Saturday, December 20, 2008

အရက်ပြန် သောက်သုံးမိသူ သုံးဦး သေဆုံးမှု ဖြစ်ပွား

20/Dec/2008

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်ရှိ ရွှေနိုင်ငံ ပုံနှိပ်စက်တွင် ပုံနှိပ်စက်ခဲပြား ဆေးရာတွင်အ
သုံးပြုသည့် အရက်ပြန်ကို ရေရော၍အရက်အဖြစ်သောက်သုံးသူသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ ဒီဇင်ဘာ ၁၇ရက်ည ၇နာရီတွင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်ကမ္ဘာအေးဘုရားလမ်းရှိ ရွှေနိုင်ငံပုံနှိပ်
စက် မှပုံနှိပ်စက်လုပ်သား ခင်မောင်သန်း၊ သန်းဝင်း(ခ) လှအေးသန်း၊ အောင်မြင့်သိန်း ၊ မောင်မျိုး၊ တင်ထွန်း၊ မြင့်
ကျော်တို့ခြောက်ဦးသည်ပုံနှိပ်စက်၌ခဲပြားဆေးရာတွင် အသုံးပြုသည့်အရက်ပြန်ကိုရေရော၍အရက်အဖြစ်သောက်

သုံးခဲ့ကြကြောင်း၊ ည ၉နာရီ၁၅မိနစ်ခန့်တွင် ခင်မောင်သန်းမှာသတိလစ်မေ့မြောသွားသဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံး
ကြီးသို့ တင်ပို့ကုသခဲ့ရာသေဆုံးသွားခဲ့ကြောင်း၊ သန်းဝင်း(ခ)လှအေးသန်း နှင့်အောင်မြင့်သိန်းတို့သည်လည်းဒီဇင်
ဘာ ၁၈ရက်နံနက် ၈နာရီခွဲတွင် သတိလစ်မေ့မြောသွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံတင်ပို့ခဲ့ရာနှစ်ဦး
စလုံးသေဆုံးသွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဗဟန်းရဲစခန်းမှသေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း
၂၀၀၈ခုနှစ်ဒီဇင်ဘာလ ၂၀ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်