လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေး လုပ်ချင်သူSaturday, 09 January 2010 18:57 ဧရာဝတီ
၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဟု ကြေညာထားသော ရန်ကုန် အခြေစိုက် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ အား ယင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားအမြင်များ၊ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။
ဒီမိုကရက်တစ် ပါတီ ကို ဦးသုဝေ က ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း၌ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ဒေါ်ချိုချိုကျော်ငြိမ်း နှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲစည်းခဲ့သည်။
ဦးသုဝေသည် လွန်ခဲ့သော ၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ဒီမိုကရေစီ ပါတီ အမည်ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပဖို့ စီမံ ဆောင်ရွက်နေတယ်၊ တိုင်းရင်းသား ပြည်သူ တရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ကြရမယ်လို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ပြောထားတယ်၊ အဲဒီ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အကယ်၍သာ သူပြောတဲ့အတိုင်း လုပ်တယ်ဆိုရင်တော့လည်း ကောင်းတာပေါ့၊ ဒါပေမယ့် အခုထက်ထိအောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် သူတွေ အနေနဲ့ကတော့ ဘာမှ မလုပ်နိုင်သေးဘူးလေနော်၊ ရွေးကောက်ပွဲ ဥပေဒေလည်း မထွက်သေးဘူး၊ ပါတီများမှတ်ပုံတင်ရေး ဥပဒေလည်း မထွက်သေးဘူး ဆိုတော့ တရားဝင်ဘာမှ မလုပ်နိုင်သေးတဲ့ အခါကျတော့ မျှော်လင့်တာပဲ ရှိတယ်ပေါ့နော်၊ အဲဒီတော့ ဖြစ်ဖို့ကောင်းတာကတော့ ဥပဒေကို မြန်မြန်ထုတ်ပေးလို့ရှိရင် အချိန်မီလုပ်နိုင်တာပေါ့၊ အဲ သူတို့ကတော့ စေတနာကောင်းကောင်းနဲ့ လုပ်တယ်လို့ပဲ ထားဦးတော့ အချိန်မမီရင် ကျနော်တို့ နိုင်ငံရေးပါတီတွေက ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလေ။
မေး။ ။ တချို့က ဒီရွေးကောက်ပွဲကို ရွေ့သွားနိုင်တယ်လို့ ခန့်မှန်းနေကြတယ်၊ ၂၀၁၀ အတွင်းမှာ လုပ်မယ်ဆိုတာကို သံသယ ရှိနေကြတယ်၊ အဲဒါကိုရော ဘယ်လို ယူဆလဲ။
ဖြေ။ ။ ပထမတုန်းကတော့ ဟိုး ဇူလိုင် သြဂုတ်ကတည်းကပဲ ဒီ ရွေးကောက်ပွဲ ဥပဒေ ထွက်မယ်ထွက်မယ် ဆိုပြီး မျှော်လင့်လာ တာပေါ့နော်၊ အခုတော့ ကျနော်တို့ ကောလာဟလပဲဖြစ်သွားတယ်၊ ကျနော်တို့ကတော့ ခိုင်ခိုင်မာမာ သတင်းရယ်လို့ မရဘူးလေ၊ ကောလာဟလကတော့ အခု လာမယ့် မတ်လ တော်လှန်ရေးနေ့မှာ ထွက်မယ်၊ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ အဲဒီလို ကောလာဟလရှိတာပေါ့နော်။ အင်း ဒါပေမယ့် ပြောင်းသွားနိုင်လား မပြောင်းသွားနိုင်ဘူးလား ဆိုတာကတော့၊ အခုအခြေအနေ အတိုင်း ဆိုတော့ ပြောင်းစရာအကြောင်းမရှိဘူးလေ၊ သူတို့ဘက်က ဘာအခက်ခဲ ရှိလဲဆိုတာကတော့၊ သူတို့ဟာ သူတို့ အခက်ခဲ ရှိလို့ ပြောင်းတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့နော်။
မေး။ ။ ဦးသုဝေတို့အနေနဲ့ကရော ဒီ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဖြစ်နိုင်မယ်လို့ ယုံကြည်မှု ရှိလား။
ဖြေ။ ။ သူတို့ပြောစကားအရ ကျနော်တို့က လက်ခံပြီးတော့ ကိုယ်တတ်နိုင်သလောက် ကြိုးစားနေ တာပေါ့၊ တကယ်ယုံကြည်လား မယုံကြည်ဘူးလား ဆိုတာကတော့ ဥပဒေ ထွက်လာမှ အသေအချာသိမှာပဲလေ။
မေး။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဦးသုဝေတို့က လူပ်ရှားမှုတွေ လုပ်နေတယ်လို့လည်းသိရပါတယ်၊ အဲဒါကရော ဘယ်လို လုပ်တာပါလဲ။
ဖြေ။ ။ လူပ်ရှားမှုဆိုတာကတော့ တရားဝင်ခွင့်ပြုထားတာတော့ မရှိဘူးပေါ့၊ ကျနော်တို့ကတော့ ဟို ဘာခေါ်မလဲ ပါတီပဲ ဖွဲ့စည်း ထားလိုက်တယ်လေ၊ ဖွဲ့ခွင့်မရှိသေးဘူးဆိုမယ့် ကိုယ့်ပါတီကို ဖွဲ့စည်းတယ်၊ နောက်ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့တို့၊ အမျိုး သမီးအဖွဲ့တို့၊ လူငယ်အဖွဲ့၊ တိုင်းအဖွဲ့ စသဖြင့် မြို့နယ်အဖွဲ့တွေလည်းပဲ တတ်နိုင်သလောက်လိုက်လုပ်တာပေါ့၊ သိုသိုသိပ်သိပ် လုပ်ရတာပေါ့နော်၊ ဟို အစည်းအဝေးကြီးတွေဘာညာ ကျင်းပပြီးတော့ လုပ်ရတာတော့ မဟုတ်ဘူးလေ၊ နီးစပ်ရာနီးစပ်ရာ လုပ်ပြီးတော့ အဲဒီလိုပဲ ဖွဲ့စည်းပြီးတော့ စည်းရုံးရေး စလုပ်နေတယ် ဆိုပါတော့၊ အဲဒီလိုလုပ်တာပေါ့။
မေး။ ။ အဲဒီလိုလုပ်ရတာဆိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ကြတော့ ဘယ်လိုမျိုး ဆက်ဆံရတာရှိပါသလဲ။
ဖြေ။ ။ ကျနော် ထင်တယ်၊ သူတို့ကတော့ ကျနော်တို့ကို စောင့်ကြည့်နေတာပဲနော်၊ နောက်ပြီးတော့လည်းပဲ ကျနော်တို့ လုပ်သမျှ ကို သူတို့စောင့်ကြည့်ပြီးတော့ သူတို့ကို အစီရင်ခံနေတယ်လို့ပဲ ယူဆရတယ်။ တခါတခါ လာမေးတယ်လေ ဘာတွေများ လုပ်သလဲ ဆိုပြီးတော့၊ ကျနော်တို့ကလည်း တရားဝင်လိုသဘောမျိုး လုပ်တာပေါ့နော်၊ ဘာဖြစ်လို့လည်း ဆိုတော့ တရားဝင်လို လုပ်တဲ့ အခါ ကြတော့ အမှားမရှိဘူးပေါ့၊ အဲဒီတော့ ကျနော်တို့ကို စောင့်ကြည့်နေတယ်လို့ပဲ ထင်တယ်။
မေး။ ။ ပြည်တွင်းမှာ အခုလိုမျိုးလှုပ်ရှားသူတချို့ကို အာဏာပိုင်တွေက တရားမ၀င်အဖွဲ့အစည်း ပုဒ်မတွေနဲ့ အရေးယူတာမျိုး ရှိဖူးတော့၊ အဲဒီလိုမျိုးလူပ်ရှားတဲ့အခါမှာ အခက်အခဲတွေရှိလား၊ ဘယ်လိုမျိုး ကြုံရလဲ။
thu_wai
ဦးသုဝေ (ဓာတ်ပုံ - AP)
ဖြေ။ ။ ဟုတ်တယ်၊ ဟိုတုန်းက ရှိတယ်၊ အခုဟာက ဒီလိုလေ၊ ဥပမာ NLDဆိုပါစို့၊ သူတို့ကတော့ တရားဝင်ပါတီကို၊ တရားဝင် ပါတီ ဆိုတော့က သူတို့က နေရာတိုင်းလှုပ်ရှားနိုင်တာပေါ့နော်၊ သူတို့က တချို့မြို့နယ်တွေမှာတော့ ရုံးတွေဘာတွေ အပိတ်ခံရ တယ် ဆိုသော်လည်းပဲ သူတို့က လှုပ်ရှားနိုင်ပါတယ်၊ တရားဝင် ပါတီပေါ့နော်၊ နောက်ပြီးတော့လည်း အခမ်းအနားတွေ ဘာတွေ ကြတော့ ဟို ကျွန်တော်တို့ ၀ါရင့်အဖွဲ့ကတော့ သူတို့လည်းပဲ လုပ်နိုင်တာပေါ့နော်၊ ဒါပေမယ့် သူတို့ကတော့ စည်းရုံးရေး လုပ်တာ မဟုတ်ပါဘူး၊ အခမ်းအနား ကျင်းပရုံပဲပေါ့နော်၊ ကျနော်တို့ကလည်း လုပ်နိုင်ဖို့ပေးထားတယ်ဆိုတာ၊ ကျနော်ထင်တာပေါ့နော်၊ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ် ဆိုတာကို အကြောင်းပြုပြီးတော့ ကျနော်တို့ကို နည်းနည်းလွှတ်ထားတယ်လို့ ထင်တာပဲ။
ကျနော်တို့က အဖွဲ့တွေအနေနဲ့ မြို့နယ်တွေဆင်းပြီးတော့ စည်းရုံးရေး ဆင်းတာပေါ့၊ စည်းရုံရေးလှုပ်ရှားတာပေါ့နော်၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့်ကြီး စည်းရုံးရေးဆင်းတယ်လို့၊ ဒီလို ပြောလို့မရဘူးလေ၊ နီးစပ်ရာ နီးစပ်ရာပဲ၊ ကိုယ်နဲ့နီးစပ်ရာကို သွားပြီး ဆက်သွယ်တယ်၊ ပြီးရင် လေးငါးယောက်ခေါ်လိုက်၊ လေးငါးယောက်ခေါ်လိုက် အဲဒီလိုလုပ်ရတာပေါ့၊ စလုပ်တာဆိုရင် နှစ်လ၊ သုံးလလောက်ရှိသွားပါပြီ။
လူတွေက ဟိုတုန်းကတော့ အစောပိုင်းကဆိုရင် လူတွေက စိုးရိမ်နေကြတာပေါ့နော်။ တဘက်ကလည်းပဲ ကိုယ့်ဝမ်းစာ ကိုယ်ရှာ နေရတယ်ဆိုတော့၊ နိုင်ငံရေးကိုလည်း ပြတ်နေတာကြာပြီဆိုတော့၊ သိပ်စိတ်မ၀င်စားဘူး၊ အခု ကျနော်တို့ လှုပ်ရှားတာသိလာတဲ့ အခါကြတော့ လူတွေကလည်း ဒီရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကြေညာချက်ကလည်း ရှိနေတယ်ဆိုတော့၊ နိုင်ငံရေးကို တော် တော်လေး စိတ်ဝင်စားလာကြတယ်၊ ဥပမာအားဖြင့် မကြာသေးခင်က NLDလုပ်တဲ့ အစည်းအဝေးဆိုရင်၊ ၀ါရင့်မှာ လုပ်တဲ့ အစည်း အဝေးတို့ ဆိုရင် အခါတိုင်းလုပ်တာထက် နှစ်ဆလောက်လူတွေက ပိုများလာတယ်၊ ပိုပြီးတော့ စိတ်ဝင်စားလာတယ်ပေါ့။
