Sunday, December 21, 2008

ယာဘားဆေးပြား ၁၄၀၀ နှင့် မူးယစ်သမားများကို မောင်တောရဲကဖမ်း

12/21/2008

မင်းဆက်ခိုင် (နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်တောမြို့တွင် မှောင်ခို သမား ၆ ဦးကို ယာဘားဆေးပြား ၁၄ဝဝ နှင့်အတူ ဒီဇင်္ဘာလ ၁၉ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူ ခေါင်းဆောင်မှာ မူဆလင် အမျိုးသားဖြစ်ပြီး မောင်တောမြို့ အမှတ်(၂)ရပ်ကွက်နေ အဖ ဦးကာဆိန်းမာလီ၏သား ရှော်အီ ဖြစ်သည်။

ဒီဇင်္ဘာလ ၁၉ရက်နေ့ညဥ့်က သတင်းအရ မာင်တောမြို့ ဒုရဲမှူး-အောင်မြင့်ကြည်နှင့် စခန်းမှူး-ရွှေဇံတို့ ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ ရပ်ကွက် ၂ ကို ၀င်ရောက် သွားရောက် ရှာဖွေခဲ့ရာ ရှော်အီထံမှ ယာဘား ဆေးပြား အလုံး၁၄၀၀နှင့်အတူ

ဆေးပြားရောင်းချထားသော ကျပ်ငွေ ၉သိန်းကျော်ကို ဖမ်းဆီးရမိခဲ့သည်။

၎င်းနောက်ပိုင်း ရှော်အီ၏ အပေါင်းအပါ ၅ဦးကို ရဲအဖွဲ့ နောက်တပ် ဖမ်းဆီးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မောင်တောရဲ အရာရှိများက လာဒ်ငွေ အမြှောက်အမြားကို ယူပြီး ချော်ဘီ၏ အပေါင်းအပါများကို လွတ်ပေးခဲ့သည်။

ယာဘားဆေးပြား လုပ်ငန်းမှာ မောင်တောမြို့ စီးပွားရေးလောကတွင် အထူးတွင်ကျယ်နေသော တရားမဝင် စီးပွားရေး လုပ်ငန်း တခုဖြစ်ပြီး သာမန် အရပ်သားများသာမက အစိုးရ၀န်ထမ်းများလည်း ပါဝင် ပတ်သက်နေကြောင်း သိရသည်။

သို့အတွက် ယာဘား စီးပွားရေကို လုပ်ကိုင်သူ မောင်တောတွင် အထူးတိုးပွားနေပြီး သုံးစွဲသူများပါ တိုးပွါးလာနေကြောင်း ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

ယခင်ကလည်း ယခုကဲ့သို့ ယာဘား လုပ်ကိုင်သူများကို မောင်တောတွင် ဖမ်းဆီးရမိခဲ့ခြင်းများရှိခဲ့သော်လည်း အများစုကိုမူ အာဏာပိုင်များက ငွေကြေး လာဘ်ပေးလာဘ်ယူပြီး လွတ်ပေးလေ့ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်