Wednesday, February 10, 2010

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂/၂၀၁၀)”

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂ /၂၀၁၀)
ရွှေဂုံတိုင်ကနေ နောက်မဆုတ်နဲ့( ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီ ၉ ရက်)
ကျနော်တို့ ဝေဖန်သုံးသပ်ချက်အမှတ်စဉ် (၁/၂၀၁၀)မှာ ဖြစ်ထွန်းတိုးတက်မှုဆိုတာတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
မောင်မှတ်ဆိုသူက မြန်မာ့အလင်းသတင်းစာမှာ “တပ်မတော်ဖြိုခွဲမည့် အကြံ ဒို့လက်မခံ”ဆိုတဲ့ဆောင်းပါး ရေးရှာပါတယ်။ ပြည်ထဲရေးဝန်ကြီးက “ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာလွှတ်ပေးမယ်” ဆိုတဲ့ ဝန်ကြီးအဆင့် ကောလဟာလလိုလို/ သတင်းလိုလိုထွက် ပေါ်လာပါတယ်။ မိုင်းလားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံသတ်ဖြတ် ခံရတယ်။ အရင်လို သတင်းစာ ရှင်းလင်းပွဲ မလုပ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနကနေ ဖောက်ခွဲဖျက်ဆီးမှုများနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ပါတယ်။ (စရဖ)ဗိုလ်ရဲမြင့်နဲ့ ကေအိုင်အေ (BGF) ကိစ္စ ဆွေးနွေးပွဲကလည်း တိုးလို့တန်းလန်းပဲ။ မွန်ပြည်သစ်ပါတီဘက်ကတော့ “(BGF)ကိစ္စ လက်မခံနိုင်ဘူး”လို့ ၆၃နှစ်မြောက် မွန်အမျိုးသားနေ့မှာ ပြောပါတယ်။