ကျနော်တို့ စည်းရုံးရေးဆင်းသွားတဲ့ အခါမှာလည်းပဲ၊ ကျနော်တို့ကတော့ စောစောကတည်းက ကိုယ့်ရဲ့ယုံကြည်ချက်အရ ဆုံးဖြတ်ပြီးတော့ ရွှေးကောက်ပွဲဝင်မယ်၊ ဘာကြောင့်ဝင်မယ် ဆိုတာတွေကို လုပ်ထားတဲ့ အခါကျတော့၊ အဲဒါတွေကို ရှင်းပြတာ လည်း လူတွေက လက်ခံပါတယ်၊ ဒါပေမယ့် အများစုက ဘာလဲဆိုတော့ ရွေးကောက်ပွဲဥပဒေကို စောင့်ချင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ နည်းနည်းတော့ကြောက်တာပေါ့နော်၊ လုပ်တော့လုပ်ချင်တယ်၊ စိတ်လည်းပါတယ်၊ သို့သော်လည်းပဲ ဒီကြားထဲမှာ အလကားနေရင်း အဆွဲခံရမယ်ဆိုတာလည်း မဖြစ်ချင်ဘူးပေါ့၊ အဲဒီအတွက်ကြောင့် ကျနော်တို့ ဟို သဘောလည်းတူတယ်၊ လုပ် လည်းလုပ်ချင်တယ်၊ ရွေးကောက်ပွဲ ဥပဒေလေးတော့ စောင့်ပါရစေဆိုတဲ့ လူတွေကလည်း အများကြီး ရှိပါတယ်။ သက်ဆိုင်ရာ ကတော့ ကျနော်တို့ကို ဆက်ဆံတဲ့သဘောမရှိဘူးဗျ၊ ဒါပေမယ့် သူတို့ လာပြီးတော့ သတင်းယူတာပေါ့၊ အဲဒီအဆင့်ပါပဲ။
ဟိုတခါတုန်းကတော့ သူများလုပ်တဲ့ ပွဲမှာ အမျိုးသားရေး ဦးဝင်းနိုင်နဲ့ ကျနော်တို့ နှစ်ယောက်လေ၊ အဲဒီတုန်းကတော့ ခေါ်ပြီးတော့ ကျနော်တို့ကို သတိပေးတာပေါ့၊ ခင်ဗျားတို့ ငါးယောက်ထက်ပိုပြီးတော့ လုပ်မယ်ဆိုရင် ခွင့်တောင်းရမယ်ပေါ့၊ အဲဒီတုန်းကတော့ လက်မှတ်ထိုးပေးလိုက်ရတာပေါ့။
ကျနော်တို့က ဘာလုပ်လဲ ဆိုတော့၊ လူနည်းနည်းစီ လုပ်တယ်၊ ငါးယောက် ဆယ်ယောက်ပေါ့၊ တဖြည်းဖြည်း ကျနော်တို့က များ များလုပ်တယ်၊ ကျနော်တို့ ပါတီပွဲတုန်းကဆိုရင် လူများများဖြစ်အောင်လုပ်တာဆိုရင် ကျနော် ဘာလုပ်လဲဆိုတော့ အဲဒီနေ့ ကျနော်တို့ ဖွဲ့စည်းတဲ့ပွဲမှာ ကျနော့်ရဲ့ မင်္ဂလာဆောင် ဘယ်နှနှစ်မြောက် ဆိုပြီးတော့ အဲဒါ ဖိတ်လိုက်တာပေါ့၊ မြို့နယ်တွေမှာလဲ ဒီလိုပေါ့၊ စည်းရုံရေးဆိုပြီးတော့ ဖိတ်တယ်၊ မွေးနေ့ဆိုပြီးတော့ ဖိတ်တယ်၊ အဲဒါလူများများ လုပ်ရတာပေါ့၊ အဲဒီသဘောမျိုးနဲ့ ကျနော်တို့ လူစုတာပဲ။
မေး။ ။ ရွေးကောက်ပွဲ ၀င်ရတဲ့ ဦးသုဝေတို့ ရဲ့ အဓိက ရည်ရွယ်ချက်ကရော ပြောပေးပါလား။
ဖြေ။ ။ ပြောချင်ပါတယ်၊ ကျနော်တို့ အဲဒီအတွက်လည်း ကြေညာစာတမ်းတွေ အများကြီးထွက်ထားတယ်၊ အဓိက ရည်ရွယ် ချက်ကတော့ ဒီလိုပါ၊ နံပါတ်တစ်ကတော့ ကျနော်တို့က အခုတိုင်းပြည်ရဲ့အခြေအနေက ချွတ်ယွင်းချက်တွေ အများကြီး ရှိတယ်၊ အဲဒါကို ကျနော်တို့က ပြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုပေမယ့်၊ ဒီအတိုင်း အပြင်ကနေပြီးတော့ ဟို လှမ်းအော်လို့လည်း မရဘူး၊ ဆန္ဒပြလို့လည်း ဒါတွေက မရဘူးနော်၊ အဲဒီတော့ ပြင်နိုင်တဲ့ နေရာရောက်အောင်ဆိုရင် ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်မယ်၊ လွှတ်တော်ထဲ ရောက်မယ်ဆိုရင် ပြင်နိုင်တယ်ပေါ့၊ အဲဒါ တချက်ပေါ့နော်။
