(Foreign Policy 28 January 2010 ပါ Drew Thompson ၏ Rumble in the Junta ကို တိုက်ရိုက် ဘာသာပြန် ပါသည်။)
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျွန်ုပ်သည် ရန်ကုန်မြို့၏ လမ်းများပေါ်တွင် လျှောက်သွား နေခဲ့ပါသည်။ ကျွန်ုပ်သည် အမေရိကန်တို့၏ အရေးယူ ပိတ်ဆို့မှုများ၏မထိရောက်မှုကို နေရာတိုင်းတွင် တွေ့နေရပါသည်။ ပူပြင်းသော လမ်းမများပေါ်တွင် စည်ကားစွာ ရောင်းဝယ်နေကြပြီး၊ ဂျပန်၊ တောင်ကိုရီးယား နှင့် ဥရောပ အမှတ်တံဆိပ်ပါပစ္စည်းကြော်ငြာ ဆိုင်းဘုတ်များကို နေရာတကာတွင် တွေ့ခဲ့ရပါသည်။
တချိန်တည်းမှာပင် အမေရိကန် အစိုးရ၏ အရေးယူမှုကြောင့် စစ်ခေါင်းဆောင်များ၏ မိသားစုများ သည် အမေရိကန်၊ ဥရောပသို့ ခရီးသွား ၍ မရသော်လည်း ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော အိမ်များနှင့် ဇိမ်ကျနေကြပြီး၊ သူတို့ မြေးများကို အမေရိကန်သို့
ဗီဇာ မပေးသောကြောင့် ဥရောပနှင့် သြစတြေးလျရှိ ကောလိပ်ကျောင်းများသို့ ပညာသင်ရန် စေလွှတ်ခဲ့ပါသည်။
ထို့ကြောင့် အရေးယူ ပိတ်ဆို့မှုသည် အမေရိကန်ကိုသာ ဘေးသို့ ရောက်သွားစေသည်ကို တွေ့ရပါသည်။ ယခုလို မြန်မာနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေးနှစ်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် အနီးကပ် စောင့်ကြည့်လျက် အစိုးရအပေါ် သြဇာ ရှိနေသင့်သော
အချိန် ဖြစ်သော်လည်း ကံမကောင်းစွာပင် အမေရိကန်တို့မှာ ဘေးသို့ ရောက်နေရပါပြီ။
ရွေးကောက်ပွဲ ပြုလုပ်မည့် ရက်ကို မသတ်မှတ်ရသေးသော်လည်း လက်တဆုပ်စာသော အာဏာကိုင်ထားသည့် ဗိုလ်ချုပ်များသည် ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု အာမခံ နေကြပါသည်။
ယခုနှစ် မကုန်မီ ပြုလုပ်မည်ကို သူတို့ သံသယ မရှိကြချေ။ ပြည်သူ အများစုသည် ဘာမျှ မလုပ်နိုင်ပဲ ထိုင်ကြည့်နေရပါသည်။ နေပြည်တော်မှ နေ၍ အုပ်ချုပ်နေသော စစ် အစိုးရသည် ရွေးကောက်ပွဲကို သူတို့ ဖြစ်စေချင်သော ရလဒ်ရအောင် မဟုတ်မမှန်
လုပ်လိမ့်မည်ဟု ယူဆရသော်လည်း မည်သူကမျှ အပြစ် မတင်ရဲကြပေ။
သို့သော် ရွေးကောက်ပွဲသည် ပြောင်းလဲမှုများကို ယူဆောင် လာမည်ကတော့ အမှန်တရားပင် ဖြစ်ပါသည်။ စစ်အစိုးရ၏ လွှမ်းမိုးမှုက တော့ ရုတ်တရက် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။
မည်သို့ပင် ဆိုစေ အရေးကြီးပြီး၊ အသိအမှတ်ပြုလိမ့်မည် မဟုတ်သော ပြောင်းလဲမှုများကတော့ ဖြစ်လာတော့မည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု> အနေဖြင့်လည်း မြန်မာ အစိုးရနှင့် အပြည့်အဝ ဆက်ဆံရေး ပြုလုပ်သင့်ပေသည်။
