မြစ်ဆုံကြောင့် ရွာများ ပြောင်းရွှေ့ရန် ပြင်ဆင်နေ
ဆလိုင်း ဟံသာစန်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မေခ-မေလိခ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် အနီးဝန်းကျင်ရှိ ကျေးရွာ ၆၀ ခန့် ပြောင်းရွှေ့ရန် အာဏာ ပိုင်များက ပြင်ဆင်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက ပြောသည်။
ရွာသားပေါင်း တသောင်းကျော် ပြောင်းရွှေ့နေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် နေအိမ်တန်းလျားများကို အေးရှားဝေါလ် ကုမ္ပဏီ က ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ကျေးရွာများကိုညွှန်ကြားထားကြောင်း ကချင်ဖွံ့ဖြိုးတိုးတက် ရေး ကွန်ယက် KDNG က ဆိုသည်။
“အိမ်ဆောက်နေတာ အလုံး ၁၀၀ နီးပါး ပြီးသွားပြီလို့ သိရတယ်။ ဒေသခံတွေကိုလည်း မကြာခင်မှာ ရွှေ့ပြောင်းရမယ်လို့ နအဖက အကြောင်းကြားထားပြီးပြီ” ဟု KDNG ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္ဈိမကို ပြောသည်။
စီမံကိန်းအတွက် အေးရှားဝေါလ်က ၂၀၀၉ ဒီဇင်ဘာ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက် ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့ နေထိုင်ရန်အတွက် မြစ်ကြီးနားမြို့ အထက် မိုင် ၂၀ ကျော်အကွာရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်နေခြင်း ဖြစ်သည်။
အဆိုပါ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် ရေကာတာစီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
ထို့ပြင် တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် ပူးတွဲတာဝန်ယူသည့် အေးရှားဝေါလ်က တန်ဖဲရွာအနီး အင်ခိုင်လွမ် တောင်ကြောတွင် ကွန်ကရစ်လမ်းများ၊ မြစ်ကြီးနားအထက် ၁၃ မိုင် အကွာရှိ အုဗြစ်ရွာအနီးတွင် အကြီးစား ဘိလပ်မြေဖျော် စက်များ လည်း တည်ဆောက်နေသည်။
ရေကာတာ တည်ဆောက်ရေးအတွက် တရုတ်နှစ်သစ်ကူး နောက်ပိုင်း တရုတ်နိုင်ငံမှ ကျွမ်းကျင် လုပ်သားများ၊ အင်ဂျင်နီယာများ ထောင်နှင့်ချီ၍ ရောက်ရှိလာဖွယ်ရှိကြောင်း ကိုအောင်ဝါက ခန့်မှန်း ပြောဆိုသည်။
“ဒီစီမံကိန်းက ဒေသခံလူထုတွေ ဒုက္ခရောက်တယ်၊ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးတယ်။ တာကျိုးရင် ရေလွှမ်းခံရမယ့် အန္တရာယ် က လည်း ရှိသေးတယ်။ ပျက်စီးမယ့် ပမာဏက အရမ်းကြောက်ဖို့ ကောင်းတယ်” ဟု သူက ဆက်ပြောသည်။
ရေကာတာကျိုးပါက အောက်ဘက် ၂၇ မိုင်ခန့်အကွာရှိ မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့် မြစ်ကြီးနားအကြား ရွာ ၂၀ ခန့် ရေလွှမ်းခံရနိုင် ကြောင်း ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှားသူများက ခန့်မှန်းသည်။
ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကချင် လွတ်မြောက်ရေး အဖွဲ့ -KIO အပါအဝင် ပြည်ပရောက် ကချင်များက ဆန့်ကျင်လျက်ရှိသည်။
“မြစ်ဆုံရေကာတာက ကျနော်တို့ ဟိုးလွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက ကန့်ကွက်ခဲ့တာပါ။ ကြာပါပြီ။ သက်ဆိုင်ရာ အာဏာပိုင် တွေဆီကို ဗဟိုကော်မတီက စာတွေလည်း ပို့ခဲ့ပါတယ်။ အခုလည်း ကန့်ကွက်ဆဲပါ” ဟု KIO မှ ဒေသဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် ယခုလ ၅ ရက်နေ့က ကျရောက်ခဲ့သည့် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ယခုစီမံကိန်းမှ ရေအားလျှပ်စစ် ၃၆၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မေခမြစ်တွင် တာ ၅ ခုနှင့် မလိခမြစ်တွင် တာ ၂ ခုဖြင့် ရေပိတ် ကာ လျှပ်စစ်ဓာတ် ထုတ်ယူမည်။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် CPI ကော်ပိုရေး ရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကျန် စီမံကိန်း ၆ ခုမှာ ချီဗွေ (၂ဝဝဝ မီဂါဝပ်)၊ ပါရှီး (၁၆ဝဝ)၊ လာကင် (၁၄ဝဝ)၊ ဖီဇော (၁၅ဝဝ)၊ ခေါင်ဂလန်ဖူ (၁၇ဝဝ)နှင့် လိုင်ဇာ (၁၅၆ဝ) တို့ ဖြစ်သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည်နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေး နိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် ကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာတဝှမ်း ဆည်ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း ၄ဝ မှ ၈ဝ အထိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရကြောင်း ကမ္ဘာ့ဆည်များ ကော်မ ရှင် (World Commission on Dams) အဖွဲ့က ခန့်မှန်း တွက်ချက်ထားသည်။
ဟိမဝန္တာတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်ကာ ၁၄၅ဝ မိုင်ခန့် ရှည်လျားသည်။ မြစ်အတွင်း မျိုးတုန်း ပျောက်ကွယ် လုနီးဖြစ်နေသည့် ဧရာဝတီလင်းပိုင်များ ကျက်စားသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4768-2010-02-10-12-25-35.html
Wednesday, February 10, 2010
ဘိုးဘွားပိုင်မြေကနေ ခွေးလို အမောင်းခံနေရပြီ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment