ဥပဒေ၏ အထက်တွင် ရောက်နေသူများ
Monday, 08 February 2010 15:57 အာနိုး ကော်ဆို
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် တရားစီရင်ရေး စနစ် ခေတ်အမီဆုံး နိုင်ငံ ဖြစ်သည်ကို စစ်အုပ်ချုပ်ရေး လက်အောက် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော မြန်မာနိုင်ငံသား အများစုက သတိပြုမိခြင်း မရှိတော့ပါ။
အုပ်ချုပ်ရေးပိုင်းက စိန်ခေါ်မှုကို တရားရုံးများက ကြောက်စရာမလိုခဲ့ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေကို "အလယ်အ လတ် အတွေးအခေါ်၊ အဘက်ဘက်က သုံးသပ်ဆင်ခြင်သည့် စိတ်ထား” ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုသင့်သည်ဟု ဗဟိုတရားရုံးက ကြေညာခဲ့ဖူးပါသည်။
ရန်ကုန်အစိုးရကို လက်နက်ကိုင် ပုန်ကန်မှုများ ၁၉၄၀ ပြည့်လွန် နှောင်းပိုင်းကာလတွင် ဖြစ်ပွားချိန်တွင်ပင် မည်သူတဦးတယောက်ကိုမျှ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းခြင်း မပြုရဟု ဗဟို တရားရုံးက ရဲတပ်ဖွဲ့ကို အမိန့် ထုတ်ခဲ့သည်။
တရားရေးစနစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့ရာမှ လက်ရှိကာလတွင် စစ်တပ်ကို အကာအကွယ်ပေးနေသည့် အဆင့်သို့ လျောကျသွား မှုသည် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းအပြီး တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုပြစ်ဒဏ်သည် ၀န်ကြီးချုပ်ဟောင်းဦးနုကို ပေးသော ပြစ်ဒဏ်ထက်ပင် ပို၍ များနေသည်။
၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲစဉ်က ဦးနေ၀င်းသည် အစိုးရနှင့် တရားရေးမဏ္ဍိုင်အကြား ခြားထားသည့် ကျန်ရှိနေသော စည်းမျဉ်း များကို ဖျက်သိမ်းခဲ့သည်။ ဦးနေ၀င်းသည် ပြည်သူ့တရားသူကြီးကောင်စီကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုတရားရုံး၏ နေရာတွင် အစားထိုးခဲ့သည်။ တရားရုံးများက မြန်မာပြည်သူများ၏ အခွင့်အရေးကို အကာအကွယ်ပေးရေးထက် ဆိုရှယ်လစ်စနစ်ကို အကာကွယ်ပေးရန် ထိုအခြေခံဥပဒေတွင် ရေးဆွဲထားသည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဗဟိုတရားရုံးကို ပြန်လည် အသက်သွင်းခဲ့သော်လည်း တရားသူကြီးများသည် နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အကျိုးကိုသာ ထမ်းရွက်ပြီး စစ်တပ်က ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နေရသည်ဟု Human Rights Watch အမည်ရှိ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
လွန်ခဲ့သည့်နွေရာသီက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်ဆေးစဉ် တရားသူကြီးများကတရားခံပြသက်သေများကို ငြင်းပယ်ခဲ့ ကြောင်း ကို လေ့လာစောင့်ကြည့်နေသည့် တကမ္ဘာလုံးက တွေ့ရှိခဲ့သည်။
တရားသူကြီးများသည် နိုင်ငံရေးလှုပ်ရှားသူများကို တရားစီရင်ရာတွင် စစ်ထောက်လှမ်းရေး၏အမိန့်ကို နာခံကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ ၃၀၀ ခန့်ကို လွန်ခဲ့သည့် နိုဝင်ဘာလက အင်းစိန်ထောင်ထဲတွင် တရား စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ စီးပွားရေးဆိုင်ရာ တရားစစ်ဆေးမှုများတွင်လည်း တရားသူကြီးများက ငွေများ ငွေနိုင် နည်းလမ်းဖြင့် စီရင်နေကြသည်မှာ လူသိ ထင်ရှားဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ခြစားနေသော မြန်မာနိုင်ငံ တရားရေးစနစ်ကို သိသိသာသာ တိုးတက် ကောင်းမွန်လာစေမည် မ ဟုတ် ပါ။ ထိုအခြေခံဥပဒေက တရားစီရင်ရေးသည် “ဖြစ်နိုင်သမျှ၊ အတတ်နိုင်ဆုံး” အစိုးရနှင့် ကင်းလွတ်စွာ ရှိစေရမည်ဟု ဆိုထားသည်။ ထို့အပြင် ရာဇ၀တ်မှုများ၊ “လွဲမှားစွာဆောင်ရွက်မှု” ဟု သုံးစွဲထားသော တိတိကျကျ ဖော်ပြမထားသည့် ပြစ်မှုများ၊ “တာဝန်များကို ထိ ရောက်စွာ ထမ်းဆောင်မှု မပြုနိုင်ခြင်း” တို့အတွက် သမ္မတက ဖြစ်စေ၊ လွှတ်တော်က ဖြစ်စေ တရားသူကြီးများကို အရေးယူရန် ခွင့်ပြု ထားသည်။
ထို့အပြင် တရားသူကြီးများကို ထိုသို့အရေးယူဆောင်ရွက်မည်ဆိုပါက လွှတ်တော်တရပ်ရပ်၏ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုအပ် သည်ဟု အခြေခံဥပဒေက ဆိုထားသည်။ ထို့ကြောင့် စစ်တပ်၏အစီအစဉ်များကို တရားသူကြီးများက သဘော မတူခဲ့လျှင် လွှတ်တော်အတွင်းရှိ စစ်တပ် ကိုယ်စားလှယ် အုပ်စုတခုတည်းနှင့် တရားသူကြီးများကို ခြိမ်းခြောက် အရေးယူနိုင်ပါသည်။
အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဘာသာပြန်ဆိုရန်၊ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရန်အတွက် အခြေခံ ဥပဒေဆိုင်ရာတရားရုံးဟူ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဖန်တီးထားသည်။ ထို တရားရုံးအသစ်သည်လည်း တခြားသော တရားရုံးများကဲ့သို့ပင် လွတ်လပ်မှု ရှိမည် မဟုတ်ပါ။
သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများက အချိုးအစားဖြင့် ခန့်အပ်ထားသော အခြေခံဥပဒေဆိုင်ရာတရားရုံး၏ တရားသူကြီး ၉ ဦး သည် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ သက်တမ်းစေ့၍ ပြန်လည်ခန့်အပ်ခြင်း ခံလိုသည့် တရားသူကြီးများသည် စစ်တပ်၏ဆန္ဒကို လိုက်လျောရပါလိမ့်မည်။
လှည့်စားထားသည့် နောက်ထပ် အချက်တခုမှာ သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ အပါအ၀င် အစိုးရ အရာရှိကြီးများက အခြေခံ ဥပဒေ၏ အစိတ်အပိုင်း တခုခုကို စီရင် ဆုံးဖြတ်ပေးရန် အခြေခံဥပဒေတရားရုံးကို တိုက်ရိုက် တောင်းဆိုနိုင်ခြင်းဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာတရားရုံးတခု အဘယ်ကြောင့် လိုအပ်သည်ကို အမျိုးသားညီလာခံက ပြည်သူများကို မည်သည့် အခါကမျှ ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။ စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ထိုကဲ့သို့သော တရားရုံးများသည် ဒီမိုကရေစီ ထွန်းကား ရေးကို အခိုင်အမာ ဆောင်ရွက်သွားနိုင်ပါသည်။
ဥပမာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြင်းရေးမှ အသွင်ပြောင်းကာလ အတော အတွင်း လူနည်းစုများ ဖြစ်သည့် တောင်အာဖရိက နိုင်ငံသား လူဖြူများ၊ ဇူးလူးလူမျိုးများအပေါ် တရားမျှတစွာ ဆက်ဆံရေးကို အာမခံ ချက်ပေးရန်အတွက် အားကောင်းသည့် အခြေခံဥပဒေဆိုင်ရာ တရားရုံးတခု ထူထောင်ရန် အာဖရိကန် အမျိုးသား ကွန်ဂရက်က သဘော တူခဲ့သည်။