အတိုက်အခံ နိုင်ငံရေး သမားများက ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး၊ ပါလီမန်တွင် နေရာတိုး၍ ရရန် စိတ်ထက် သန် နေကြပါသည်။
ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်သော်လည်း ၎င်းတို့သည် ဒီမိုကရေစီ ဆန်ဆန် စနစ် တစ်ခု ရှိသော ရှည်လျားပြီး ခက်ခဲ ရှုပ်ထွေးမည်ဟု ယူဆရသောခရီးရှည်ကြီး တစ်ခုကို စတင်ရတော့မည် ဖြစ်သည်။
ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံ၌ အစိုးရ အဖွဲ့သစ် တစ်ခု သေချာပေါက်ပေါ်ပေါက် လာမည်ဖြစ်ရာ၊ မြန်မာလူ့အဖွဲ့အစည်းကို ကိုယ်စားပြုမည့် ရွေးချယ် တင်မြှောက်ခံ နိုင်ငံရေးသမားများ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ထို့ကြောင့် အမေရိကန်တို့ အနေဖြင့် ထိုရွေးကောက်ပွဲနှင့် ဝေးရာမှာ နေပြီး၊ သိက္ခာ မရှိသော ရွေးကောက်ပွဲဟု ပြောနေမည့် အစား၊ မြန်မာနိုင်ငံ၏ အနာဂါတ်ကို ပုံဖော်မည့် သမိုင်းဝင် အခွင့်အလမ်းတွင် ပါဝင် ပတ်သက်သင့်သည်ဟု သေချာ
စဉ်းစားသင့်ပါသည်။
ရွေးကောက်ပွဲကို မကြာမီ ပြုလပ်မည့် အကြောင်းရင်းမှာ လူများ အလွန် မုန်းသော နံပါတ်ဝမ်းဟု ခေါ်နေကြသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးကြောင့် ဖြစ်သည်။ ၎င်းသည် ၁၉၉၂ ခုနှစ်မှ စ၍ အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်လာခဲ့သည်မှာ ယနေ့ထိ ဖြစ်ပါသည်။ ယခုအခါ သူသည် အသက် (၇၇) နှစ်ခန့် ရှိပြီး ကျန်းမာရေးလည်း ချို့ယွင်းလာရာ အနားယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။ သို့သော် ၎င်းသည် လုံခြုံမှု ရှိစွာ အငြိမ်းစား ယူရေး ကိစ္စမှာ အာဏာ တည်မြဲရေးကို ဆုပ်ကိုင် ထားရသည်ထက် ပိုမို ရှုပ်ထွေးကြောင်း နားလည်သည်။
ဗိုလ်ချုပ်မှူးကြီးသည် အာဏာ လွှဲပြီးနောက် သူနှင့် သူ့မိသားစုအနေဖြင့်တရားရုံးတွင် ရင်မဆိုင်ရရေး နှင့် အသက်အန္တရာယ် လုံခြုံစေရေး သေချာစေရန် အားယူရေး အစီအစဉ်ကို အသေးစိတ်က အစရေးဆွဲ ပြင်ဆင်ထားသည်။ အစိုးရ အဖွဲ့သစ်သို့
အာဏာ လွှဲပေးရာတွင် အစိုးရသစ်တွင် စစ်တပ်မှ ပုဂ္ဂိုလ်များ အရပ်သားများ ပါဝင်မည် ဖြစ်ပြီး သူနှင့်မိသားစု၊ သူတို့၏ အခွင့်ထူးခံ ကုန်သည်ကြီးများကို ပြစ်ဒဏ်များ မချမှတ်ရေးအတွက် မည်သူမျှ အာဏာ အပြည့်အဝ မရှိအောင် စီမံထားသည်။
၎င်း၏ ကြွယ်ဝ ချမ်းသာမှုများနှင့် လွတ်လပ်ခြင်းများကို ထိန်းသိမ်းပေးမည့်နောက်ပေါ်လာမည့် အစိုးရသည် အားနည်းလိမ့်မည် ဖြစ်ပြီး၊ အရပ်သား - စစ်သား အစိုးရအဖွဲ့သည် မည်သည့် အဖွဲ့ကိုမဆို အာဏာကို Check and Balance ထားရှိသည်။
