မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှုကြောင့် စစ်တပ်ဝန်ထမ်းဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန က ၀န်ထမ်း ဦးသူရကျော်တို့ကို အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်စီရင်ချက် ချလိုက်တာဟာ လက်ရှိ
တရားစီရင်ရေး ဥပဒေတွေအရ လွဲမှားနေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ရဲ့ ရှေ့နေက ထောက်ပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း ဦးသူရကျော်တို့ကို သေဒဏ် ချမှတ်လိုက်တဲ့ အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၃ ဟာ နိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ အချိန်မှသာ အရေးယူရမယ့်ပုဒ်မ ဖြစ်တာမို့ ဒီစီရင်ချက်ဟာ လွဲချော်နေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“အရေးပေါ်စီမံမှု အက်ဥပဒေက မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ပေါ်ပေါက်လာတဲ့ သောင်းကျန်းမှု တွေ ကို အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ ဥပဒေရဲ့ မူရင်း ရည်ရွယ်ချက်ကိုက အရေးပေါ်စီမံမှု အက်ဥပဒေ ဖြစ်တယ်။ ဒါက နိုင်ငံတော် မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီအက်ဥပဒေအရ အရေးမယူနိုင်ဘူးလို့ ကျနော်တို့ အနေနဲ့ ပြောခြင်း ဖြစ်ပါတယ်။”
တကယ်တော့ ဒီအရေးပေါ်စီမံချက် ပုဒ်မ ၃ ဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းဆူပူမှုတွေ ဖြစ်ပြီးနောက်ပိုင်း အဲဒီဆူပူမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေကို ၁၉၅၀ က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်း ဆောင်ရွက်နေကြတဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်နေတဲ့ နိုင်ငံတော်စစ်တပ်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို နှောင့်နှေးအောင်၊ ပျက်ပြားအောင် ကြံရွယ် ပြုမူသူတွေကို သေဒဏ်၊ ဒါမှမဟုတ် တသက်တကျွန်း ထိုက်သင့်စေရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အခု သူတို့ကို လက်ရှိ တည်ဆဲဥပဒေအရ ရာဇသတ်ကြီး ပုဒ်မတွေနဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေနဲ့သာ အပြစ်ပေး စီရင်ရမှာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတခု၊ ဒါမှမဟုတ် အုပ်ချုပ်သူ စစ်တပ်ရဲ့ လုပ်ငန်းဆောင်တာ တခုကို နှောင့်နှေးစေအောင် ကြံဆောင်မယ်၊ လုပ်ဆောင်မယ်၊ သစ္စာဖောက်ဖျက်မယ်၊ ဖျက်ဆီးမယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေမှာ အရေးယူနိုင်တဲ့ ပုဒ်မတွေ အတိအလင်းရှိတယ်။ အဲဒီဥပဒေတွေနဲ့ပဲ အရေးယူရမှာ ဖြစ်တယ်။
“သို့သော်လည်း ဒီနေ့ လက်ရှိ စစ်အစိုးရက ရာဇသတ်ကြီး ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ သူတို့က အရေးမယူနိုင်ဘူးဖြစ်တယ်။ ပြစ်မှုကျူးလွန်တယ်လို့ သူတို့ စွပ်စွဲထားတဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့အတွက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၃ အရ အရေးယူ စီမံဆောင်ရွက်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိ စစ်အစိုးရ လက်ထက်အတွင်း ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အရေးယူခဲ့တဲ့သူတွေ ရှိခဲ့ဖူးပေမဲ့လည်း တရားလိုဟာ တရားဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တာကြောင့် အဲဒီပုဒ်မတွေနဲ့ ပယ်ဖျက်လိုက်ရတဲ့ နမူနာတွေ ရှိခဲ့ဖူးတယ်လို့လည်း ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။
“နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အားပေးကူညီမှု၊ ကြံစည်မှု၊ ထိန်ချန်မှု စတာတွေနဲ့ ပတ်သက်လို့ အရေးယူမယ်ဆိုရင် တရားလိုဖြစ်တဲ့ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ် ဖြစ်ဖို့လိုတယ်။ ပထမတုန်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့၊ ရှမ်းပြည်တပ်မတော်က ဗိုလ်ချုပ်ဆေထင်တို့၊ ဦးစိုင်းညွန့်လွင်တို့ အဲဒီလူတွေကို အရေးယူတဲ့အခါ အတိအလင်း ခုခံချေပခဲ့တာတွေ ရှိတယ်။
“အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာလည်း ကိုစည်သူမောင်တို့ မစုစုနွေးတို့ကိုလည်း ကန့်ကွက်ပြောဆိုတဲ့အတွက် နောက်ပိုင်းမှာ ဒီပုဒ်မတွေကို ရုပ်သိမ်းသွားပြီး နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးတဲ့သူတွေ၊ အန္တရာယ်ပေးတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄ နဲ့ အရေးယူမှုတွေကို ရပ်ဆိုင်းသွားတယ်ဆိုတာ တွေ့ရပါတယ်။”
AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
လုပ်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊ အခွင့်မရှိဘဲ လက်ဝယ်ထား လွှဲပြောင်းတာမျိုးတွေ ဖြစ်ရင်တောင်မှ ၁၉၂၃ အစိုးရ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၆/၃ အရသာ အရေးယူနိုင်တယ်လို့ ပြောပါတယ်။ ဒီပုဒ်မဟာလည်း ၂ နှစ်ကနေ အကြီးမားဆုံး ၁၄ နှစ်အထိသာ ပြစ်ဒဏ်ပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့လည်း ပြောပါတယ်။
ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း ဦးသူရကျော် အပါအ၀င် တခြားဝန်ထမ်းတဦးဖြစ်တဲ့ ဦးပျန်စိန်တို့ဟာ နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စ၊ မြေအောက်လိုဏ်ခေါင်း စီမံကိန်းတွေနဲ့အတူ မြောက်ကိုရီးယားမှာ လျှို့ဝှက် လက်နက်ဝယ်ယူရေး စတဲ့ စစ်တပ်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုတဲ့ ပြစ်ဒဏ်တွေနဲ့ သူတို့ကို ၂၀၀၉ ခုနှစ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က သေဒဏ်နဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံရတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-01-09-voa1.cfm
Saturday, January 9, 2010
ဗိုလ်မှူးဝင်းနိုင်ကျော်တို့ သေဒဏ် ဥပဒေနဲ့ မကိုက်ညီ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
-
▼
January
(208)
No comments:
Post a Comment