ဝန်ထန်းလစာတိုးမြှင့်ခြင်းကြောင့် လက်လုပ်လက်စားပြည်သူများ ဆိုးကျိုးသက်ရောက်နိုင်
ဇန်နဝါရီ ၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရမှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုတ်တရက် လစာနှုန်းထား တိုးမြှင့် လိုက်သည့်အတွက် ပြည်တွင်းရှိ လက်လုပ်လက်စားအလုပ်သမားများ၊ လယ်သမားများအပေါ် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်သည်ဟု ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူဘီ)က ပြောသည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ ၂၀၀၀၀ကျပ် တိုးမြှင့်ပေးလိုက်သည်ဟု နအဖ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန၊ ဝန်ကြီးရုံး နေပြည်တော်မှ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၀၉ကို ဒီဇင်ဘာ ၃၁ရက်နေ့က ထုတ်ပြန်လိုက်သည်။
ယင်းသို့ ဝန်ထမ်းလစာငွေ ရုတ်တရက်တိုးမြှင့်လိုက်ခြင်းသည် တိုင်းပြည်အတွက် မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းခြင်းမဟုတ် ဘဲ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာစေမည်ဟု အက်ဖ်တီယူဘီမှ ဇန်န၀ါရီလ (၇)ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ ထောက်ပြခဲ့ခြင်းဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် လက်ရှိမြန်မာနိုင်ငံ၌ အလုပ်သမားများအတွက် လစာငွေတိုးမြှင့်ရန်မှာ လိုအပ်ချက်တခု ဖြစ်နေသော်လည်း စီးပွားရေးဘက်မှ ပြင်ဆင်မှု တစုံတရာ မလုပ်ဘဲ ယခုလို လစာတိုးမြှင့်လိုက်ခြင်းသည် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် အခြားနောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူတရပ်လုံး ထိခိုက်လိမ့်မည်ဟု ဖော် ပြထားသည်။
အက်ဖ်တီယူဘီ တာဝန်ရှိသူတဦးက “မြန်မာနိုင်ငံမှာ သာမန် လက်လုပ်လက်စား အလုပ်သမားတွေရဲ့ လုပ်အားဟာ ၇၅ရာခိုင်နှုန်း လောက်ရှိတယ်။ သူတို့တွေက လွန်ခဲ့တဲ့ ၃နှစ်ကတည်းက သီးနှံတွေမကောင်းတာ အကြီးအကျယ်ခံနေရတယ်။ ဝန်ထမ်းတွေကို လစာတိုးပေးလိုက်ပေမယ့် ပြည်သူတွေထဲမှာ အများစုဖြစ်တဲ့ လယ်သမားတွေက သီးနှံတွေ မဖြစ်ထွန်းဘူး။ စီးပွားရေးတွေ မတည် မငြိမ် ဖြစ်မယ်။ ကုန်ဈေးနှုန်းလည်း ကြီးလာမယ်ဆိုရင် အဲဒီမှာ သာမန်လယ်သမားလူတန်းစားတွေ အလူးအလဲခံရမယ်”ဟု ကေ အိုင်စီကို ပြောသည်။
နအဖအနေဖြင့် ဝန်ထမ်းလစာ မတိုးမှီ စီးပွားရေးအတတ်ပညာရှင်များ၊ စီပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ပြည်သူများ ကို ကြိုတင်ချပြသင့်ကြောင်း ထိုသို့လုပ်ဆောင်မှသာလျှင် အစိုးရအမှုထမ်းများနှင့် သာမန်လက်လုပ်လက်စားများနှင့် လယ်သမား များအနေဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို ကြိုတင်နိုင်မည်ဟု အက်ဖ်တီယူဘီက ဆိုသည်။
နအဖ စစ်အစိုးရ၏ အမိန့်ကြော်ငြာစာအရ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ အမှုထမ်းများ လုပ်ခကို အလုပ်ချိန် တနေ့ (၈)နာ ရီအတွက် လက်ရှိ သတ်မှတ်လုပ်အားခ ကျပ် ၅၀၀မှ ၁၀၀၀ကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ တပ်မတော် ကြည်း၊ ရေ၊ လေ ၀န်ထမ်းများ၏ လစာနှုန်းသတ်မှတ်ချက်မှာ- တပ်မတော်အတွက် သတ်မှတ် လစာနှင့် စားရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး ထိုအမိန့်စာ ခံစားခွင့်များကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှစ၍ ခံစားခွင့် ရှိစေရမည်ဟု သိရသည်။
http://www.kicnews.org/?p=1671
Sunday, January 10, 2010
ဆိုးကျိုး..ဆိုးကျိုး..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
-
▼
January
(208)
No comments:
Post a Comment