အခြားအာဏာရှင် ခေါင်းဆောင်များ၏ အတွေ့အကြုံကို လေ့လာပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းကို ဆက်ခံမည့် အာဏာရှင် တစ်ဦးသည် အများဆန္ဒကို ယူပြီး ၎င်းကို သတ်ပစ်မှာ ကြောက်ရွံ့နေပေလိမ့်မည်။
ယခု အစီအစဉ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း ပြုလုပ်ခြင်းဖြစ်ပြီး ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲရန် ငြင်းပယ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့ပါသည်။ ထိုအချိန်မှ စ၍ ဦးသန်းရွှေသည် ပြိုင်ဖက်များ ဆက်ဆံမည့် သူများကို ရှင်းပစ်ပြီး ထိပ်ဆုံးသို့ ရောက်အောင် တက်လာခဲ့သည်။ နောက်ပိုင်းတွင် ဒီမိုကရေစီသို့ လမ်းပြ မြေပုံကို ရေးဆွဲခဲ့ရာ သူ၏ အနီးဆုံး နောက်လိုက်များကလွဲ၍ မည်သူကမျှ လက်မခံခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီး အစီအစဉ်၏ အဓိကမှာ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပင် ဖြစ်သည်။အခြေခံသည် ဖြစ်ရာ၊ Check and Balance ကို ဖော်ဆောင်မည့် အစိုးရ၏ အဖွဲ့ခွဲသုံးခုကို ပေါင်းစပ် ဖွဲ့စည်းထားပါသည်။ သို့သော် အခြေခံ ဥပဒေတွင် လိုအပ်ချက်များ၊ အားနည်းချက်များ ရှိနေပေသည်။ ပါလီမန်ကို ရွေးကောက်ပွဲဖြင့် ရွေးချယ်ပြီးမှ ခေါင်းဆောင်ကို ရွေးချယ်မည် ဖြစ်ပါသည်။ ဥပဒေပြု အဖွဲ့တွင် စစ်တပ်က (၂၅%) သော နေရာကို ရရှိမည် ဖြစ်ပြီး၊ ရွေးချယ်ရေး အဖွဲ့က ရွေးပေးသောသုံးဦးအနက်မှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ပြီး ကျန်နှစ်ဦးမှာ ဒုတိယ သမ္မတများ ဖြစ်မည် ဖြစ်ပါသည်။
ထို့ကြောင့် အနာဂါတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေသည်ဟု ဆိုသော်လည်း၊ အကောင်းမြင် သူများကမူ ပါလီမန်၏ ကျန်သော (၇၅ %) သော နေရာတွင် အတိုက်အခံများ အနိုင်ရရန် ဖြစ်နိုင်သေးကြောင်း နာမည်ကောင်း ရှိပြီး စစ်တပ်ကို မဆန့်ကျင်သူများကို အမတ်လောင်းအဖြစ် စုဆောင်းလျက်ရှိရာ ကျောင်းဆရာများ၊ လယ်သမားများ စသည်တို့ကို စည်းရုံးလျက် ရှိပါသည်။
လူအများ လေးစားသော သူများကိုလည်း တသီးပုဂ္ဂလ အမတ်များ အဖြစ် ပါဝင်ရန် လုပ်ဆောင်လျက် ရှိနေပါသည်။ ထို့ကြောင့် ပါလီမန်တွင် (၂၅ %) သည် စစ်တပ်မှ ဖြစ်ပြီး ကျန် (၇၅ %) တွင် စစ်တပ် ထောက်ခံသူ အမတ်များ၊ တသီးပုဂ္ဂလ အမတ်များနှင့်
အတိုက်အခံ အမတ်များ ခွဲဝေယူရမည် ဖြစ်ရာ၊ ဥပဒေ ပြုရေး အဖွဲ့တွင် အဖွဲ့ တစ်ခုခုက လွှမ်းမိုး ချုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ ညှိနှိုင်းမှုများ ပြုလုပ်၍ ညွန့်ပေါင်း ဥပဒေ ပြုရေး အဖွဲ့ကို ဖွဲ့ရန် လိုအပ်မည် ဖြစ်ပါသည်။
သို့သော် ယခု အစီအစဉ်ကြီးသို့ သွားရာ လမ်းကြောင်းတွင် အရာဝတ္ထု နှစ်ခုကို ပိတ်ပြီး ရပ်နေသည်ကို တွေ့ရပေလိမ့်မည်။ ၎င်းတို့မှာ မျိုးဆက်သစ် စစ်တပ် ခေါင်းဆောင်များနှင့် “လေဒီ” (Lady) ဖြစ်ပါသည်။ မျိုးဆက်သစ် စစ်တပ် အရာရှိများသည် ရွေးချယ် တင်မြှောက်ခံရမည့် အရပ်သားများနှင့် အာဏာ ခွဲဝေ ကျင့်သုံးရန် လိုလားလိမ့်မည်ဟု မည်သူ အာမခံနိုင်မည်နည်း။ အခြေခံ ဥပဒေအရ
၎င်းတို့ကို ပေးထားသော အာဏာလောက်ကို ကျေနပ်ကြလိမ့်မည် မဟုတ်ပေ။
နောက်တစ်ခု ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်များအတွက် ပြဿနာ ဖြစ်လာနိုင်သော အရာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သူမအား လွှတ်ပေးပြီး သူမ၏ ပါတီ အမတ်လောင်းများ အတွက် စည်းရုံးခွင့် ပေးခဲ့မည် ဆိုလျှင် ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲကဲ့သို့ NLD က အများစု နိုင်သွားနိုင်ပေသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် NLD က လွှမ်းမိုး အနိုင်ယူမည်ကို အနားယူမည့် ဗိုလ်ချုပ်များက လက်ခံနိုင်လိမ့်မည် မဟုတ်ဘဲ ကျားသနားမှ နွား ချမ်းသာမည့် အဖြစ်မျိုးတော့ အရောက်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နောက်ထပ် အာဏာသိမ်းမှု တစ်ခု ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များ အတွင်း ပေါ်ပေါက်လာမည့် လူအများ ကိုယ်စားပြုသည့် အစိုးရအဖွဲ့ ဖြစ်လာရေး မျှော်လင့်ချက်များ ရပ်ဆိုင်း
သွားလေမလား မပြောနိုင်ပေ။
NLD နိုင်သွားမည့် အရေးကို ကာကွယ်ရန် ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်မှုများတွင် မပါဝင်နိုင်ရန်၊ သူမအား ရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် ထားရှိလိမ့်မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲ ဥပဒေနှင့်
ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရက်ကို မကြေညာသေးသော်လည်း အချို့ ဝေဖန် သုံးသပ်သူများက ဥပဒေကို နွေရာသီ အစောပိုင်းတွင် ထုတ်ပြန်လိမ့်မည် ဖြစ်ပြီး ရွေးကောက်ပွဲကို ကိန်းဂဏန်းအရ ကြည့်ကောင်းသော အောက်တိုဘာ (၁၀)ရက် (၁၀ - ၁၀ -
၁၀) တွင် ကျင်းပလိမ့်မည်ဟု ခန့်မှန်းနေကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမသည် လက်တွေ့ကျကြောင်း ပြသလျက် ရှိပြီး၊ အစိုးရနှင့် မည်သည့်အရာကိုမဆို ဆွေးနွေး ညှိနှိုင်းရန် လိုလားကြောင်း ဖော်ပြလာပါသည်။ ယခု အချိန် သူမသည် NLD အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် သော်လည်းကောင်း၊
သပိတ်မှောက်ရန် သော်လည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ မသေချာမှုများကသာ ပြည့်နှက်လျက် ရှိနေပါသေးသည်။
ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဆွေးနွေးပွဲ ခန်းမသို့ အတူရောက်သင့်ပြီး၊ ရွေးကောက်ပွဲ ကျင်းပနိုင်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်မှ အခြားအာဆီယံ အိမ်နီးချင်းများကဲ့သို့ လူထု ကိုယ်စားပြု အစိုးရ စနစ်ကို တဖြည်းဖြည်း ပြောင်းလဲရာတွင် ပထမ ခြေလှမ်းကိုလှမ်းနိုင်လိမ့်မည် ဖြစ်ပါသည်။
သမိုင်းဝင် အဖြစ်အပျက် တစ်ခုကို ထည့်သွင်း စဉ်းစားကြည့်ရလျှင်
တောင်ကိုရီးယားတွင် သမ္မတနှင့် National Assembly ရွေးကောက်ပွဲများကို ၁၉၇၀ ကာလများက ကျင်းပခဲ့ပါသည်။ ၁၉၈၇ နှင့် ၁၉၈၈ တွင် ကျင်းပသော ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတမှု ရှိသည်ပြောရန် ခက်သော်လည်း၊ နိုဘယ်ဆုရှင်နှင့် အနာဂါတ်
သမ္မတလောင်း Kim Dae-Jung အပါအဝင် အတိုက်အခံများ၊ အမတ်များကို ၎င်းတို့၏ အသံများ ထုတ်ဖော် ခွင့်ပြုရာမှ တရားဥပဒေ ပြုရေး လမ်းကြောင်းကို ခွင့်ပြုခဲ့ပါသည်။
ထောက်ခံသူများကို ဆွဲဆောင်ခြင်း၊ နိုင်ငံရေး လမ်းစဉ်များကို လေ့လာခြင်းနှင့် အာဏာရပါတီကို ဆန့်ကျင်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။ တောင်ကိုရီးယားတွင် ပထမအကြိမ် ရွေးကောက်ပွဲများ ပြုလုပ်စဉ်က လူအနည်းငယ်ကသာ အကောင်းဘက်သို့ ခန့်မှန်းခဲ့ကြပါသည်။ သို့သော် ယနေ့အချိန်တွင် တောင်ကိုရီးယား နိုင်ငံသည် ဒီမိုကရေစီ လမ်းစဉ်များ အမြစ်တွယ်နေပြီး၊ ရင့်ကျက်လာကာ ကွန်ဆာဗေးတစ် ပါတီနှင့်လစ်ဘရယ် ပါတီများကြား အာဏာဖလှယ်မှုများ ငြိမ်းချမ်းစွာ ပြုလုပ်နိုင်နေပြီဖြစ်သည်။
ဖဲချပ်များကို လိမ်ပြီး စဉ်ထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံမှ အချို့  အမတ်လုပ်မည့် နိုင်ငံရေးသမားများသည် ယခုနှစ် ရွေးကောက်ပွဲ၏ ရလာဒ်များကို အကောင်းမြင်လျက် ရှိကြသည်။ ထောင်ထဲတွင် နှစ် ချီ၍ နေခဲ့ဖူးသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားရာတွင် ရွေးကောက်ပွဲ တွင် ဝင်ရောက် အရွေးခံရန် အစိုးရက အားပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခြေခံ ဥပဒေနှင့် ပတ်သက်၍ မိမိ နှစ်သက်သော အချက်မှာ မိမိတို့ ပါလီမန်တွင် ပါဝင်ရန် အရွေးခံပိုင်ခွင့် ရှိလာခြင်း၊ လမ်းဘေးတွင် လူများ အနှောင့်အယှက် ဖြစ်ရန် အော်နေမည့်အစား ပါလီမန်တွင် လွတ်လပ်စွာ ပြောနိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့ဖြစ်လျှင် မိမိတို့ တိုင်းသူပြည်သားများ အနေဖြင့် ဤအခွင့်အရေး ယူကို ရအောင်ယူ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ထွက်ပေါက်ကို
ချော့မွေ့အောင် လုပ်ပေးပြီး ဒီမိုကရေစီ လမ်းစဉ်များ တိုးပွားလာအောင် မလုပ်သင့်ဘူးလားဟု မေးရလိမ့်မည်ဟု ၎င်းက ဆိုသည်။
ထိုသို့ အကောင်းမြင်သော စိတ်အား ထက်သန်နေသည့် ရွေးကောက်ပွဲ ဝင်မည့် အမတ်လောင်းများ အပြင်၊ လူမှုရေးအဖွဲ့အစည်းများ ကလည်း ကြီးထွားလာနေပြီး ဒီမိုကရေစီကို အထောက်အကူပြုရန် အားနည်းသော်လည်း ခြေကုတ် ယူနေပြီ ဖြစ်သည်။
အောက်ခြေလူတန်းစားများ ပါဝင်သော အဖွဲ့များ နိုင်ငံ အနှံ့ ရှိနေပြီ ဖြစ်ပါသည်။ ရန်ကုန်တွင် အခြေစိုက်သော NGO များသည် ၎င်းတို့၏ ဘန်ကောက်နှင့် ဆိုးလ်ရှိ လုပ်ဖော်ကိုင်ဖက်များကဲ့သို့ လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံတကာ ငွေကြေး ထောက်ပံ့မှုများဖြင့် နာဂစ် မုန်တိုင်း ပြီးကတည်းက စတင် အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။
နိုင်ငံပိုင် မီဒီယာသည် အစိုးရအတွက် အားကောင်းသော ဝါဒဖြန့်ချိရေး လက်နက်တစ်ခု ဖြစ်နေသေးသော်လည်း ယခုအခါ ထုတ်ဝေမှု အသေးစားလေးများ ထွက်ပေါ်လာနေပြီး အင်တာနက်ကလည်း အစိုးရ၏ တဖက်စောင်းနင်း ဝါဒ ဖြန့်ချိမှုကို ချိန်ညှိပေးမည့် အရေးကြီးသော ဇစ်မြစ်တစ်ခု ဖြစ်ပါသည်။ တစ်ရက်လျှင် သုံးနာရီ ထုတ်လွင့်ပေးနေသော VOA မြန်မာပိုင်း အစီအစဉ်သည် ရွေးကောက်ပွဲ စည်းရုံးရေး ကာလတွင် အရေးကြီးလိမ့်မည် ဖြစ်ပြီး အစိုးရက မချုပ်ကိုင်နိုင်သော သတင်း ဇစ်မြစ် အနည်းငယ်တွင် ပါဝင်၍ နိုင်ငံအနှံ့ နားထောင်နိုင်ကြပါသည်။
အစိုးရတွင် အတိုက်အခံများကို တိုက်ခိုက် ချေဖျက်ရန် လက်နက် အများအပြား ရှိနေဦးမည် ဖြစ်ပြီး ဥပမာအားဖြင့် ရွေးကောက်ပွဲ ဥပဒေနှင့် ချက်ချင်း ခြိမ်းခြောက်နိုင်သည့် အာဏာများ ရှိနေပါသေးသည်။ အစိုးရ တာဝန်ခံများနှင့် မိသားစုများအား မည်သူ့ကို မဲပေးရမည်ဟု ပြောထားလိမ့်မည် ဖြစ်ပြီး၊ မဲရုံများတွင် မြင်သာအောင် ပြုလုပ်ထားကာ ကေဒါများက စောင့်ကြည့်နေကြလိမ့်မည် ဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေဖြင့်လည်း