သို့ရာတွင် အတိုက်အခံများနှင့် တိုင်းရင်းသား လူနည်းစုများကို နှိပ်ကွပ်နေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေဆိုင်ရာ တရားရုံး သည် ဒီမိုကရေစီထွန်းကားရေးကို အာမခံသည့် လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အာမခံသည့် တရားရုံးတခု မဖြစ်နိုင်ပါ။
ဗြိတိသျှကိုလိုနီခေတ်မှသည် ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းပြီး ဆိုရှယ်လစ်နှင့် စစ်အုပ်ချုပ်ရေး လက်အောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတွင် ခေတ်မမီတော့သည့် တခုနှင့် တခု ဆန်ကျင့်မှု ဖြစ်နေသည့် ဥပဒေ အများအပြား တိုးပွားလာခဲ့သည်။ ထိုဥပဒေ များ အားလုံးသည် ၂၀၀၈ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိနိုင်ပါ။
အခြားဒီမိုကရေစီနိုင်ငံများသည် ခေတ်မမီတော့သည့် ဥပဒေများ၏ အသုံးဝင်မှုကို ဆုံးဖြတ်ရာတွင် တရားဥပဒေစနစ်တခုလုံးကို ပြန်လည် ဆန်းစစ်မှု လုပ်သည်ထက် တရားရုံးများကို အားကိုးအားထားပြုခြင်းက ပိုမို အဆင်ပြေပါသည်။ ဥပမာ သမ္မတ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လွှတ်တော်က ပြဌာန်းခဲ့သော ဥပဒေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဟောင်းနွမ်းနေသော ဥပဒေများကို ဖယ်ရှားရန် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများကို တည်ထောင်ခဲ့သည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နောက်ပိုင်း အခြေခံဥပဒေတရားရုံး ၏အခန်းကဏ္ဍသည် အခြေခံဥပဒေအသစ်နှင့် ဆန့်ကျင်နေသော ဥပဒေ အဟောင်းများကို ဖယ်ရှားရေးတွင် ပါဝင်ရမည် ဖြစ်သည်။
ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အခြေခံဥပဒေ တရားရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအုပ်စုများအကြား ဖြစ်ပေါ်လာမည့် ပြဿနာ ရပ်များ ကိုလည်း အဆုံးအဖြတ် ပေးပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေသည် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ထဲရှိ စစ်တပ်ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များတွင် အာဏာဗဟိုချက်များကို ဖြန့်ခွဲ ထားပါသည်။
မြန်မာ့တပ်မတော်၏ အဆင့်မြင့် ဗိုလ်ချုပ်များသည် သြဇာအာဏာနှင့် ဦးစီးဦးဆောင်နေရာ ရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်ကို သိရှိရသည့် အတိုင်း အကယ်၍ ထိုအာဏာဗဟိုချက် အားလုံးကို တပ်မတော်၏ မဟာမိတ်များက ထိန်းချုပ်ခဲ့လျှင်ပင် အခြေခံဥပဒေ အသစ်အပေါ် သဘောထား ကွဲပြားမှုများ ရှိလာနိုင်သည်။
ခေါင်းဆောင်မှုပိုင်းတွင် အကွဲအပြဲ ဖြစ်သည်ထက် ထိုခေါင်းဆောင်များသည် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို အခြေခံဥပဒေ တရားရုံးသို့ လွဲအပ်နိုင်သည်။ ဤသို့ဖြင့် ထိုအငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။
