Tuesday, February 9, 2010

လှိုင်သာယာက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ သတင်းဓာတ်ပုံမှတ်တမ်း

ကျမတို့ တွေ ကောင်းရာကောင်းကြောင်းလုပ်စားတဲ့သူတွေ..
စစ်တပ်ဖာတန်း ကအနှိပ်သည်တွေ မဟုတ်ဘူး..ရရမဲ့ အလုပ်သမားအခွင့်အရေး အပြည့်အ၀ပေး..




http://freeforcountry.blogspot.com/2010/02/blog-post.html
ခွပ်ဒေါင်းသွေး ဘလော့ဂ်မှ

လှိုင်သာယာ စက်မှုဇုံ ( ၃ ) တွင်ရှိသော တိုင်ရီ ဖိနပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ မှာ လူနေမှု့  စားရိတ်ကြီးမြင့်လာသည် တကြောင်း ရရှိသည့်လစာ မှာလဲအလွန်နည်းပါးသည်တို့ ကြောင့် ၎င်း တို့  ၏ လိုအပ်ချက်များကို စုပေါင်းတောင်းဆိုသည့်အနေဖြင့်( 8.2.2010) နေ့ နံနက် 7 နာရီစတင်၍အလုပ်သမားအင်အား 2000 ကျော်မှတောင်းဆို ဆန္ဒပြကြရာ အာဏာပိုင်များမှာနေ ၍ (၅ ) ဦးထက်ပိုမိုစုရုံးပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့် ကျင် နေသည့် အတွက် အမြန်ဆုံးလူစုခွဲ ကြရန်ငြိမ်းချမ်းစွာအခွင့်အရေးတောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက်ပြောဆိုခဲ့ သည် ။ထို့အပြင် လုံထိန်းကားများ ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရန်ပိတ်ဆို့  ထားပြီး အလုပ်သမားထုအား အင်အားသုံးဖြိုခွဲရန်အသင့်ပြင်ဆင်ထားပြီးဖြစ်သည် ။ နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့  နေ့ လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင်ထပ်မံရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒ ပြနေ ကြသော စက်ရုံးအလုပ်သမားများကို ထပ်မံခြိမ်းခြောက်လျှက်ရှိသည်ဟုသိရပါသည် ။ ထပ်မံရရှိမည့် သတင်းများအား ဆက်လက်တင်ရှိပေးသွားမည့်ဖြစ်ပါကြောင်း….

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်