ထောင်ကျဖူးသော နိုင်ငံရေး အကျဉ်းသားများ၊ လက်နက်ကိုင် ဆန့်ကျင်ရေး ပြုလုပ်သောတိုင်းရင်းသား များ ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပြုလုပ်ထားမည် ဖြစ်သည်။ ထို့အပြင် အတိုက်အခံများကို စည်းရုံးရေး လုပ်ငန်း ပုံနှိပ်ထုတ်ဝေရန် ရန်ပုံငွေ ထူထောင်ရန် အချိန် အနည်းငယ်သာ ပေးလိမ့်မည် ဖြစ်သည်။
ထို့အပြင် မဲပေးရာတွင် ရောထွေး ရှုပ်ထွေးမှုများ ဖြစ်စေရန် အစိုးရသည် ညစ်ပတ်သော အကြံများကို စနစ်တကျ ပြုလုပ်ထားသည်ဟု ဆိုပါသည်။ ဥပမာအားဖြင့် အတိုက်အခံ ပါတီလိုလို ပါတီအသစ်များ ဖန်တီးပြီး မဲပေးမည့် ပြည်သူများ စဉ်းစားရာတွင် ရှုပ်သွားရန် ဖန်တီးလိမ့်မည် ဖြစ်သည်။
မည်သို့ ဆိုစေကာမူ အတိုက်အခံ ခေါင်းဆောင်များသည် ယခုနှစ် ရွေးကောက်ပွဲကို အကောင်းမြင်ကြပြီး၊ ရွေးကောက်ပွဲသည် ၎င်းတို့ကို နိုင်ငံရေး တံခါးဝတွင် ခြေချခွင့် ပေးခြင်း၊ ပါလီမန်တွင် နေရာတချို့ရခြင်း၊ ၂၀၁၅ ခု ရွေးကောက်ပွဲ ဝင်ရန် တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံများ ရခြင်းများကို ပေးလိမ့်မည်ဟု ယုံကြည်ကြပါသည်။
၂၀၁၅ တွင် အမှန်တကယ် အတွေ့အကြုံ ရှိသော နိုင်ငံရေး သမားများနှင့် တည်ဆောက်ကြရန် မျှော်လင့်ပြီး ၂၀၂၀ ကို ရည်မှန်းချက် အပြည့်ထားကြပါသည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်း၏ ဆက်ဆံရေး ဖော်မြူလာ အသစ်၏ အစိတ်အပိုင်း အဖြစ် အတိုက်အခံများ အစိုးရ အဖွဲ့တွင် ပါဝင်နိုင်ရေး အခွင့်အရေးကို ဖြည့်ဆည်းပေးမည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော နိုင်ငံရေး လုပ်ငန်းစဉ်ကို အကူအညီ ပေးရန်
စဉ်းစားသင့်ပေသည်။
လူ့အခွင့်အရေး ကိစ္စကို ဆက်လက် ကူညီနေစေရန်လည်း လိုအပ်ပါသည်။ အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းစွာ သဘောတူညီမှု ရရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကို မြန်မာ အစိုးရအား ဖိအားမပြတ် ပေးနေလည်းလိုအပ်လှပါသည်။ လက်တွေ့ကျသော ဝါဒအရ ရွေးချယ်မည် ဆိုလျှင် လူ့အခွင့်အရေး ကိစ္စဖြစ်သော်လည်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပါဝင် ဆက်ဆံရန် ဆုံးဖြတ်ခြင်းသည် လက်တွေ့ နှစ်ဦး နှစ်ဖက် အကျိုးများ စေလိမ့်မည် ဖြစ်ပါသည်။
မူရင်း link မှာ http://www.foreignpolicy.com/articles/2010/01/28/rumble_in_the_junta
Monday, February 8, 2010
မြန်မာ အစိုးရ အတွင်းမှ အသံဗလံများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment