သြစတြေးလျနှင့် မြန်မာ ပူးတွဲ စစ်ရေးလေ့ကျင့်Tuesday, 09 February 2010 18:24 ကိုထွေး
အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ကပ္ပလီကျွန်းစု ပို့ဘလဲယား ကမ်းရိုးတန်းတွင် မြန်မာ ရေတပ်က တော်ဝင် သြစတြေးလျ ရေတပ်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ အိန္ဒိယ နိုင်ငံက ဦးဆောင် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုကို Exercise Milan ဟု အမည် ပေးထားပြီး မြန်မာနိုင်ငံမှ စစ်သင်္ဘော တစင်း စေလွှတ် ခဲ့ကြောင်း သြစတြေးလျ နိုင်ငံ ABC သတင်းဌာနက ဆိုသည်။
ယင်း စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး Burma Campaign Australia (BCA) အဖွဲ့ ပြောခွင့်ရ Zetty Brake က သြစတြေးလျ အစိုးရကို ဝေဖန်ပြောဆို လိုက်သည်။
“မြန်မာ စစ်အစိုးရက ဒေသတွင်း လုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက် နေပါတယ်၊ မြန်မာ စစ်အစိုးရကို လက်နက် ရောင်းချခွင့် ပိတ်ပင်ထားတဲ့ သြစတြေးလျ အစိုးရက မြန်မာရေတပ်နဲ့ ဘာကြောင့် အတူ စစ်ရေး လေ့ကျင့် ခဲ့သလဲ၊ ဘာကြောင့် သူတို့ကို အရည်အသွေး ထပ်တိုးအောင် လုပ်ပေးနေလဲ”ဟု Zetty Brakeက ဆိုသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ပင်လယ် ဓားပြတိုက်ဖျက်ရေး၊ အာရှ ပစိဖိတ်ဒေသမှ ရေတပ်များ အချင်းချင်း ယုံကြည်မှု ပိုမို ရရှိရေး အတွက် ယင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်သင်္ဘော ၁၃ စင်း ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ယင်းစစ်ရေးလေ့ကျင့်မှုကို ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး စင်္ကာပူ၊ သိရီလင်္ကာ၊ ထိုင်း၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံများ အပါအ၀င် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယူးဇီလန်နိုင်ငံ များမှ ရေတပ် အရာရှိများလည်း ပါဝင်ကြောင်းသိရသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ၇ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၅၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၃၊ ၂၀၀၆နှင့် ၂၀၀၈ ခုနှစ် တို့တွင်လည်း ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံကို လာမည့် ၃ နှစ်အတွင်း အကူအညီ ၄၀ ရာခိုင်နှုန်း ထပ်တိုးပေးမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ စတီဖင် စမစ်က တနလာင်္နေ့တွင် ပြောကြားလိုက်သည်။
မစ္စတာ စတီဖင် စမစ်က“မြန်မာ စစ်အစိုးရအတွက် ဆုလဒ်တခု မဟုတ်ပါဘူး၊ လက်ရှိနဲ့ နောင်အနာဂတ် မြန်မာ မျိုးဆက်သစ်တွေ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ တာဝန်တွေကို အသိအမှတ်ပြုတာပါ”ဟု ဆိုသည်။
ယင်းအတွက် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ သြစတြေးလျ အစိုးရထံမှ ရရှိနေသည့် အကူအညီ အမေရိကန် ဒေါ်လာ ၂၆ သန်းမှ ၄၃ သန်း အထိ ရရှိမည်ဖြစ်သည်။
ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ကဏ္ဍများ အတွက် လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ခြင်း ဖြစ်သော်လည်း အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် မဟုတ်ဟုလည်း သိရသည်။
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ပေးအပ်နေသည့် အကူအညီများသည် ကမ္ဘောဒီယား၏ ၁၀ ပုံ တပုံ၊ လာအို ၏ ၁၆ ပုံ တပုံ အောက် လျော့နည်းကြောင်း၊ အရပ်သား အစိုးရ ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံကို အကူအညီများပေးအပ်ခြင်းသည် အရေး ပါကြောင်း မစ္စတာ စတီဖင် စမစ်က ဆိုသည်။
သြစတြေးလျက မြန်မာနိုင်ငံကို နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရစဉ်က အမေရိကန် ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးခဲ့သည်။
ထို့အပြင် သြစတြေးလျ အစိုးရသည် ၁၉၈၈ ခုနှစ်မှ စတင်၍ စစ်အစိုးရ ခေါင်းဆောင်ပိုင်း အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သူများကို ပြည်ဝင်ခွင့် ဗီဇာများ ပိတ်ပင်ခဲ့သည်။ ၁၉၉၁ တွင် စစ်လက်နက် ပစ္စည်းများရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်။
စစ်အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၏ ပြည်ပရှိ ငွေကြေးများကို ထိန်းချုပ်နိုင်မည့် ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
သို့သော်လည်း သြစတြေးလျ ကုမ္ပဏီကြီးများဖြစ်သည့် Andaman Teak Supplies Pty Ltd, Gecko's Adventure, Sri Asia Tourism, Jetstar Asia, Twinza Oil တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2568-2010-02-09-11-27-39
Tuesday, February 9, 2010
ဘယ်လောက် အရည်အချင်းရှိတာ သိချင်လို့ ပါ။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
2 comments:
မြန်မာစစ်တပ်ကအရည်အချင်းဘယ်လိုဆိုတာဖတ်ကြည့်ပါ။ ကျေးစေတမှန်က ထုတ်နုတ်ဖေါ်ပြထားတာပါ။
မြန်မာစစ်သားစစ်စစ်မှန်ရင် ကမ္ဘာပေါ်က ရှိသမျှ လူသားအားလုံးထက် အငတ်ခံနိုင်တယ်။ ဒုက္ခခံနိုင်တယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းကြမယ် ဆိုရင်တောင် နောက်ဆုံးနင်းကြသူတွေဟာ မြန်မာစစ်သား တွေပဲဖြစ်မှာဗျ။ အခက်အခဲရှိတယ် ဆိုဦးတော့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ ပူးပေါင်းဖြေရှင်းကြမှာဖြစ်ပြီး၊ သင်းတို့ပြောသလို အဖွဲ့အစည်းကို အလွယ် တကူစွန့်ခွာသွားတတ်သူတွေ ထဲမှာ မြန်မာ့တပ်မတော်မပါဘူး။ အမေရိကန်နဲ့ အနောက်တိုင်းတပ်မတော်လို တွေးလို့တော့ မရဘူးပေါ့။ ဒေါ်လာထောင့်ငါးရာ ကျော်တန်တဲ့ ကျည်ကာဝတ်စုံမရှိရင် မနေတတ်တော့တဲ့၊ cheese နဲ့ ပေါင်မုန့်၊ အသားကင်မရှိရင် မနေတတ်တော့တဲ့၊ ဘီယာ အပါအဝင် ယမကာတစ်မျိုးမျိုး မရှိရင်မနေတတ်တော့တဲ့၊ ဇိမ်ခံစစ်သားမျိုးထဲမှာ မြန်မာ့တပ်မတော်သားတွေ မပါဘူး။ ဆီမပါ၊ ရေလုံပြုတ်၊ ငှက်ပျောအူဟင်းကို အခြေအနေအရ ရက်ပေါင်းများစွာ စားရဖို့ ဖြစ်လာချိန်မှာလည်း ထွက်ပြေးဖို့(နုတ်ထွက်ဖို့) စိတ်ကူးပေါ်လေ့မရှိဘူး။ ဆက်သွယ်ရေးလမ်းကြောင်းမကောင်းလို့ ရာသီဥတုဒဏ်ကိုခံရင်း အင်္ကျီ ကျောကွဲနဲ့ ဖိနပ်အပြဲဝတ်နေ ရလည်း တိုင်းပြည်အတွက်ပဲလေဆိုပြီး ဖက်တွယ်နေနိုင်ကြတယ်။ မရှိတာချင်းတူရင် တစ်ခြားတပ်မတော်တွေထက် ပိုပြီး ဇွဲကြီး ကြတာ မြန်မာတွေပဲ။ ဘယ့်နှယ်လုပ်ပြိုကွဲဖို့တုန်း။ အခုလို လစာရိက္ခာကိစ္စကြောင့် စွန့်ခွာစရာအကြောင်းကတော့ နတ္ထိပဲ။
အင်းလေ။ တစ်ခါတစ်ခါတော့လည်း တွေးမိပါတယ်။ ဒီလိုကြံ့ကြံ့ခံတဲ့ တပ်မတော်ဖြစ်နေ တာကြောင့်ပဲ အင်အားကြီး ထွားလာမှာကို ခြောက်ခြားနေပြီး မပြိုပြိုအောင် မကွဲကွဲအောင် ၊ အင်အားကို ကြုံ့သထက်ကြုံ့သွားအောင် ဘေးတီး သပ်လျှိုပေး နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒီလိုအပူလုံးကြွလို့ လူလုံးမလှတဲ့လုပ်ရပ်တွေနဲ့ တပ်မတော်ပြိုကွဲအောင် တိုင်းပြည် ဆူပူအောင် လုပ်ဖို့ကတော့ ဒီလိုအဆိပ်သင့်မီဒီယာတွေရဲ့ အဓိကတာဝန် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးက နောကျေအောင် နားလည်နေကြပြီဖြစ်ကြောင်း ပြောလိုက်ပါရစေ။ - မောင်မင်းချင်း
ဟီးဟီး..ရယ်ရတယ်..ဗြဲ
Post a Comment