Monday, February 8, 2010

ရုံးမတက်ဘဲ လခကောင်းတဲ့ ဒေါ်လာစား လောက်ကောင်များ

08/02/2010
မြန်မာသံရုံးမှာ တာဝန်ကျပြီး ရုံးမတက်တဲ့အာဏာရှင်ရဲ့ သမီးများစင်္ကာပူ မြန်မာသံရုံးက နေပြည်တော်ကို ပေးပို့တဲ့ သံရုံးဝန်ထမ်းများ
စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦး အမည်ကို တရားဝင်ဖော်ပြထားပေမယ့် ဖုန်းနံပါတ်နဲ့ နေအိမ်လိပ်စာတည့်သွင်းမထားတာ
တွေ့ရပါတယ်၊၊စင်္ကာပူ မြန်မာသံရုံးက ထုတ်ပြန်တဲ့သံရုံးဝန်ထမ်းများစာရင်းကို အာအက်ဖ်အေက ဖတ်ရှုခွင့်ရခဲ့ရာမှာ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးများဖြစ်တဲ့ ဒေါ်အေးအေးသစ်ရွှေနဲ့ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးအမည်ကို သံမှူး Counsellor အဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။

စင်္ကာပူ မြန်မာသံရုံး ဝန်ထမ်းစာရင်းမှာ ဝန်ထမ်း ၁၄ ဦးအနက် စင်္ကာပူနေအိမ်လိပ်စာ ဖော်ပြမထားတာဆိုလို့ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးသာ ရှိတာ တွေ့ရပါတယ်။ တခြား ဝန်ထမ်းတွေအားလုံးနေအိမ်ဖုန်းနံပတ်နဲ့ လက်ကိုင်ဖုန်းနံပါတ်တွေ ထည့်ပေးထားပေမယ့်ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးနှစ်ဦး အမည်နောက်မှာ နေအိမ်ဖုန်းနံပါတ်နဲ့ လက်ကိုင်ဖုန်းနံပါတ်တွေ ထည့်ထားတာ မတွေ့ရပါဘူး။

သူတို့နှစ်ဦးကို စင်္ကာပူမြန်မာသံရုံးမှာ သံမှူးအဖြစ် တာဝန်ပြထားပေမယ့်လူက နေပြည်တော်မှာသာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေဖြစ်နေတဲ့အတွက် ရုံးမတက်ဘဲ နေပြည်တော်နေအိမ်မှာ နေထိုင်နေပြီးနိုင်ငံခြားငွေနဲ့ သံမှူးလစာ ထုတ်နေသူတွေ ဖြစ်တယ်လို့ သံတမန်တဦးကပြောပါတယ်။

စင်္ကာပူသံရုံးမှာ ရုံးမတက်ဘဲ နေပြည်တော်အိမ်မှာ နေတဲ့ ပထမအတွင်းဝန်ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးလုံးကို ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်နေ့က စပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့်ပေးခဲ့တဲ့အတွက် သံတမန်တွေအကြား မကျေမနပ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်၊၊

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးဟာ နေပြည်တော်မှာလည်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ရုံးမတက်ဘဲ အိမ်မှာသာ နေလေ့ရှိတယ်လို့သိရပါတယ်။ အစည်းအဝေးရှိတဲ့ နေ့မျိုးမှာ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်လာရောက်အကြောင်းကြားမှ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်ကပြောပါတယ်။

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ်အီးယူက ဒဏ်ခတ်ပြီး နာမည်ပျက်စာရင်း သွင်းထားတဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင် စာရင်းမှာလည်း ပါဝင်နေပါတယ်၊၊


RFA

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်