မှာ ပြုလုပ်တဲ့ လေလံပွဲကို အဘူကာလောင်လည်း တက်ရောက် ပါတယ်။ သူက မဆွဲဘဲ ဦးမောင်လုံးချေ နှင့် ဦးညိုသိန်းမောင်တို့က ကျပ်သိန်း ၅၁၀ဖြင့် တရားဝင် လူသိရှင်ကြား ဆွဲပြီး အနိုင်ရရှိပြီးခါမှ တိုင်းမှူး အားကိုးနဲ့ သူကို့ တ၀က်ပေးရမယ်ဆိုတော့ ဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်” ဟု ပြောသည်။

ခင်မောင်သန်း(ခေါ်) အဘူကာလောင်မှာ ယခင်ကလည်း စီးပွါးရေး လုပ်ကွက်များကို အာဏာပိုင်များနှင့်ပူပေါင်းပြီး ဒေသခံပြည်သူများထံမှ အနိုင်စီး သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိသည်ဟု သိရသည်။ သို့သော်လည်း သူ့မှာ နအဖ ဒေါက်တိုင် တဦး ဖြစ်သဖြင့် တစုံတရာ ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်