နံပါတ်နှစ်အချက်ကတော့ ကျနော်တို့က ယူဆတာကတော့ ဒီတိုင်းပြည်မှာ တခါမှ မဲမပေးရတဲ့သူတွေလည်း ရှိတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကဆိုရင် အသက် ၁၇ နှစ်လောက်ရှိတဲ့တွက် အသက်မပြည့်သေးတော့ မပေးနိုင်ဘူးလေ၊ အဲဒီ လူတွေက အခုအသက် ၄၀ ပြည့်တော့မယ်၊ သူတို့ တခါမှ မဲမပေးဖူးဘူး၊ အဲဒီလူတွေက ဘယ်လောက်လောက် ရှိလဲဆိုရင် လူဦးရေ တ၀က် လောက်ရှိတယ်၊ ကျနော်တို့ လူဦးရေက ၅၆ သန်းဆိုရင် သူတို့က ၂၈ သန်းလောက် ရှိတယ်၊ ဆိုတော့ အဲဒီလူတွေကလည်းပဲ၊ သူတို့ရဲ့ရွေးကောက်ပွဲဆိုတာက သူတို့ရဲ့အဆုံးအဖြတ်ကို ခံယူရမယ့် ပွဲကို၊ အဲဒီတော့ သူတို့ရဲ့အာဏာရှိတဲ့ အဖြေကို သူတို့ရဲ့ လက်နဲ့ သူတို့ရဲ့သဘောထားကို ထုတ်ပြန်ချင်တယ်။
အဲဒီတော့ ကျနော်တို့ကလည်း ထုတ်ပြန်တာ ကောင်းတာပေါ့၊ နိုင်ငံရေးသမားတွေ၊ ဟိုပါတီ ဒီပါတီက ပြောတာပဲ ကြားနေရတယ်၊ အဲဒီလိုပြောတာတွေက မှန်တယ် မှားတယ် ဆိုတာသူတို့ ဆုံးဖြတ်စေချင်တယ်လေ၊ အဲဒီလို အခွင့်အရေးရအောင် ဒါရွေးကောက်ပွဲ ဖြစ်သင့်တယ်၊ နောက်တခုကလည်းပဲ ဒီရွေးကောက်ပွဲလုပ်လို့ရှိရင် သဘောအားဖြင့်တော့ ဒီစစ်အစိုးရ စနစ်ကြီးပျောက် ပြီးတော့ အရပ်သားအစိုးရ ဖြစ်လာမယ်ပေါ့နော်၊ ကျနော်တို့ ယူဆတာက။
အဲဒီတော့ အဲဒီ အရပ်သားအစိုးရဟာ ကျနော်တို့ကြိုးစားရင်ပေါ့နော်၊ ကျနော်တို့လည်း ကြိုးစားရမယ်၊ ပြည်သူကလည်း ထောက်ခံ အားပေးမယ်ဆိုရင် အားကြီးတဲ့ ဒီမိုကရေစီအရပ်သားအစိုးရ ဖြစ်လာမယ်ပေါ့နော်၊ အဲဒီလိုဆိုရင်ဖြင့် ကျနော်တို့ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကို မြန်မြန်ရောက်မယ်ပေါ့နော်၊ အဲဒါပါပဲ။
အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုလေ၊ တိုင်းသူပြည်သားတွေဟာ ကိုယ့်မိသားစုတွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ထမင်းအတူတူ လက်ဆုံစားနိုင်ရေးအတွက်ကို ဖြစ်လာအောင် ကျနော်တို့ ရည်ရွယ်တာပဲ။
မေး။ ။ တချို့ကလည်း ဒီနေ့တိုင်းပြည်မှာ ကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းအတွက် ဒီရွေးကောက်ပွဲဟာ တကယ့် အဖြေ မဟုတ်ဘူး၊ ထွက်ပေါက်မဟုတ်ဘူးလို့ ပြောနေကြတာ ရှိတယ်၊ အဲဒါကို ဦးသုဝေ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ အယူအဆပေါ် မူတည်တာပေါ့နော်၊ ကျနော်တို့ အယူအဆက ဒီရွေးကောက်ပွဲကျင်းပလို့ရှိရင်ဖြင့် ဘယ်ပေါ် မှာ အယူအဆတွေ ကွဲနေလဲဆိုတော့၊ ဥပမာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပေါ့နော်၊ အဲဒီဥပဒေထဲမှာကတော့ ဒီမိုကရေစီမကျဘူး ဆိုတာ အဲဒါဟုတ်တယ်၊ ကျနော်တို့လည်း လက်မခံပါဘူး၊ ဒါပေမယ့် တချို့လူတွေကတော့ အဲဒီ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက် ပွဲလုပ်မယ်ဆိုရင် ဘာမှထူးလာမယ် မဟုတ်ဘူးလို့ သူတို့က ယူဆကြတာပေါ့နော်၊ ကျနော်တို့ကတော့ အဲဒီလိုမယူဆဘူး၊ ဒါက တော့ ရွေးကောက်ပွဲ ဖြစ်လာဖို့ လုပ်တယ်ဆိုကတည်းက ကျနော်တို့က ဒီလို၊ ဒီအစိုးရဟာ သူတို့လည်းပဲ ကြိုးစားခဲ့တာပဲ၊ သူတို့ လည်း တိုင်းပြည်ချစ်တဲ့သူပဲ၊ ဒါပေမယ့် သူတို့ရဲ့လုပ်နည်းလုပ်ဟန်တွေက စနစ်ကမှားတဲ့အတွက်ကြောင့် သူတို့ တိုင်းပြည်က အချိန်တွေ အများကြီးနောက်ကျန်ရစ်ခဲ့တယ်။
အဲဒါကို ဒီအစိုးရကလည်း သိပါတယ်၊ သူတို့လုပ်တာ၊ ကြိုးစားတယ်၊ ဒါပေမယ့် မအောင်မြင်ဘူး၊ သူများနောက်ကျန်ရစ်ခဲ့တယ်၊ တိုင်းပြည်လူထုကလည်း သူတို့ကို မကြိုက်ဘူး၊ အဲဒီတော့ သူတို့က ကျနော့်အမြင်ပေါ့၊ ကျနော်တို့ စဉ်းစားတာက သူတို့ ပြုပြင် ပြောင်းလဲရလိမ့်မယ်လို့ သူတို့ ယူဆမယ်၊ အဲဒီ ပြုပြင်ပြောင်းလဲမှုက ဘာလဲလို့ဆိုတဲ့အခါကြတော့ ဒီရွေးကောက်ပွဲ လုပ်ဖို့ပဲပေါ့နော်၊ တချို့ကပြောတယ်၊ ရွေးကောက်ပွဲလုပ်ပြီးရင်လည်းပဲ သူတို့ပဲ အာဏာရလိမ့်မယ်၊ ဟုတ်လား၊ ဖွဲ့စည်းပုံအရ။
ကျနော့်အမြင်က ဒီလိုမဟုတ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတာတွေ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဆွဲတာတွေကိုယ်နှိုက်က သူတို့နောက်ဆုတ်ပေးဖို့ ရည်ရွယ်တယ်လို့ ကျနော်တို့ ယူဆရတယ်။
တပ်က ရှေ့ကိုတက်တာ မဟုတ်ဘဲနဲ့ တပ်နောက်ဆုတ်တာပေါ့၊ ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလို တပ်တွေက အာဏာယူဖို့ ဖွဲ့စည်းပုံ ထဲ ပါရသလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့အမြင်အရ တပ်ဆိုသည်မှာ တပ်ဦးစီးက ကောင်းလို့ရှိရင် နောက် ဆုတ်ပေမယ့်လို့၊ စနစ်တကျနောက်ဆုတ်ရတာပေါ့ နော်၊ အခု ဒီအစိုးရကလည်းပဲ သူနောက်ဆုတ်တာပဲ၊ ဒါပေမယ့် အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အမှီပြုပြီးတော့ နောက်ဆုတ်နေတာ၊ ကျနော်တို့က သူတို့နောက်ဆုတ်သွားတဲ့နေရာတွေမှာ တက် လာမယ့် အရပ်သားအစိုးရက စနစ်တကျဝင်ယူရမယ် ဆိုတာပဲ။ ။
http://www.irrawaddy.org/bur/index.php/interview/4-interview/2396-2010-01-09-12-00-57
Saturday, January 9, 2010
၂၀၁၀ မှာ အာဏာရလို့ ကတော့ စစ်တပ်ကို အသွင်ပြောင်းလဲချင်သူ (သို့ ) နောက်ဖေးသွားပြီးမှ ခနောင်း ရှာချင်သူ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
-
▼
January
(208)
No comments:
Post a Comment