Tuesday, February 9, 2010

မိန်းမတယောက်ကို လက်နက်ရှိတဲ့ယောက်ျားများ.ဒီလောက်များကြောက်ရသလားကွယ်..

ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

09 February 2010
စက်တင်ဘာ ၂၈၊ ၂၀၀၉။
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန် (Anifah Aman) က တောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ကလည်း မလေးရှား နိုင်ငံခြားရေး ၀န်ကြီးရဲ့ တောင်းဆိုချက်ကို ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက် ပို့စ် (Bangkok Post) သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့အတူ တညီတညွတ်တည်း တောင်းဆိုနေပါတယ်လို့လည်း ဆိုပါတယ်။

အခုလို မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ တောင်းဆိုချက်ကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ဝင်လည်းဖြစ်၊ မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အမှုဆောင် အကြီးအကဲလည်း ဖြစ်တဲ့ မလေးရှား လွှတ်တော်အမတ် ထရီဇာကော့က ထောက်ခံတယ်လို့ ပြောပါတယ်။

“ကျမအနေနဲ့ ကျမတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန်ရဲ့ တောင်းဆိုချက်ကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေးသမား အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လုပ်ရမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ သောင်မတင် ရေမကျ ဖြစ်နေရာက ၁၉၉၀ နောက်ပိုင်း နှစ် ၂၀ ကြာမှ ရွေးကောက်ပွဲကို ထပ်လုပ်ဖို့အတွက် မြန်မာအာဏာပိုင်တွေက ပြောလာပေမဲ့ NLD ပါတီဝင်တွေနဲ့ တခြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို ထိန်းသိမ်း အကျဉ်းချထားတာမို့ ဒီလူတွေ မပါဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။” လို့ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို အောက်တိုဘာလ ၀န်းကျင်မှာ လုပ်ပေးမယ့် သဘောမျိုး မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက် လုပ်ဆောင်မှုတွေဟာ ၇၀% ပြီးစီးနေပြီလို့လည်း လပိုင်းအတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲ အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) မဖိတ်ခေါ်ဘဲ လာခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်ပြီး တိုးခဲ့တာဟာ နိုဝင်ဘာလရောက်မှ သက်တမ်းပြည့်တော့မှာမို့ တကယ်လို့ ဒီသက်တမ်းပြည့်ချိန် ရွေးကောက်ပွဲ ပြီးချိန်မှာမှ လွှတ်ပေးမယ်ဆိုရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ မစ်စ် ထရီဇာကော့က ပြောပါတယ်။

“တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမယ်ဆိုရင် ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ လိုပါတယ်။” လို့ မစ်စ် ထရီဇာကော့က ပြောသွားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ မြန်မာနိုင်ငံမှာ အမှန်တကယ် လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။


2 comments:

Nay Dun said...

ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ လွဲမှားနေသော အခြားအယူအဆတစ်ရပ် ရှိပါသည်။
ထိုအချက်မှာ ဒေါ်စုကြည်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကျင်းပသည့်အချိန်၌ တားဆီးမိန့်ကို
ခံနေရ၍ ၁၉၉၀ ခု ရွေးကောက်ပွဲတွင် မပါဝင်ခဲ့ရဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ထိုသို့
တားဆီးမိန့် ခံနေရစဉ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒေါ်စုကြည်၏ တောင်းဆိုချက်ကို
ထိုအချိန်က တပ်မတော်အစိုးရက ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် (၁)
တွင် သူမ၏အမည်ကို ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင်စာရင်းသွင်းမှတ်ပုံတင်ခဲ့သည်။
သို့ပါသော်လည်း ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ပြဌာန်းချက်
အချို့ကိုညွှန်း၍ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်စုကြည်အား ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်ကို
လူပုဂ္ဂိုလ်တစ်ဦးချင်းများနှင့် နိုင်ငံရေးပါတီများက ကန့်ကွက်လွှာတင်သွင်းခဲ့ကြသည်။
တရားဥပဒေအရဒေါ်စုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့ခြင်းသည်
ရွေးကောက်ပွဲဥပဒေုကိုဖောက်ဖျက်ဆန့်ကျင်ကြောင်းဖြင့် ကန့်ကွက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင် ရွေးချယ်တင်မြှောက်ခြင်း ခံပိုင်ခွင့်မရှိသူမို့ ၁၉၉၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး ရွေးချယ်ခံနိုင်ခြင်းမရှိခဲ့ပါ။ ၎င်းရွေးချယ်ခံပိုင်ခွင့်မရှိစေရန် ယခင်ဆိုရှယ်လစ်အစိုးရ ကသော်လည်းကောင်း လက်ရှိ စစ်အစိုးရက သော်လည်းကောင်း စည်းမျဉ်း ချမှတ် ပြဌာန်းခဲ့ခြင်းမဟုတ်ပါ။

အထက်တွင် ဖေါ်ပြထားသည့် အတိုင်း ဤစည်းမျဉ်းကို ၁၉၄၇ ခုတွင် အတည်ပြုပြဌာန်း ခဲ့သော ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပိုဒ်တစ်ခု ထည့်သွင်း ရေးသားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်ပါသည်။

ယင်းအပိုဒ်နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းသည် ရွေးချယ်ခံပိုင်ခွင့် ဆိုသည်မှာ "မည်သည့်ပုဂ္ဂိုလ်မဆို နိုင်ငံခြား အင်အားစုတစ်ရပ်ကို သစ္စာစောင့်သိသူ အဖြစ်အသိအမှတ်ပြုခြင်းခံရသူ (သို့မဟုတ်) ထိုအင်အားစု ကိုနာခံသူ၊ သို့တည်းမဟုတ် ထိုနိုင်ငံခြားအင်အားစု၏ လက်အောက်ခံ ပုဂ္ဂိုလ်၊ သို့မဟုတ်နိုင်ငံသား တို့ရရှိခံစားရသည့် တန်းတူအခွင့်အရေးများကို ရပိုင်ခွင့်ရှိသော လက်အောက်ခံပုဂ္ဂိုလ် သို့မဟုတ်နိုင်ငံ သားတို့ ပါဝင် ရွေးချယ်နိုင်ခွင့်မရှိရ" ဟူ၍ ရေးသား ထည့်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ ဤကန့်သတ်ချက်ကို လေးစားလိုက်နာကာ နောက်ပိုင်းရေးဆွဲခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဆက်လက် ထည့်သွင်းပြဌာန်း ခဲ့ကြသည်။

လက်ရှိတပ်မတော်အစိုးရသည် ယခင့်ယခင်က မြန်မာအစိုးရ အဆက်ဆက် များကဲ့သို့ပင် ဤပြဌာန်းချက်ကို စောင့်ထိန်း လိုက်နာမည်သာဖြစ်ပါသည်။ ယခု ထောက်ခံမဲ ၉၂ ရာခိုင်နှုံး ကျော်ဖြင့် ပြည်သူလူထုက အတည်ပြုပေးခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ဤအဆိုပါပြဌာန်းချက်ကို စောင့်သိရိုသေ လိုက်နာသည်ကို တွေ့ ရသည်။

ဤသို့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်မျိုးကို ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအ၀င် နိုင်ငံ အများအပြား တွင် အစိုးရမျာ’းကး (ဥပမာ အိန္ဒိယ) လိုက်နာ ကျင့်သုံးကြသည်။ မည်သည့် အစိုးရမဆို အခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် အင်အားစု တစ်စု၏ လွှမ်းမိုးမှု ခံရဖွယ်ရှိသော ပုဂ္ဂိုလ် တစ်ဦးဦး ကို မိမိအစိုးရတွင် ခန့်ထားခြင်း မပြုလိုသည် မှာ သဘာဝကျပါသည်။ ဤသို့သော အခြေအနေကို ကာကွယ်တားဆီးနိုင်ရန် အတွက် စည်းမျဉ်းများ နှင့် စည်းကမ်းချက်များကို နိုင်ငံအသီးသီးတွင် ရေးဆွဲပြဌာန်းကြသည်။

သို့မှသာလည်း မိမိတို့ နိုင်ငံအသီးသီး ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား အတွက် ကာကွယ်စောင့်ရှောက်မှု တစ်ရပ် အနေဖြင့်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အသုံးချ နိုင်မည်ဖြစ်ပေသည်။

Nay Dun said...

An Act to constitute the Commonwealth of Australia
Reference/Source: http://www.aph.gov.au/Senate/general/constitution/constit.pdf

Disqualification.
44. Any person who–
(i) Is under any acknowledgment of allegiance, obedience, or adherence to a foreign power, or is a subject or a citizen or entitled to the rights or privileges of a subject or a citizen of a foreign power: or

THE CONSTITUTION OF INDIA
Reference/Source:
http://india.gov.in/govt/documents/english/coi_part_full.pdf

102. (1) A person shall be disqualified for being chosen as, and for being, a member of either House of Parliament—

(d) if he is not a citizen of India, or has voluntarily acquired the citizenship of a foreign State, or is under any acknowledgment of allegiance or adherence to a foreign State;

THE CONSTITUTION OF THE UNION OF BURMA (1947)
Reference/Source:
http://www.blc-burma.org/html/Constitution/1947.html

74. (1)Any person who –
(i) is under any acknowledgement of allegiance or adherence to a foreign Power, or is a subject or citizen or entitled to the rights and privileges of a subject or a citizen of a foreign Power; or...

Constitution of the Republic of the
Union of Myanmar (2008)

59. Qualifications of the President and Vice-Presidents are as follows :
(f) shall he himself, one of the parents, the spouse, one of the legitimate children or their spouses not owe allegiance to a foreign power, not be subject of aforeign power or citizen of a foreign country. They shall not be persons entitled to enjoy the rights and privileges of a subject of a foreign government
or citizen of a foreign country;

Source/Reference - http://padauk07.googlepages.com/ConRepubMyanmEng.pdf

Post a Comment

ယခင် သတင်းများ ဖတ်ရန်