ဖြစ်စဉ်တွေကိုချုပ်လိုက်တော့ တပ်ထဲမှာလည်း မညီမျှတွေကနေ ဖွဲမီးလို တငွေ့ငွေ့နဲ့ လောင်မြိုက်နေတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီချုပ်ကိစ္စကလည်း အပြတ်ဖြတ်လို့ မရသေးဘူး။ အပစ်ရပ်တွေ (BGF)ဖွဲ့ရေးကလည်း (နအဖ) စစ်အစိုးရ ကြံတိုင်းမဖြစ်ဘူး။
(BGF)ပြောင်းလည်းဖွဲ့စည်းရေးမှာ သဘောထား တင်းမာတယ်လို့ဆိုတဲ့ အပစ်ရပ်ထိပ်ပိုင်းခေါင်းဆောင်တော့ လုပ်ကြံ သတ်ဖြတ် တာ ခံလိုက်ရပါပြီ။
နောက်ဆုံးဖြစ်ထွန်းမှုကတော့ အကယ်ဒမီစင်မြင့်ပေါ်ကနေ ပြောသွားတဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ “မူဝါဒလမ်းစဏလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂/၂၀၁၀)” လမ်းစဉ် (၇)ရပ်၏ အဆင့် (၅)ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယခု ၂၀၁၀ ပြည့်နှစ် အတွင်းတွင် အောင်မြင်စွာ ကျင်းပပေးသွားမှာဖြစ် ကြောင်း” ဆိုတဲ့ ပြောစကားပဲ ဖြစ်ပါတယ်။
ကျင်းပပေးမယ်ပဲ ပြောပါတယ်။ ဘယ်တော့ဆိုတာ ပြန်ကြားရေးဝန်ကြီးက တိတိကျကျ မပြောနိုင်သေးလို့ ပြောမသွားပါဘူး။
ဒါ့အပြင် စောစောစီးစီး ကြေညာပေးရမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ စတာတွေကိုလည်း ထုတ်ပြန်ကြေညာပေးတာ မရှိသေးပါဘူး။ ပြောသံကို မကြားရသေးတာပါ။ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတာကိုတော့ ခဏခဏပြောနေပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်ကိုလည်း အတိအကျမသိရသေး။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကလည်း မထုတ်ပြန် သေးတော့ သဘာဝကျစွာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို တိတိကျကျ ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
ရွှေဂုံတိုင်ကြေညာချက်ကို မြဲမြဲဆုပ်ကိုင် ထားဆဲဖြစ်ပါတယ်။
ဒါပေမယ့် တပြိုင်နက်တည်းမှာလည်း ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေကို ရင်ဆိုင်ဖို့အတွက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာ ဗဟိုကနေ အောက်ခြေအထိ ဒေါ်အောင်ဆန်းစုကြည် မကြာခဏသတိပေးနေသလို “အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံး အတွက် အသင့်ပြင်”ဆိုတဲ့ စိတ်ဓါတ်နဲ့အညီ ဖြစ်နိုင်ခြေတွေကို စU်းစားဆွေးနွေးတွက်ချက် အသင့်ပြင်ထားကြရမှာ ဖြစ်ပါတယ်။ ဗဟိုနဲ့ အောက်ခြေ တသွေးထဲတသားထဲ ညီညွတ်နေဖို့ အရေးကြီးပါတယ်။
တိကျရေရာတဲ့ ဖြစ်ထွန်းမှုတွေဆိုတာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ (နအဖ)စစ်အစိုးရတို့ နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
တိကျရေရာတဲ့ ဖြစ်ထွန်းမှုတွေ မရရှိသေးဘဲနဲ့တော့ ရွှေဂုံတိုင်ကြေညာချက်ကနေ နောက်ဆုတ်ချင်လို့ မဖြစ်ပါဘူး။
နောက်တိုးအီးစီအသစ်တချို့ရဲ့ ပြောစကားတွေမှာတော့ “မဆွတ်ခင်က ညွှတ်ချင်”နေတာမျိုးတွေ ကြားရပါတယ်။ အဲဒီလိုမျိုး စကားဦး သန်းနေတာမျိုးကတော့ မကောင်းလှပါဘူး။
(နအဖ) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ “နိုဝင်ဘာ ၁၁ ရက် ပေးစာပါ အချက် အမှတ် (၄)နှင့် (၅)” တို့ကို ယခုတိုင် ပြည့်ပြည့်ဝဝ တုန့်ပြန်ပေးခြင်းမရှိသေးသလို“ ဖွဲ့စည်းပုံအခြေခံUပဒေ (၂၀၀၈)ပြန်လည်သုံးသပ်ရေး”နှင့် ပတ်သက်၍လည်း တစုံတရာမျှ အချက်ပြခြင်း မရှိသေးပါဘူး။ ဒါ့အပြင်ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်စတဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးကလည်း ဘယ်လိုအလားအလာမှ တွေ့မြင်ကြားသိ ဖြစ်ထွန်းလာခြင်း မရှိသေးပါဘူး။
ဒါကြောင့် ရွှေဂုံတိုင်ကြေညာချက်ကို မြဲမြဲဆုပ်ကိုင်ထားစေချင်ပါတယ်။
အခုလည်း “၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးမယ်”ဆိုတဲ့ အသံတွေ ပြည်ပပါးစပ်တွေကနေ တဆင့် ပြောနေသံတွေ ကြားပါတယ်။ ဝန်ကြီးအဆင့်က ပြောတဲ့ ကောလဟာလတွေတော့ စိတ်မဝင်စားပါဘူး။
ကျနော်တို့ကတော့ (နအဖ) စစ်အစိုးရပါးစပ်ကနေ ဘယ်နေ့ဘယ်ရက် တိတိကျကျထုတ်ပြောတာကိုပဲ စိတ်ဝင်စားပါတယ်။

1 comment:

Tun Lin said...

တိုင်းပြည်ကို တစ်ကယ်အကျိုးပြုမဲ့သူ အရည်အချင်းရှိပြီး ရွေးကောက်ပွဲကို ၀င်နိုင်သူ ၀င်မည့်သူ သူများအတွက် ရွေးကောက်ပွဲကို ဘယ်အချိန်ဘဲ လုပ်လုပ်ပါ။ အဆင်သင့် ဖြစ်နေကြပါပြီ။ တိုင်းပြည်အကျိုးရှိဖို့ ထက် ရွေးကောက်ပွဲကို ဖျက်ချင်သူများ အတွက် အချိန်ပြည့် ဘယ်လိုဖျက်ရမလဲ စဉ်းစားနေကြ အချိန်ပြည့် ဖျက်နေကြတာ ပြည်သူအသိ။ အရည်အချင်းရှိဖို့ သာ လိုသည် အချိန်ဇယား အကြောင်း ပြောနေစရာမလို ဆိုတာ လူတိုင်းအသိ။ တစ်တိုင်းပြည်လုံးက ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို မဲပေးဖို့ ကျတော့ မပေးနဲ့တဲ့ ပေးရင်လဲ မထောက်ခံနဲ့ တဲ့ ပြည်သူက ယဉ်ယဉ်ကျေးကျေးလေး ၉၂ ရာခိုင်နှုံး အကျော်နဲ့  မင်းတို့ လုပ်တာမကြိုက်ပါဘူးကွယ် လို့ ပြောထားပြီးပါပြီ။

Post a Comment

ယခင် သတင်းများ ဖတ်ရန်