နောက်ဆုံးအနေဖြင့် ဗဟိုအစိုးရက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တိုက်ရိုက် ကြီးကြပ် အုပ်ချုပ်ရ ခက်ခဲသော တိုင်းရင်းသား လူနည်းစု များကို ထိန်းချုပ်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေတရားရုံးက အကူအညီ ပေးပါလိမ့်မည်။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံ တွင် ဘေဂျင်းမြို့တော်နှင့် အလှမ်းဝေးသော ပြည်နယ်များ၏ အစိုးရများကို အနီးကပ် စောင့်ကြည့်ရန် အစိုးရတွင် အရင်းအမြစ်များ မရှိသည့်အတွက် နိုင်ငံတော်၏ ဥပဒေများကို ချိုးဖောက်သည့် ဒေသခံ အရာရှိများအား တရားရုံးများတွင် တရားစွဲဆိုသည့် နိုင်ငံသား များကို အားကိုးအားထား ပြုကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးစုံ နေထိုင်ကြသည်ကို ထည့်သွင်းစဉ်းစားလျှင် ဖယ်ဒရယ်အုပ်ချုပ်ရေး ပုံစံတခုသည် ရှောင်လွဲ၍ မရ သောအချက် ဖြစ်သည်။ အမှန်တကယ်တွင် အခြေခံဥပဒေအသစ်သည် ပုံသဏ္ဌာန်အားဖြင့် ဖယ်ဒရယ် စနစ်ကို တည်ထောင်ထားခြင်း ဖြစ်သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များသည် ဒေသ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ပြဌာန်းနိုင်ခွင့် ရှိပါသည်။
အခြားတဘက်တွင် ဖယ်ဒရယ်စနစ်အယူအဆသည် အမျိုးသားစည်းလုံးမှု ပြိုကွဲမှုဆီသို့ ဦးတည်လိမ့်မည်ဟု စစ်တပ်က စိုးရိမ်ပြီး လက်မခံနိုင်ဖွယ်အရာအဖြစ် ယူဆထားသည်။ ထို့ကြောင့် ဗဟိုအစိုးရက ထိန်းချုပ်ထားသော အခြေခံဥပဒေ တရားရုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များ အတည်ပြုလိုက်သော ဥပဒေ တခုခုက ဗဟိုအစိုးရ သို့မဟုတ် စစ်တပ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပယ်ဖျက်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ တရားရေးစနစ်သည် အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို တက်တက်ကြွကြွ အကာအကွယ် ပေးခဲ့ရာမှ စစ်တပ် လူတန်းစားတစုကို အကာအကွယ်ပေးသော ရာဘာတံဆိပ်တုံးတခု အဖြစ်သို့ ပြောင်းလဲ ပျက်စီးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်ပါသည်။
စစ်တပ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို သြဇာလွှမ်းမိုးနိုင်စေရန် အမျိုးသားညီလာခံတွင် ပုံဖော်ခဲ့သည်။ ထိုတရားရုံးသည် မြန်မာနိုင်ငံ၏ ဟောင်းနွမ်းနေသော ဥပဒေများကို ပြန်လည် ပြင်ဆင်ခြင်း၊ နိုင်ငံရေးသမားများအကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ အင်အား ကောင်းကောင်းဖြင့် ပေါ်ပေါက်လာမည့် ဖယ်ဒရယ်ဝါဒကို တားဆီးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ဖွယ်ရှိပါသည်။
အတိုချုပ်အားဖြင့် မြန်မာနိုင်ငံကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နိုင်ငံအဖြစ် ရှိနေစေရန် အခြေခံဥပဒေ
တရားရုံး ည် “နောက်ကွယ်ကကြိုးကိုင်မည့်လက်” တခုအဖြစ် လုပ်ဆောင်ပါလိမ့်မည်။
အာနိုကော်ဆိုသည် အရှေ့တောင် အာရှနိုင်ငံများရှိ လူ့အခွင့်အရေး အဖွဲ့အစည်း များအတွက် ဆောင်ရွက် ပေးနေသော ဥပဒေ ပညာရှင်တဦး ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2561-2010-02-08-08-59-24
Monday, February 8, 2010
ဥပဒေအပေါ်ရောက် မကြာခင်ခွေးကျကျမဲ့သူကောင့်သားများနဲ့ ကျွန်ဖြစ်နေသော မြန်မာ့ တရားဥပဒေ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment