နိုင်ငံတကာ ဘောင်မ၀င်တဲ့ သန်းရွှေ ဥပဒေကို ကင်တာနားဆွဲဖြဲလိုက်ပြီ..
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူသည့် ဥပဒေ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် မညီဟု ကင်တာနာပြောMonday, 15 February 2010 19:47 ကိုထွေး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ပြောသည်။
ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်၌ ယနေ့ ညနေ ၃ နာရီမှ ၄ နာရီ အထိ မစ္စတာ ကင်တာနာနှင့် လက်ထောက် ၂ ဦးတို့သည် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
“မြန်မာ ပြည်တွင် ကျင့်သုံးနေသော တရားစီရင်ရေး စနစ်ကို ကျင့်သုံးတဲ့ သူတွေ အနေနဲ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်၊ တရားစီရင်ရာမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေပဲ ပေးနေတယ်၊ တရားရုံး အမိန့်မရှိဘဲနဲ့ ဖမ်းဆီး စစ်ဆေးခံ ချုပ်တဲ့ ရက်အားလုံး ခံစားခွင့်တွေ မရဘူးဆိုတာ ကျနော်တို့က ပြောတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုတွင် အရေးကြီးဆုံးဖြစ်သည့် ဥပဒေပြဿနာကို ပြောဆိုကြောင်း၊ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် တောင်းထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မရသေးကြောင်း၊ အင်းစိန် ထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း မစ္စတာ ကင်တာနာ၏ ပြောကြားချက်ကို ဦးကြည်ဝင်းက ပြန်ပြောပြသည်။
ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံ လူအခွင့်အရေး ချိုးဖောက်မှုကို စိတ်ဝင်တစား အချက်အလက် စုဆောင်းသည့် မစ္စတာကင်တာနာအား ကြိုဆိုကြောင်း၊ ထိုသို့ ချိုးဖောက်မှုများ ရပ်တန့်သွားမည်ဟုလည်း ယုံကြည်ကြောင်း ပြောသည်။
“ကျနော်တို့ သဘောက မကြာခဏကို လာစေချင်ပါတယ်” ဟု သူက ဆက်ပြောသည်။
မစ္စတာကင်တာနာသည် ယနေ့ နံနက် ၉ နာရီတွင် မြန်မာပြည်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံ၌ ၅ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် သူ၏ တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတို့ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက “မစ္စတာ ကင်တာနာကို ကြိုဆိုတယ်၊ ဒါပေမယ့် ချေချေ မြစ်မြစ် ခိုင်ခိုင်မာမာ လုပ်ကိုင်ဆောင်ရွက် ပေးပါ” ဟု ယနေ့ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ကိုဘိုကြည်က “ဒီထဲကို အခုလိုမျိုးရက် ၅ ရက်လောက်သွားရုံနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ နောက် အကျဉ်းထောင်ထဲက အခြေ အနေတွေ တိုးတက်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မစ္စတာ ကင်တာနာ ခရီးစဉ် မတိုင်မီတွင် ထိန်းသိမ်းထားသူ တချို့ကို အမိန့် ချမှတ်နေကြောင်းလည်း ၎င်းက ဆိုသည်။
ရွှေတိဂုံစေတီတွင် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသည့် ဒေါ်နော်အုန်းလှကို နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ယနေ့တွင် ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူများက ဆိုသည်။
“ထိန်းသိမ်းထားတဲ့သူတွေကိုလည်း ရပ်ဝေး ထောင်တွေကို ပို့နေတာကို တွေ့ရတယ်၊ အဲဒီလို ရွှေ့လိုက်တဲ့ အခါမှာ တချို့ လူတွေ က မစ္စတာ ကင်တာနာနဲ့ တွေ့သင့် တွေ့ထိုက်တဲ့ လူမျိုးတွေဖြစ်တယ်၊ ဒီလိုလူမျိုးတွေကို တွေ့ခွင့်မရအောင်လို့ နယ်ထောင် တွေကိုရွှေ့နေတာဖြစ်တယ်” ဟု ကိုဘိုကြည်က ပြောသည်။
ညီညီအောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်မှ ပြည်မြို့ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ၎င်း၏ အဒေါ် ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ ဖမ်းဆီးထိန်းသိမ်းကာ တောင်ကြီး အကျဉ်းထောင်တွင် အကျဉ်းကျခံနေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးဟန်ကိုလည်း ကျိုင်းတုံ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဇနီးဖြစ်သူ မသူဇာက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၉၅ ဦးရှိကြောင်း AAPP စာရင်းအရ သိရသည်။
Monday, February 15, 2010
သန်းရွှေရယ်...မင်းငယ်ပါသေးတယ်..ဟဲဟဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment